ဆိုးယုတ်သောသူတို့သည် မြက်ပင်ကဲ့သို့ ပွင့်လန်းဝေဆာ၍ အပြစ်ဒုစရိုက်ပြုသောသူ အပေါင်းတို့သည် ရှင်သန်ကြခြင်းမှာ ထာဝရဖျက်ဆီးခြင်းခံရရန်အတွက်ဖြစ်၏။
မဿဲ 6:30 - မြန်မာ့စံမီသမ္မာကျမ်း ယုံကြည်ခြင်းအားနည်းသောသူတို့၊ ယနေ့ရှင်သန်လျက်ရှိသော်လည်း မနက်ဖြန်မီးဖိုထဲသို့ပစ်ချခံရမည့် တောမြက်ပင်ကိုပင် ဘုရားသခင်သည် ဤမျှလောက်ဆင်ယင်ပေးတော်မူလျှင် သင်တို့ကို ပို၍ကောင်းစွာဆင်ယင်ပေးတော်မူလိမ့်မည်မဟုတ်လော။ Common Language Bible ဘုရားသခင်အပေါ်ယုံကြည်ကိုးစားမှုနည်း သူတို့၊ ယနေ့တောထဲတွင်ရှိ၍နက်ဖြန်မီးထဲသို့ ရောက်ရသောတောမြက်မျိုးကိုဘုရားသခင်သည် ဤသို့ဆင်ယင်ပေးပါလျှင်သင်တို့အားထိုထက် မကဆင်ယင်ပေးတော်မူမည်မဟုတ်လော။ Garrad Bible ယုံ ကြည် ခြင်း နည်း ပါး သူ တို့၊ ယ နေ့ ရှိ၍ နက် ဖြန် မီး ဖို ထဲ သို့ ရောက် သော တော ပင် ကို ဘု ရား သ ခင် သည် ထို သို့ ဆင် ယင် တော် မူ လျှင် သင် တို့ ကို သာ၍ ဆင် ယင် တော် မူ မည် မ ဟုတ် လော။ Judson Bible ယုံကြည်အားနည်းသော သူတို့၊ ယနေ့ အသက်ရှင်လျက် နက်ဖြန် မီးဖိုထဲသို့ရောက်သော တောမြက်ပင်ကို ဘုရားသခင်သည် ထိုသို့သောအဝတ်နှင့် ဖုံးလွှမ်းတော်မူလျှင်၊ ထိုမျှမက သင်တို့ကိုအဝတ်နှင့် ဖုံးလွှမ်းတော်မူမည် မဟုတ်လော။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယုံကြည်ခြင်းအားနည်းသောသူတို့… ယနေ့ရှင်သန်၍ မနက်ဖြန်မီးဖိုထဲသို့ ပစ်ချခံရသည့် တောပန်းပင်ကို ဘုရားသခင်သည် ထိုမျှဆင်မြန်းတော်မူလျှင် သင်တို့ကို သာ၍ ဆင်မြန်းတော်မူမည်မဟုတ်လော။ မြန်မာ ယုံကြည်အားနည်းသော သူတို့၊ ယနေ့ အသက်ရှင်လျက် နက်ဖြန် မီးဖိုထဲသို့ရောက်သော တောမြက်ပင်ကို ဘုရားသခင်သည် ထိုသို့သောအဝတ်နှင့် ဖုံးလွှမ်းတော်မူလျှင်၊ ထိုမျှမက သင်တို့ကိုအဝတ်နှင့် ဖုံးလွှမ်းတော်မူမည် မဟုတ်လော။- |
ဆိုးယုတ်သောသူတို့သည် မြက်ပင်ကဲ့သို့ ပွင့်လန်းဝေဆာ၍ အပြစ်ဒုစရိုက်ပြုသောသူ အပေါင်းတို့သည် ရှင်သန်ကြခြင်းမှာ ထာဝရဖျက်ဆီးခြင်းခံရရန်အတွက်ဖြစ်၏။
ထိုအခါ ယေရှုသည် ချက်ချင်းလက်တော်ကိုဆန့်၍ သူ့ကိုကိုင်ဆွဲကာ“ယုံကြည်ခြင်းအားနည်းသောသူ၊ အဘယ်ကြောင့် သံသယဖြစ်သနည်း”ဟု မိန့်တော်မူ၏။
