သူသည် ငြင်းခုံခြင်းနှင့်အော်ဟစ်ခြင်းကိုပြုမည်မဟုတ်။ သူ၏အသံကိုလည်း လမ်းမပေါ်၌ မည်သူမျှ ကြားရမည်မဟုတ်။
မဿဲ 6:3 - မြန်မာ့စံမီသမ္မာကျမ်း သင်မူကား ပေးကမ်းစွန့်ကြဲသောအခါ သင်၏ပေးကမ်းစွန့်ကြဲခြင်းသည် မထင်ရှားမည့်အကြောင်း သင်၏လက်ယာလက်ပြုသည့်အရာကို သင်၏လက်ဝဲလက်အားမသိစေနှင့်။ Common Language Bible သင်သည်လှူဒါန်းသောအခါမထင်မရှားပြုလော့။- Garrad Bible သင် မူ ကား လှူ ဒါန်း သည့် ကာ လ ယာ လက် ပြု သည့် အ မှု ကို ဝဲ လက် မျှ မ သိ စေ နှင့်။ Judson Bible သင်သည် အလှူဒါနကိုပေးသောအခါ ပေးကြောင်းကို မထင်ရှားစေခြင်းငှာ၊ လက်ယာလက် ပြုသည်အမှုကို လက်ဝဲလက်မျှ မသိစေနှင့်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် သင်သည် အလှူအတန်းပြုသောအခါ လှူဒါန်းကြောင်းကို မထင်ရှားစေနှင့်။ လက်ယာလက် ပြုသောအရာကို လက်ဝဲလက်ပင် မသိစေနှင့်။ မြန်မာ သင်သည် အလှူဒါနကိုပေးသောအခါ ပေးကြောင်းကို မထင်ရှားစေခြင်းငှာ၊ လက်ယာလက် ပြုသည်အမှုကို လက်ဝဲလက်မျှ မသိစေနှင့်။- |
သူသည် ငြင်းခုံခြင်းနှင့်အော်ဟစ်ခြင်းကိုပြုမည်မဟုတ်။ သူ၏အသံကိုလည်း လမ်းမပေါ်၌ မည်သူမျှ ကြားရမည်မဟုတ်။
ထို့ကြောင့် သင်သည် ပေးကမ်းစွန့်ကြဲသောအခါ သူတော်ကောင်းယောင်ဆောင်သောသူတို့သည် လူတို့၏ချီးမွမ်းခြင်းကိုခံရရန်အတွက် ဝတ်ပြုစည်းဝေးကျောင်းများနှင့် လမ်းကြားများတွင် ပြုတတ်ကြသကဲ့သို့ မိမိ၏ရှေ့၌တံပိုးကိုမမှုတ်စေနှင့်။ သင်တို့အား ငါအမှန်ဆိုမည်။ သူတို့သည် မိမိတို့၏အကျိုးကျေးဇူးကိုရကြလေပြီ။
ထိုအခါ မထင်ရှားသောအရာကိုမြင်တော်မူသော သင်၏အဖသည် သင့်အား ဆုလာဘ်ကိုပေးတော်မူလိမ့်မည်။
ထိုအခါ ယေရှုက“မည်သူ့ကိုမျှမပြောရန် သတိပြုလော့။ ယဇ်ပုရောဟိတ်ထံသို့သာသွား၍ သင့်ကိုယ်သင်ပြပြီးလျှင် လူတို့ရှေ့၌သက်သေဖြစ်စေရန် မောရှေပညတ်ခဲ့သည့်အတိုင်း ပူဇော်သက္ကာကို ဆက်သလော့”ဟု ထိုသူအား မိန့်တော်မူ၏။
သူတို့သည် မျက်စိမြင်လာလေ၏။ ယေရှုကလည်း“မည်သူမျှမသိစေရန် သတိပြုကြလော့”ဟု သူတို့အား တင်းကျပ်စွာမှာကြားတော်မူ၏။
မိမိကိုယ်ကိုထင်ပေါ်ကျော်စောစေလို၍ တစ်စုံတစ်ခုကို လျှို့ဝှက်စွာပြုသောသူမရှိ။ သင်သည် ဤအမှုအရာများကိုပြုသည်ဆိုလျှင် ဤလောက၌ သင့်ကိုယ်သင်ထင်ရှားစေပါ”ဟု ဆိုကြ၏။