ထိုအခါ ဖာရိရှဲတို့သည်ထွက်သွား၍ ကိုယ်တော်ကိုလုပ်ကြံနိုင်မည့်အကြောင်း တိုင်ပင်ဆွေးနွေးကြ၏။
မဿဲ 28:12 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ယဇ်ပုရောဟိတ်အကြီးအကဲတို့သည် သက်ကြီးဝါကြီးတို့နှင့်အတူစုဝေး၍ တိုင်ပင်ဆွေးနွေးကြပြီးမှ စစ်သားတို့အား ငွေအမြောက်အမြားပေးလျက် Common Language Bible ယဇ်ပုရောဟိတ်ကြီးများနှင့်ဘာသာရေးခေါင်း ဆောင်များသည်စုရုံးတိုင်ပင်ကြပြီးနောက်စစ် သားများအားငွေအမြောက်အမြားပေး၍၊- Garrad Bible ပ ရော ဟိတ် ကြီး တို့ သည် လူ ကြီး တို့ နှင့် စု ရုံး တိုင် ပင် ပြီး လျှင် စစ် သည် တို့ အား ငွေ များ စွာ ပေး လျက် Judson Bible ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအကြီးအကဲတို့သည် စုဝေး၍ တိုင်ပင်ပြီးမှ စစ်သူရဲတို့အား ငွေအများကို ပေး၍၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယဇ်ပုရောဟိတ်ခေါင်းဆောင်တို့သည် အကြီးအကဲတို့နှင့် စုဝေးတိုင်ပင်ကာ အစောင့်တပ်သားတို့အား လာဘ်ထိုးငွေအမြောက်အမြားပေး၍ မြန်မာ ယဇ်ပုရောဟိတ်အကြီးတို့နှင့် လူအကြီးအကဲတို့သည် စုဝေး၍ တိုင်ပင်ပြီးမှ စစ်သူရဲတို့အား ငွေအများကို ပေး၍၊- |
ထိုအခါ ဖာရိရှဲတို့သည်ထွက်သွား၍ ကိုယ်တော်ကိုလုပ်ကြံနိုင်မည့်အကြောင်း တိုင်ပင်ဆွေးနွေးကြ၏။
ထိုအမျိုးသမီးတို့သွားကြစဉ်တွင် အစောင့်တပ်သားအချို့တို့သည်လည်း မြို့ထဲသို့လာ၍ ဖြစ်ပျက်ခဲ့သမျှတို့ကို ယဇ်ပုရောဟိတ်အကြီးအကဲများထံ သတင်းပို့ကြ၏။
“ ‘ညအချိန် ငါတို့အိပ်ပျော်နေစဉ် သူ၏တပည့်တို့သည် လာ၍ အလောင်းကိုခိုးသွားကြသည်’ဟု ပြောကြလော့။
ထိုအခါ ယဇ်ပုရောဟိတ်အကြီးအကဲတို့နှင့်ဖာရိရှဲတို့သည် တရားလွှတ်တော်အဖွဲ့ကိုစုဝေးစေ၍ “ထိုသူသည် များစွာသောနိမိတ်လက္ခဏာတို့ကို ပြုနေသည်ဖြစ်၍ ငါတို့မည်သို့ပြုကြမည်နည်း။
ထို့နောက် တမန်တော်တို့ကိုခေါ်လျက် ရိုက်နှက်ပြီးမှ ယေရှု၏နာမကိုအမှီပြု၍ ဟောပြောသွန်သင်ခြင်းမပြုရန် အမိန့်ပေးကာ ပြန်လွှတ်လိုက်ကြ၏။