အကျွန်ုပ်ကိုပြစ်တင်စွပ်စွဲသောသူများနှင့် အကျွန်ုပ်၏စိတ်ဝိညာဉ်ကိုဆန့်ကျင်လျက် မကောင်းပြောဆိုသောသူများသည် ထိုသို့သောအကျိုးကို ထာဝရဘုရားထံမှ ခံကြရပါစေ။
မဿဲ 26:66 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့မည်သို့ထင်မြင်ကြသနည်း”ဟု ဆိုသော် သူတို့က “သူသည် သေဒဏ်ခံထိုက်၏”ဟု ပြန်ပြောကြ၏။ Common Language Bible အဘယ်သို့ဆုံးဖြတ်ချက်ချရမည်နည်း'' ဟုမေး၏။ ထိုသူတို့က ``ပြစ်မှုထင်ရှားသဖြင့်သူ့ကိုသေဒဏ် ပေးရမည်'' ဟုဆိုကြ၏။ Garrad Bible ယ ခု ပင် ပုတ် ခတ် မှု စ ကား ကို သင် တို့ ကြား ကြ ပြီ မည် သို့ ထင် ကြ သ နည်း ဟု မေး ရာ သေ ဒဏ် ခံ ထိုက် ပါ သည် ဟု ပြန် ဆို ပြီး လျှင် မျက် နှာ တော် ကို တံ တွေး ထွေး၍ Judson Bible အဘယ်သို့ ထင်မှတ်ကြသနည်းဟု မေးမြန်းလျှင်၊ ထိုသူတို့က ဤသူသည် အသေခံထိုက်ပေ၏ဟု ပြန်၍စီရင်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့ မည်သို့ထင်မြင်ကြသနည်း” ဟု မေးလျှင် သူတို့က “သူသည် သေဒဏ်ခံထိုက်ပါသည်” ဟု ဖြေဆိုကြ၏။ မြန်မာ အဘယ်သို့ ထင်မှတ်ကြသနည်းဟု မေးမြန်းလျှင်၊ ထိုသူတို့က ဤသူသည် အသေခံထိုက်ပေ၏ဟု ပြန်၍စီရင်ကြ၏။- |
အကျွန်ုပ်ကိုပြစ်တင်စွပ်စွဲသောသူများနှင့် အကျွန်ုပ်၏စိတ်ဝိညာဉ်ကိုဆန့်ကျင်လျက် မကောင်းပြောဆိုသောသူများသည် ထိုသို့သောအကျိုးကို ထာဝရဘုရားထံမှ ခံကြရပါစေ။
ထိုအခါ ယဇ်ပုရောဟိတ်နှင့် ပရောဖက်တို့က မှူးမတ်များနှင့်ပြည်သူပြည်သားအပေါင်းတို့အား “သင်တို့နားနှင့်ဆတ်ဆတ်ကြားကြသည့်အတိုင်း သူသည် ဤမြို့ကိုဆန့်ကျင်၍ ပရောဖက်ပြုဟောပြောသောကြောင့် သေဒဏ်ခံထိုက်သည်”ဟု ပြောဆိုကြ၏။
ဂျူးလူမျိုးတို့ကလည်း “အကျွန်ုပ်တို့၌ ပညတ်တရားရှိပါ၏။ ဤသူသည် မိမိကိုယ်ကို ဘုရားသခင်၏သားတော်ဖြစ်သည်ဟုကြေညာသောကြောင့် ထိုပညတ်တရားအရ သေထိုက်ပါ၏”ဟု ပြန်လျှောက်ကြ၏။
သင်တို့ဘိုးဘေးများ မညှဉ်းဆဲခဲ့သောပရောဖက်တစ်ပါးပါးရှိသလော။ သူတို့သည် ဖြောင့်မတ်သောအရှင်ကြွလာမည့်အကြောင်း ကြိုတင်ဟောပြောသောသူများကိုသတ်ခဲ့ကြ၏။ ယခု သင်တို့သည် ထိုဖြောင့်မတ်သောအရှင်ကို သစ္စာဖောက်သောသူနှင့် သတ်ဖြတ်သောသူများဖြစ်ကြပြီ။
တစ်စုံတစ်ယောက်၌ သေဒဏ်စီရင်ခြင်းခံထိုက်သောအပြစ်ရှိ၍ သေဒဏ်ခံပြီးနောက် သင်သည် ထိုသူကို သစ်တိုင်၌ ချိတ်ဆွဲထားလျှင်
သင်တို့သည် ဖြောင့်မတ်သောသူကို အပြစ်ရှိသည်ဟုသတ်မှတ်၍ သတ်ကြပြီ။ သူသည် သင်တို့ကို ဆန့်ကျင်ခြင်းမပြုချေ။