သူတို့သည် တောကန္တာရ၌ အလိုဆန္ဒပြင်းပြကြ၍ ကန္တာရမြေ၌ ဘုရားသခင်ကိုစမ်းသပ်ခဲ့ကြ၏။
မဿဲ 4:7 - မြန်မာ့စံမီသမ္မာကျမ်း ယေရှုကလည်း“ ‘သင်၏ဘုရားသခင်ထာဝရဘုရားကို အကဲမစမ်းရ’ဟူ၍လည်း ကျမ်းစာ၌ရေးထားသည်”ဟု မိန့်တော်မူ၏။ Common Language Bible သခင်ယေရှုကလည်း ``သင်၏ဘုရားသခင် ထာဝရဘုရားကိုအစုံအစမ်းမပြုရဟူ ၍လည်းကျမ်းစာတော်တွင်ပါရှိ၏'' ဟုမိန့် တော်မူ၏။ Garrad Bible ယေ ရှု က သင်၏ ဘု ရား သ ခင် ထာ ဝ ရ ဘု ရား ကို အ စုံ အ စမ်း မ ပြု ရ ဟူ သော ကျမ်း ချက် ရှိ ပြန် သည် ဟု မိန့် တော် မူ၏။ Judson Bible ယေရှုကလည်း သင်၏ဘုရားသခင် ထာဝရဘုရားကို သင်သည် အစုံအစမ်းမပြုရဟု ကျမ်းစာလာပြန်သည်ဟု မိန့်တော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “ကျမ်းစာ၌ ရေးသားထားသည်မှာ ‘သင်၏ဘုရားသခင် ထာဝရဘုရားကို အကဲမစမ်းရ’ ဟူ၍ ဖြစ်သည်” ဟု ပြန်၍ မိန့်တော်မူ၏။ မြန်မာ ယေရှုကလည်း သင်၏ဘုရားသခင် ထာဝရဘုရားကို သင်သည် အစုံအစမ်းမပြုရဟု ကျမ်းစာလာပြန်သည်ဟု မိန့်တော်မူ၏။- |
သူတို့သည် တောကန္တာရ၌ အလိုဆန္ဒပြင်းပြကြ၍ ကန္တာရမြေ၌ ဘုရားသခင်ကိုစမ်းသပ်ခဲ့ကြ၏။
မိမိတို့အလိုရှိသောအစားအစာကိုလည်း တောင်းဆိုခြင်းအားဖြင့် သူတို့၏စိတ်နှလုံးထဲ၌ ဘုရားသခင်ကိုစမ်းသပ်ကြ၏။
သူတို့သည် ဘုရားသခင်ကိုအကြိမ်ကြိမ်စမ်းသပ်လျက် အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်၏စိတ်တော်ကို ဆွကြ၏။
သို့သော် သူတို့သည် အမြင့်ဆုံးသောဘုရားသခင်ကို အကဲစမ်း၍ပုန်ကန်ကြ၏။ ကိုယ်တော်၏သက်သေခံချက်တို့ကိုလည်း မစောင့်ထိန်းဘဲ
ထိုအရပ်တွင် သင်တို့ဘိုးဘေးများသည် ငါပြုသော အမှုကို မြင်လျက်ပင် ငါ့ကိုစမ်းသပ်၍စစ်ဆေးခဲ့ကြ၏။
ထိုအခါ လူတို့က မောရှေအား “ငါတို့သောက်ဖို့ရေပေးပါလော့”ဟု ဆို၍ရန်တွေ့ကြ၏။ မောရှေကလည်း “ငါ့ကို အဘယ်ကြောင့်ရန်တွေ့ကြသနည်း။ ထာဝရဘုရားကို အဘယ်ကြောင့်အကဲစမ်းကြသနည်း”ဟု ဆို၏။
အစ္စရေးအမျိုးသားတို့သည် မောရှေအား ရန်တွေ့ကြသောကြောင့်လည်းကောင်း၊ “ထာဝရဘုရားသည် ငါတို့၌ရှိသလော၊ မရှိသလော”ဟု ဆိုလျက် ထာဝရဘုရားအား အကဲစမ်းကြသောကြောင့်လည်းကောင်း ထိုအရပ်၏အမည်ကို မဿာ ဟူ၍လည်းကောင်း၊ မေရိဘ ဟူ၍လည်းကောင်း ခေါ်လေ၏။
ပညတ်တရား၊ သက်သေခံတော်မူချက်တို့ကိုသာ မေးမြန်းသင့်သည်မဟုတ်လော။ ဤစကားနှင့်အညီ မပြောဆိုကြလျှင် သူတို့ထဲ၌ အရုဏ်အလင်းမရောက်သေး။
