ငါ့မုန့်ကိုစားသော ငါယုံကြည်စိတ်ချခဲ့သည့် ငါ၏မိတ်ဆွေရင်းချာပင်လျှင် ငါ့ကိုဖနောင့်နှင့်ပေါက်လေပြီ။
မဿဲ 26:23 - မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်ကလည်း“ငါနှင့်အတူတစ်ပန်းကန်ထဲတွင် လက်နှိုက်သောသူသည် ငါ့ကိုအပ်နှံလိမ့်မည်။ Common Language Bible ကိုယ်တော်က ``ငါနှင့်အတူဟင်းခွက်တွင်နှိုက်၍ စားသောသူသည်ငါ့ကိုရန်သူ့လက်သို့အပ် လိမ့်မည်။- Garrad Bible ပု ကန် တွင် ငါ နှင့် အ တူ နှိုက် သူ သည် ငါ့ ကို ပို့ အပ် မည့် သူ ဖြစ် သည်။ စပ် လျဉ်း သော ကျမ်း ချက် အ တိုင်း Judson Bible ကိုယ်တော်ကလည်း ငါနှင့်အတူ ပန်းကန်တွင် လက်နှိုက်သောသူသည် ငါ့ကို အပ်နှံလိမ့်မည်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “ငါ့နှင့်အတူ ပန်းကန်တွင် မုန့်ကို တို့စားသောသူသည် ငါ့ကိုသစ္စာဖောက်လိမ့်မည်။ မြန်မာ ကိုယ်တော်ကလည်း ငါနှင့်အတူ ပန်းကန်တွင် လက်နှိုက်သောသူသည် ငါ့ကို အပ်နှံလိမ့်မည်။- |
ငါ့မုန့်ကိုစားသော ငါယုံကြည်စိတ်ချခဲ့သည့် ငါ၏မိတ်ဆွေရင်းချာပင်လျှင် ငါ့ကိုဖနောင့်နှင့်ပေါက်လေပြီ။
ပျင်းရိသောသူသည် မိမိ၏လက်ကိုပန်းကန်ထဲသို့နှိုက်သော်လည်း ၎င်းကို မိမိပါးစပ်ထဲသို့ ပြန်၍မသွင်းလို။
ထိုအခါ တပည့်တော်တို့သည် အလွန်စိတ်မကောင်းဖြစ်ကြလျက် “သခင်ဘုရား၊ အကျွန်ုပ်လော”ဟု ကိုယ်တော်အား တစ်ဦးပြီးတစ်ဦးမေးလျှောက်ကြ၏။
သင်တို့အားလုံးကို ငါရည်ညွှန်းပြောဆိုသည်မဟုတ်။ ငါရွေးကောက်သောသူတို့ကို ငါသိ၏။ သို့သော် ‘ငါ့မုန့်ကိုစားသောသူသည် ငါ့ကို ဖနောင့်နှင့်ပေါက်လေ၏’ဟူသောကျမ်းချက်သည် ပြည့်စုံရမည်။