အဆိုးကို အကောင်း၊ အကောင်းကို အဆိုးဟု ဆိုတတ်သောသူ၊ အလင်းကို အမှောင်၊ အမှောင်ကို အလင်း ဖြစ်စေသောသူ၊ အခါးကို အချို၊ အချိုကို အခါး ဖြစ်စေသောသူတို့သည် အမင်္ဂလာရှိကြ၏။
မဿဲ 6:22 - မြန်မာ့စံမီသမ္မာကျမ်း မျက်စိသည် ကိုယ်ခန္ဓာ၏ဆီမီးဖြစ်၏။ ထို့ကြောင့် သင်၏မျက်စိကောင်းလျှင် သင်၏ကိုယ်ခန္ဓာတစ်ခုလုံးတောက်ပနေလိမ့်မည်။ Common Language Bible ``မျက်စိသည်ကိုယ်ခန္ဓာ၏ဆီမီးသဖွယ်ဖြစ်၏။ မျက်စိကြည်လင်လျှင်သင်တို့၏ကိုယ်ခန္ဓာတစ်ခု လုံးလင်းလိမ့်မည်။- Garrad Bible မျက် စိ သည် ကိုယ် ခ န္ဓာ၏ မီး ရှုး သ ဖွယ် ဖြစ် သည် နှင့် အ ညီ သင့် မျက် စိ ကောင်း လျှင် တစ် ကိုယ် လုံး အ လင်း နှင့် ပြည့် လိမ့် မည်။ Judson Bible မျက်စိကား ကိုယ်၏ ဆီမီးဖြစ်၏။ ထိုကြောင့် မျက်စိကြည်လင်လျှင် တစ်ကိုယ်လုံးလင်းလိမ့်မည်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း မျက်စိသည် ကိုယ်ခန္ဓာ၏ မီးအိမ်ဖြစ်၏။ ထို့ကြောင့် သင်၏ မျက်စိ ကောင်းမွန်လျှင် သင်၏ ကိုယ်ခန္ဓာတစ်ခုလုံး လင်းလိမ့်မည်။ မြန်မာ မျက်စိကား ကိုယ်၏ ဆီမီးဖြစ်၏။ ထိုကြောင့် မျက်စိကြည်လင်လျှင် တစ်ကိုယ်လုံးလင်းလိမ့်မည်။- |
အဆိုးကို အကောင်း၊ အကောင်းကို အဆိုးဟု ဆိုတတ်သောသူ၊ အလင်းကို အမှောင်၊ အမှောင်ကို အလင်း ဖြစ်စေသောသူ၊ အခါးကို အချို၊ အချိုကို အခါး ဖြစ်စေသောသူတို့သည် အမင်္ဂလာရှိကြ၏။
ဆီမီးကိုထွန်း၍ တောင်းအောက်၌ထားလေ့မရှိ။ ဆီမီးခုံပေါ်၌သာ ထားကြသဖြင့် ၎င်းသည် အိမ်၌ရှိသောသူအပေါင်းတို့ကို ထွန်းလင်းပေး၏။
သူတို့သည် နေ့တိုင်း တညီတညွတ်တည်းဖြင့် ဗိမာန်တော်၌ အစဉ်တစိုက်စုဝေးကြ၍ တစ်အိမ်ပြီးတစ်အိမ်မုန့်ဖဲ့ခြင်းအမှုကိုပြုလျက် စေတနာစိတ်နှင့်ရွှင်မြူးသောစိတ်တို့ဖြင့် အစားအစာကို ဝေမျှစားသောက်ကြကာ
သို့သော် မြွေသည် မိမိ၏ပရိယာယ်အားဖြင့် ဧဝကိုလှည့်ဖြားသကဲ့သို့ အကြောင်းတစ်စုံတစ်ခုကြောင့် သင်တို့၏စိတ်နှလုံးသည် ခရစ်တော်အပေါ်၌ထားရှိသော ရိုးသားဖြူစင်ခြင်းမှသွေဖည်သွားမည်ကို ငါစိုးရိမ်၏။
ကျွန်ဖြစ်သူတို့၊ ခရစ်တော်ကိုနာခံသကဲ့သို့ ကြောက်ရွံ့တုန်လှုပ်လျက် ရိုးသားသောစိတ်နှလုံးဖြင့် သင်တို့၏လောကီသခင်များကို နာခံကြလော့။
ကျွန်ဖြစ်သူတို့၊ သင်တို့၏လောကီသခင်များကို အရာရာ၌ နာခံကြလော့။ မျက်နှာလိုမျက်နှာရလုပ်သူများကဲ့သို့ မျက်မှောက်၌သာ လုပ်ဆောင်ခြင်းမျိုးမဟုတ်ဘဲ သခင်ဘုရားကိုကြောက်ရွံ့လျက် ရိုးသားသောစိတ်နှလုံးဖြင့် နာခံကြလော့။