ထို့ကြောင့် ယခုမှာ အကျွန်ုပ်တို့သည် မာနထောင်လွှားသောသူကို မင်္ဂလာရှိသောသူဟု မှတ်ယူ၏။ အကယ်စင်စစ် ဆိုးယုတ်သောသူတို့သည် ကြီးပွားတိုးတက်၏။ ဘုရားသခင်ကို စမ်းသပ်သောသူတို့သည်လည်း ဘေးဒုက္ခမရောက်”ဟု ဆိုကြပြီ။
အီဂျစ်ပြည်၌လည်းကောင်း၊ တောကန္တာရ၌လည်းကောင်း ငါပြခဲ့သောနိမိတ်လက္ခဏာများနှင့် ငါ၏ဘုန်းအသရေကို လူအပေါင်းတို့သည် တွေ့မြင်လျက်နှင့် ငါ့ကိုဆယ်ကြိမ်တိုင်အောင်အကဲစမ်း၍ ငါ့စကားကို နားမထောင်ကြသောကြောင့်
“ဤကလေးတို့ပြောဆိုနေသောအရာကို ကြားသလော”ဟု မေးမြန်းကြ၏။ ယေရှုကလည်း“ငါကြား၏။ ‘ကလေးသူငယ်များနှင့် နို့စို့ကလေးငယ်များ၏နှုတ်ထဲမှ ချီးမွမ်းခြင်းကို ကိုယ်တော်ပြင်ဆင်တော်မူ၏’ဟူသော ရေးထားချက်ကို သင်တို့မဖတ်ဖူးကြသလော”ဟု သူတို့အား မိန့်တော်မူ၏။
ယေရှုကလည်း“ ‘တိုက်ဆောက်သူများပယ်ထားသောကျောက်သည် ထိပ်ဆုံးထောင့်ချုပ်ကျောက်ဖြစ်လာ၏။ ဤအမှုသည် ထာဝရဘုရားအားဖြင့်ဖြစ်လာ၍ ငါတို့၏မျက်မှောက်၌ အံ့ဩဖွယ်ဖြစ်၏’ဟု ကျမ်းစာထဲ၌ မဖတ်ဖူးကြသလော။
ယေရှုကလည်း“အချင်းစာတန်၊ ထွက်သွားလော့။ ‘သင်၏ဘုရားသခင်ထာဝရဘုရားကိုရှိခိုး၍ ထိုအရှင်တစ်ပါးတည်းကိုသာ ဝတ်ပြုရမည်’ဟူ၍ ကျမ်းစာ၌ရေးထားသည်”ဟု မိန့်တော်မူ၏။
ကိုယ်တော်ကလည်း“ ‘လူသည် မုန့်အားဖြင့်သာ အသက်ရှင်သည်မဟုတ်။ ဘုရားသခင်၏နှုတ်တော်ထွက်စကားရှိသမျှအားဖြင့် အသက်ရှင်၏’ဟူ၍ ကျမ်းစာ၌ရေးထားသည်”ဟု မိန့်တော်မူ၏။
ယေရှုကလည်း“ ‘သင်၏ဘုရားသခင်ထာဝရဘုရားကို အကဲမစမ်းရ’ဟူ၍ မိန့်တော်မူထားသည်”ဟု ပြန်၍မိန့်တော်မူ၏။
သို့ဖြစ်လျှင် သင်တို့သည် ငါတို့ဘိုးဘေးများနှင့် ငါတို့ကိုယ်တိုင်လည်း မထမ်းနိုင်သောထမ်းပိုးကို ထိုတပည့်တော်တို့၏လည်ပင်းပေါ်၌ တင်ခြင်းအားဖြင့် ဘုရားသခင်ကို အဘယ်ကြောင့် စမ်းသပ်ကြသနည်း။
ပေတရုကလည်း “သင်တို့သည် အဘယ်ကြောင့် သဘောတူလျက် ထာဝရဘုရား၏ဝိညာဉ်တော်ကိုစမ်းသပ်ကြသနည်း။ ကြည့်ရှုလော့။ သင်၏ခင်ပွန်းကို သင်္ဂြိုဟ်ခဲ့သောသူတို့၏ခြေလှမ်းများသည် တံခါးနားသို့ရောက်နေကြပြီ။ သူတို့သည် သင့်ကိုလည်း သယ်ဆောင်သွားကြလိမ့်မည်”ဟု ဆိုလေ၏။
သူတို့ထဲမှ အချို့တို့သည် အကဲစမ်းသကဲ့သို့ ငါတို့သည် ခရစ်တော်ကို အကဲမစမ်းဘဲ နေကြကုန်စို့။ ထိုသို့အကဲစမ်းသောသူတို့သည် မြွေများအားဖြင့် ဖျက်ဆီးခြင်းခံရကြ၏။
သင်တို့သည် မဿာအရပ်၌ သင်တို့၏ဘုရားသခင်ထာဝရဘုရားကို အကဲစမ်းသကဲ့သို့ အကဲမစမ်းရ။
ထိုအရပ်တွင် သင်တို့ဘိုးဘေးများသည် ငါ့ကိုစမ်းသပ်လျက် စစ်ဆေးကြကာ အနှစ်လေးဆယ်အတွင်း ငါပြုသောအမှုများကို တွေ့မြင်ခဲ့ကြ၏။