သင်တို့တစ်ဦးစီသည် မိမိညီအစ်ကိုကို စိတ်နှလုံးထဲမှခွင့်မလွှတ်လျှင်ကောင်းကင်ဘုံရှင် ငါ့ခမည်းတော်သည်လည်း သင်တို့ကို ထိုနည်းတူပြုတော်မူလိမ့်မည်”ဟု မိန့်တော်မူ၏။
မဿဲ 6:15 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် သင်တို့သည် သူတစ်ပါးကိုခွင့်မလွှတ်လျှင် သင်တို့အဖသည်လည်း သင်တို့ကျူးလွန်သောအပြစ်များကို ခွင့်လွှတ်တော်မူမည်မဟုတ်။ Common Language Bible သို့ရာတွင်သင်တို့သည်သူတစ်ပါးတို့ပြစ်မှား သည့်အပြစ်များကိုမဖြေမလွှတ်ကြလျှင်မူ ကား သင်တို့အဖသည်လည်းသင်တို့၏အပြစ် များကိုဖြေလွှတ်တော်မူလိမ့်မည်မဟုတ်။ Garrad Bible သူ တစ် ထူး တို့ ကျူး လွန် မှု များ ကို မ ဖြေ လွှတ် ကြ လျှင် မူ ကား၊ သင် တို့ ကျူး လွန် မှု များ ကို သင် တို့ အ ဘ ဖြေ လွှတ် တော် မူ မည် မ ဟုတ်။ Judson Bible သင်တို့သည် သူတစ်ပါးတို့၏အပြစ်ကို မလွှတ်လျှင်၊ သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မမူ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် သင်တို့သည် တစ်ပါးသူကို ခွင့်မလွှတ်လျှင် သင်တို့၏ အဖသည် သင်တို့၏ အပြစ်များကို ခွင့်လွှတ်တော်မူမည်မဟုတ်။ မြန်မာ သင်တို့သည် သူတစ်ပါးတို့၏အပြစ်ကို မလွှတ်လျှင်၊ သင်တို့အဘသည် သင်တို့၏အပြစ်ကို လွှတ်တော်မမူ။- |
သင်တို့တစ်ဦးစီသည် မိမိညီအစ်ကိုကို စိတ်နှလုံးထဲမှခွင့်မလွှတ်လျှင်ကောင်းကင်ဘုံရှင် ငါ့ခမည်းတော်သည်လည်း သင်တို့ကို ထိုနည်းတူပြုတော်မူလိမ့်မည်”ဟု မိန့်တော်မူ၏။
သနားကြင်နာတတ်သောသူတို့သည် မင်္ဂလာရှိကြ၏။ အကြောင်းမူကား သူတို့သည် သနားကြင်နာခြင်းကိုခံရကြလိမ့်မည်။
သင်တို့သည် သူတစ်ပါးကျူးလွန်သောအပြစ်များကို ခွင့်လွှတ်လျှင် ကောင်းကင်ဘုံရှင် သင်တို့အဖသည်လည်း သင်တို့ကို ခွင့်လွှတ်တော်မူလိမ့်မည်။
[သို့သော် သင်တို့ခွင့်မလွှတ်လျှင် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဖသည်လည်း သင်တို့ကျူးလွန်သောအပြစ်များကို ခွင့်လွှတ်တော်မူမည်မဟုတ်]”ဟု မိန့်တော်မူ၏။