သို့သော် ငါသည် ထမြောက်ပြီးနောက် ဂါလိလဲနယ်သို့ သင်တို့ထက် အလျင်ဦးစွာသွားနှင့်မည်”ဟု မိန့်တော်မူ၏။
မဿဲ 28:16 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် တစ်ဆယ့်တစ်ပါးသောတပည့်တော်တို့သည် ဂါလိလဲနယ်သို့သွား၍ သူတို့အား ယေရှုမှာကြားထားတော်မူသောတောင်ပေါ်သို့ တက်ကြပြီး Common Language Bible တပည့်တော်တစ်ဆယ့်တစ်ဦးတို့သည်သခင်ယေရှု မှာကြားတော်မူသည့်အတိုင်းဂါလိလဲပြည် တောင်ပေါ်သို့သွားကြ၏။- Garrad Bible ဆယ့် တစ် ပါး သော တ ပည့် တော် တို့ မူ ကား ယေ ရှု မှာ တော် မူ ရာ ဂါ လိ လဲ နယ် ရှိ တောင် ပေါ် သို့ သွား၍ ကိုယ် တော် ကို တွေ့ မြင် သော် ရှိ ခိုး ကြ၏။ Judson Bible တစ်ကျိပ်တစ်ပါးသော တပည့်တော်တို့သည် ဂါလိလဲပြည်သို့ သွား၍ ယေရှုမှာထားတော်မူသော တောင်ပေါ်သို့ တက်ကြလျှင်၊ ကိုယ်တော်ကိုတွေ့မြင်၍ ပျပ်ဝပ်ကိုးကွယ်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် တပည့်တော်ဆယ့်တစ်ပါးတို့သည် သူတို့အား ယေရှုမှာကြားတော်မူသည့်အတိုင်း ဂါလိလဲပြည်ရှိ တောင်ပေါ်သို့ တက်ကြ၏။ မြန်မာ တစ်ကျိပ်တစ်ပါးသော တပည့်တော်တို့သည် ဂါလိလဲပြည်သို့ သွား၍ ယေရှုမှာထားတော်မူသော တောင်ပေါ်သို့ တက်ကြလျှင်၊ ကိုယ်တော်ကိုတွေ့မြင်၍ ပျပ်ဝပ်ကိုးကွယ်ကြ၏။- |
သို့သော် ငါသည် ထမြောက်ပြီးနောက် ဂါလိလဲနယ်သို့ သင်တို့ထက် အလျင်ဦးစွာသွားနှင့်မည်”ဟု မိန့်တော်မူ၏။
ထို့နောက် ယေရှုက“ကြောက်ရွံ့ခြင်းမရှိကြနှင့်။ သွား၍ ငါ၏ညီအစ်ကိုတို့အား ဂါလိလဲနယ်သို့သွားရန် ပြောကြားကြလော့။ သူတို့သည် ထိုနေရာ၌ ငါ့ကိုတွေ့မြင်ရကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ထို့နောက် အလျင်အမြန်သွား၍ တပည့်တော်တို့အား ‘ကိုယ်တော်သည် သေသောသူတို့ထဲမှ ထမြောက်တော်မူပြီ။ ကြည့်ရှုလော့။ ဂါလိလဲနယ်သို့ သင်တို့ထက်အလျင်ဦးစွာကြွနှင့်တော်မူပြီ။ သင်တို့သည် ထိုအရပ်၌ ကိုယ်တော်ကိုတွေ့မြင်ရကြလိမ့်မည်’ဟူ၍ ပြောကြားကြလော့။ သင်တို့အား ယခု ငါပြောပြီ”ဟု မြွက်ဆိုလေ၏။
သို့သော် ငါသည်ထမြောက်ပြီးနောက် ဂါလိလဲနယ်သို့ သင်တို့ထက်အလျင်ဦးစွာသွားနှင့်မည်”ဟု မိန့်တော်မူ၏။
သူတို့သည် ဂါလိလဲနယ်၌ ကိုယ်တော်ရှိတော်မူခဲ့စဉ်က နောက်တော်သို့လိုက်၍ ကိုယ်တော်ကိုလုပ်ကျွေးပြုစုခဲ့သူများဖြစ်ကြ၏။ သူတို့အပြင် ကိုယ်တော်နှင့်အတူ ဂျေရုဆလင်မြို့သို့လိုက်ပါလာသည့် များစွာသောအခြားအမျိုးသမီးများလည်းရှိကြ၏။
ထို့နောက် ကိုယ်တော်သည် စားပွဲ၌ထိုင်နေသောတပည့်တော်တစ်ဆယ့်တစ်ပါးတို့အား ကိုယ်ထင်ရှားပြတော်မူ၍ ထမြောက်တော်မူသောကိုယ်တော်အား တွေ့မြင်သောသူတို့၏စကားကို သူတို့မယုံကြသောကြောင့် သူတို့၏မယုံကြည်မှုနှင့် စိတ်နှလုံးမာကျောမှုတို့ကို ပြစ်တင်ဆုံးမတော်မူ၏။
သင်တို့မူကား သွား၍ တပည့်တော်များနှင့် ပေတရုအား ‘ကိုယ်တော်သည် သင်တို့ကိုမိန့်မှာခဲ့သည့်အတိုင်း ဂါလိလဲနယ်သို့ သင်တို့ထက်အလျင်ဦးစွာကြွနှင့်တော်မူပြီ။ သင်တို့သည် ထိုအရပ်၌ ကိုယ်တော်ကိုတွေ့မြင်ရကြလိမ့်မည်’ဟူ၍ ပြောကြားကြလော့”ဟု ဆိုလေ၏။
ယေရှုကလည်း“တစ်ဆယ့်နှစ်ပါးသောသင်တို့ကို ငါရွေးကောက်သည်မဟုတ်လော။ သို့ဖြစ်ပါလျက်နှင့် သင်တို့ထဲမှတစ်ဦးသည် မာရ်နတ်ဖြစ်၏”ဟု မိန့်တော်မူ၏။
ထိုမျှမက ငါတို့သည် ဘုရားသခင်နှင့်ပတ်သက်၍ မမှန်သောသက်သေထွက်ဆိုသောသူများ ဖြစ်သွားကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သေလွန်သောသူတို့ကို ထမြောက်စေတော်မမူလျှင် ဘုရားသခင်ထမြောက်စေတော်မမူသောခရစ်တော်ကို ဘုရားသခင်ထမြောက်စေတော်မူပြီဟု ငါတို့သက်သေခံနေကြသောကြောင့်ဖြစ်၏။