‘မိမိမယားကိုကွာရှင်းသောသူသည် ထိုမယားအား ဖြတ်စာကိုပေးစေ’ ဟုလည်း ပြောထား၏။
``မိမိ၏မယားနှင့်ကွာရှင်းလိုသူသည်ဖြတ်စာ ကိုပေးအပ်ရမည်ဟုဆိုရိုးစကားရှိ၏။-
မည် သူ မ ဆို မ ယား ကွာ လျှင် ဖြတ် စာ ပေး စေ ဟူ သော ဆင့် ဆို ချက် လည်း ရှိ၏။
တစ်ဖန်တုံ၊ မယားနှင့်ကွာလိုလျှင် ဖြတ်စာကို အပ်ပေးစေဟူသော ပညတ်စကားရှိပြီ။-
‘မိမိဇနီးမယားကို ကွာရှင်းလိုသူသည် ကွာရှင်းစာချုပ်ကို ပေးရမည်’ ဟု ပညတ်ကျမ်းတွင် ဖော်ပြထားသည်ကို သင်တို့ ကြားရပြီ။
ယောက်ျားသည် မိမိမယားကို ကွာရှင်း၍ ထိုမယားသည် ယောက်ျားထံမှထွက်သွားပြီး အခြားယောက်ျား၏မယားဖြစ်ပြီးမှ ပထမယောက်ျားသည် ထိုမယားနှင့်ပြန်ပေါင်းမည်လော။ ထိုသို့ပြုလျှင် ပြည်ကို အလွန်ညစ်ညူးစေရာရောက်သည်မဟုတ်လော။ သင်သည်လည်း ချစ်နှစ်သက်သူများစွာနှင့် ဖောက်ပြန်မှားယွင်းပြီးမှ ငါ့ထံသို့ပြန်လာပါသည်တကား”ဟု ထာဝရဘုရားမိန့်တော်မူ၏။
“မိမိမယားနှင့်ကွာရှင်းသောသူ၊ ရက်စက်ကြမ်းကြုတ်မှုကို ဝတ်လုံနှင့်ဖုံးကွယ်သောသူအား အစ္စရေးလူမျိုးတို့၏ဘုရားသခင်ထာဝရဘုရား မုန်းတော်မူ၏။ သို့ဖြစ်၍ ကိုယ့်စိတ်ကို ထိန်း၍ သစ္စာမဖောက်ကြနှင့်”ဟု ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။
ထိုအခါ ဖာရိရှဲအချို့တို့သည် ကိုယ်တော်ကိုစမ်းသပ်လိုသဖြင့် အထံတော်သို့ချဉ်းကပ်လာ၍ “လူသည် မည်သည့်အကြောင်းကြောင့်မဆို မိမိမယားကို ကွာရှင်းခြင်းသည် တရားတော်နှင့်ညီသလော”ဟု မေးလျှောက်ကြ၏။
ဖာရိရှဲတို့က “သို့ဖြစ်လျှင် ဖြတ်စာကိုပေး၍ မယားကိုကွာရှင်းရန် အဘယ်ကြောင့် မောရှေသည် ပညတ်ခဲ့သနည်း”ဟု မေးလျှောက်ကြ၏။