သို့မဟုတ် ငါးကိုတောင်းသောအခါ မြွေကိုပေးမည်နည်း။
ငါးကိုတောင်းလျှင်မြွေကိုပေးမည့်သူတစ်စုံ တစ်ယောက်ရှိပါသလော။-
ငါး တောင်း လျှင် မြွေ ပေး မည့် သူ ရှိ သ လော၊
ငါးကို တောင်းလျှင် မြွေကိုပေးမည်သူ တစ်စုံတစ်ယောက်မျှ သင်တို့တွင် ရှိသလော။-
ငါးကို တောင်းလျှင် မြွေကို ပေးမည်လော။ ထိုသို့ ပေးမည်မဟုတ်။
သင်တို့သည် မကောင်းသောသူများဖြစ်ကြလျက်ပင် မိမိတို့၏သားသမီးများအား ကောင်းသောလက်ဆောင်များပေးရမည်ကို သိကြလျှင် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့၏အဖသည် မိမိထံတောင်းလျှောက်သောသူများအား ကောင်းသည့်အရာများကို သာ၍ပင်ပေးတော်မူမည်မဟုတ်လော။
သင်တို့တွင် မည်သူသည် မိမိ၏သားက မုန့်ကိုတောင်းသောအခါ ကျောက်ခဲကိုပေးမည်နည်း၊
မောရှေသည် တောကန္တာရ၌ မြွေကိုမြှောက်ထားသကဲ့သို့ လူ့သားသည်လည်း သူ့ကိုယုံကြည်သောသူတိုင်း ထာဝရအသက်ကိုရရှိရန် မြှောက်ထားခြင်းခံရမည်။
သို့သော် မြွေသည် မိမိ၏ပရိယာယ်အားဖြင့် ဧဝကိုလှည့်ဖြားသကဲ့သို့ အကြောင်းတစ်စုံတစ်ခုကြောင့် သင်တို့၏စိတ်နှလုံးသည် ခရစ်တော်အပေါ်၌ထားရှိသော ရိုးသားဖြူစင်ခြင်းမှသွေဖည်သွားမည်ကို ငါစိုးရိမ်၏။