ထိုသို့ပြောဆိုကြသည်ကို ယေရှုသိတော်မူလျှင်“ယုံကြည်ခြင်းအားနည်းသောသူတို့၊ သင်တို့၌မုန့်မပါကြောင်းကို အဘယ်ကြောင့် အချင်းချင်းအချေအတင်ပြောဆိုကြသနည်း။
ယေရှုကလည်း“အို ယုံကြည်ခြင်းမရှိ ဖောက်ပြန်လမ်းလွဲသောမျိုးဆက်၊ ငါသည် သင်တို့နှင့်အတူ မည်မျှကြာအောင်နေရမည်နည်း။ သင်တို့ကို မည်မျှကြာအောင်သည်းခံရမည်နည်း။ သူငယ်ကို ငါ့ထံ ဤနေရာသို့ခေါ်ခဲ့ကြလော့”ဟု မိန့်တော်မူ၏။
ထိုအခါ ကိုယ်တော်က“ယုံကြည်ခြင်းအားနည်းသောသူတို့၊ အဘယ်ကြောင့် ကြောက်တတ်သနည်း”ဟု မိန့်တော်မူပြီးလျှင် ထ၍ လေနှင့်ပင်လယ်တို့ကို ဆုံးမတော်မူရာ အလွန်ငြိမ်သက်သာယာသွားလေ၏။
ထို့နောက် ကိုယ်တော်က“အဘယ်ကြောင့် ကြောက်တတ်သနည်း။ ယခုထိ ယုံကြည်ခြင်းမရှိကြသေးသလော”ဟု သူတို့အား မိန့်တော်မူ၏။
ကိုယ်တော်ကလည်း“အို ယုံကြည်ခြင်းမရှိသောမျိုးဆက်၊ ငါသည် သင်တို့နှင့်အတူ မည်မျှကြာအောင်နေရမည်နည်း။ သင်တို့ကို မည်မျှကြာအောင်သည်းခံရမည်နည်း။ သူ့ကိုငါ့ထံသို့ခေါ်ခဲ့ကြလော့”ဟု မိန့်တော်မူ၏။
ယုံကြည်ခြင်းအားနည်းသောသူတို့၊ ယနေ့ရှင်သန်လျက်ရှိသော်လည်း မနက်ဖြန်မီးဖိုထဲသို့ပစ်ချခံရမည့် တောမြက်ပင်ကိုပင် ဘုရားသခင်သည် ဤမျှလောက်ဆင်ယင်ပေးတော်မူလျှင် သင်တို့ကို မည်မျှပို၍ဆင်ယင်ပေးတော်မူလိမ့်မည်နည်း။
ယေရှုကလည်း“အို ယုံကြည်ခြင်းမရှိ၊ ဖောက်ပြန်လမ်းလွဲသောမျိုးဆက်၊ ငါသည် သင်တို့နှင့်အတူ မည်မျှကြာအောင်နေ၍ သင်တို့ကိုသည်းခံရမည်နည်း။ သင်၏သားကို ဤနေရာသို့ခေါ်ခဲ့လော့”ဟု မိန့်တော်မူ၏။
ထို့နောက် သောမအား“သင်၏လက်ညှိုးဖြင့် ဤနေရာကိုတို့၍ ငါ့လက်ကိုကြည့်လော့။ သင်၏လက်ကိုလည်း ဆန့်၍ ငါ့နံဘေးထဲသို့ထိုးသွင်းလော့။ မယုံကြည်သောသူမဟုတ်ဘဲ ယုံကြည်သောသူဖြစ်လော့”ဟု မိန့်တော်မူ၏။
ညီအစ်ကိုတို့၊ သင်တို့တွင် မယုံကြည်တတ်သောဆိုးညစ်သည့်စိတ်နှလုံးရှိသဖြင့် အသက်ရှင်သောဘုရားသခင်ထံတော်မှ ထွက်ခွာသွားမည့်သူတစ်စုံတစ်ဦးမျှမရှိစေရန် သတိပြုကြလော့။
အဘယ်ကြောင့်ဆိုသော် လူအပေါင်းတို့သည် မြက်ပင်ကဲ့သို့ဖြစ်၍ သူတို့၏ဘုန်းအသရေရှိသမျှသည်လည်း မြက်ပွင့်ကဲ့သို့ဖြစ်၏။ မြက်ပင်သည် ညှိုးနွမ်းခြောက်သွေ့သွား၍ အပွင့်သည်လည်း ကြွေတတ်၏။