တစ်ဆယ့်နှစ်ပါးသောတမန်တော်တို့၏နာမည်များကား ပထမမှာ ပေတရုဟုခေါ်သောရှိမုန်နှင့် သူ့ညီအန္ဒြေ၊ ဇေဗေဒဲ၏သား ယာကုပ်နှင့်သူ့ညီယောဟန်၊
မဿဲ 4:21 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ထိုနေရာမှ ဆက်၍ကြွတော်မူရာ အခြားညီအစ်ကိုနှစ်ဦးဖြစ်သော ဇေဗေဒဲ၏သား ယာကုပ်နှင့်သူ့ညီယောဟန်တို့သည် သူတို့၏ဖခင်ဇေဗေဒဲနှင့်အတူ လှေထဲ၌ မိမိတို့၏ပိုက်ကွန်များဖာထေးနေကြသည်ကိုမြင်၍ သူတို့ကိုခေါ်တော်မူ၏။ Common Language Bible ကိုယ်တော်သည်ထိုအရပ်မှဆက်လက်၍လျှောက် သွားတော်မူသောအခါ အခြားညီအစ်ကိုနှစ် ယောက်ဖြစ်သောယာကုပ်နှင့်ယောဟန်တို့ကို မြင်တော်မူ၏။ သူတို့သည်ဇေဗေဒဲ၏သားများ ဖြစ်၍ မိမိတို့ဖခင်နှင့်အတူလှေထဲတွင်ပိုက် ကွန်များကိုအသင့်ပြင်လျက်ရှိနေကြ၏။ ကိုယ်တော်သည်သူတို့အားနောက်တော်သို့ လိုက်ရန်ခေါ်ယူတော်မူသောအခါ၊- Garrad Bible ထို အ ရပ် မှ ကြွ တော် မူ သော် အ ခြား ညီ အစ် ကို ဖြစ် သူ ဇေ ဗေ ဒဲ့ သား ယာ ကုပ်၊ ယော ဟန် တို့ သည် အ ဘ ဇေ ဗေ ဒဲ နှင့် အ တူ လှေ ထဲ၌ ပိုက် ဖာ လျက် နေ သည် ကို မြင် သ ဖြင့် ခေါ် တော် မူ၍ အ ဘ နှင့် လှေ ကို ထား ခဲ့ ပြီး လျှင် Judson Bible ထိုမှလွန်ပြန်လျှင် အခြားသောညီအစ်ကိုနှစ်ယောက်၊ ဇေဗေဒဲ၏သားယာကုပ်နှင့် ယောဟန်တို့သည် သူတို့အဘနှင့်အတူ လှေပေါ်မှာ ပိုက်ကွန်ပြင်နေသည်ကို မြင်၍ ခေါ်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနေရာမှ အနည်းငယ်ကြွတော်မူသောအခါ အခြားညီအစ်ကိုနှစ်ဦးဖြစ်သော ယာကုပ်နှင့် ယောဟန်တို့ကို မြင်တော်မူ၏။ သူတို့သည် ဇေဗေဒဲ၏သားများဖြစ်ကြ၍ လှေထဲ၌ ဖခင်နှင့်အတူ ပိုက်ကွန်များဖာထေးပြုပြင်နေကြ၏။ ယေရှုက သူတို့ကို နောက်တော်သို့ လိုက်ရန် ခေါ်တော်မူ၏။ မြန်မာ ထိုမှလွန်ပြန်လျှင် အခြားသောညီအစ်ကိုနှစ်ယောက်၊ ဇေဗေဒဲ၏သားယာကုပ်နှင့် ယောဟန်တို့သည် သူတို့အဘနှင့်အတူ လှေပေါ်မှာ ပိုက်ကွန်ပြင်နေသည်ကို မြင်၍ ခေါ်တော်မူ၏။ |
တစ်ဆယ့်နှစ်ပါးသောတမန်တော်တို့၏နာမည်များကား ပထမမှာ ပေတရုဟုခေါ်သောရှိမုန်နှင့် သူ့ညီအန္ဒြေ၊ ဇေဗေဒဲ၏သား ယာကုပ်နှင့်သူ့ညီယောဟန်၊
ခြောက်ရက်လွန်သောအခါ ယေရှုသည် ပေတရု၊ ယာကုပ်နှင့် ယာကုပ်၏ညီယောဟန်တို့ကိုခေါ်၍ သူတို့ကို မြင့်မားသောတောင်ပေါ်သို့ သီးသန့်ခေါ်ဆောင်သွားတော်မူ၏။
ပေတရုနှင့် ဇေဗေဒဲ၏သားနှစ်ယောက်တို့ကို ခေါ်သွားတော်မူ၏။ ထိုအခါ ကိုယ်တော်သည် ဝမ်းနည်းခြင်းနှင့်စိတ်ပူပန်ခြင်းရှိသဖြင့်
သူတို့သည်လည်း ချက်ချင်းပင် လှေနှင့် သူတို့၏ဖခင်ကိုထားခဲ့၍ နောက်တော်သို့လိုက်ကြ၏။
မိုးကြိုး၏သားများဟူ၍အဓိပ္ပာယ်ရသည့် ဗောနေရဂက်ဟုကိုယ်တော်အမည်ပေးထားသော ဇေဗေဒဲ၏သားယာကုပ်နှင့် ယာကုပ်၏ညီယောဟန်၊
ကိုယ်တော်သည် ပေတရု၊ ယာကုပ်နှင့် ယာကုပ်၏ညီယောဟန်တို့မှတစ်ပါး မည်သူ့ကိုမျှ မိမိနှင့်အတူလိုက်ခွင့်ပြုတော်မမူ။
ရှိမုန်ပေတရုနှင့် ဒိဒုမုဟုခေါ်သည့်သောမ၊ ဂါလိလဲနယ် ကာနမြို့သား နာသနေလ၊ ဇေဗေဒဲ၏သားတို့နှင့် အခြားတပည့်တော်နှစ်ပါးတို့သည် အတူရှိနေကြစဉ်