ယုဒသည် သူ့ကို မိမိ၏ချွေးမဖြစ်ကြောင်းမသိသောကြောင့် လမ်းဘေးရှိတာမာထံသို့လှည့်လာပြီး “လာပါ။ သင့်ထံသို့ ငါဝင်လို၏”ဟု ဆိုလေ၏။ ထိုအခါ တာမာက “သင်သည် ကျွန်မထံသို့ဝင်လျှင် ကျွန်မအား မည်သည့်အရာကိုပေးမည်နည်း”ဟု မေးလေ၏။
မဿဲ 26:15 - မြန်မာ့စံမီသမ္မာကျမ်း “ယေရှုကို သင်တို့လက်သို့အပ်နှံလျှင် သင်တို့သည် အကျွန်ုပ်အား ငွေမည်မျှပေးမည်နည်း”ဟု ဆိုသော် သူတို့သည် ယုဒအား ငွေဒင်္ဂါးသုံးဆယ်ကို သတ်မှတ်ပေးကြ၏။ Common Language Bible ``ယေရှုကိုသင်တို့လက်သို့အကျွန်ုပ်ပေးအပ်ပါ လျှင်အကျွန်ုပ်အားငွေမည်မျှပေးမည်နည်း'' ဟု မေး၏။ ထိုသူတို့သည်လည်းသူ့အားငွေဒင်္ဂါး သုံးဆယ်ပေးကြ၏။- Garrad Bible မည် မျှ ပေး မည် နည်း ဟု မေး သော် ငွေ အ ကျပ် သုံး ဆယ် ချိန် ပေး ကြ၏။ Judson Bible အကျွန်ုပ်သည် ယေရှုကို ကိုယ်တော်တို့လက်သို့အပ်လျှင် အဘယ်မျှလောက် ပေးပါမည်နည်းဟု လျှောက်သော်၊ ထိုသူတို့က ငွေအကျပ်သုံးဆယ် ပေးမည်ဟု ဝန်ခံကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း “ယေရှုကို သင်တို့ထံ အပ်လျှင် ကျွန်ုပ်အား ငွေမည်မျှ ပေးမည်နည်း” ဟု မေးလေ၏။ သူတို့ကလည်း ငွေဒင်္ဂါးပြားသုံးဆယ်ပေးကြ၏။ မြန်မာ အကျွန်ုပ်သည် ယေရှုကို ကိုယ်တော်တို့လက်သို့အပ်လျှင် အဘယ်မျှလောက် ပေးပါမည်နည်းဟု လျှောက်သော်၊ ထိုသူတို့က ငွေအကျပ်သုံးဆယ် ပေးမည်ဟု ဝန်ခံကြ၏။- |
ယုဒသည် သူ့ကို မိမိ၏ချွေးမဖြစ်ကြောင်းမသိသောကြောင့် လမ်းဘေးရှိတာမာထံသို့လှည့်လာပြီး “လာပါ။ သင့်ထံသို့ ငါဝင်လို၏”ဟု ဆိုလေ၏။ ထိုအခါ တာမာက “သင်သည် ကျွန်မထံသို့ဝင်လျှင် ကျွန်မအား မည်သည့်အရာကိုပေးမည်နည်း”ဟု မေးလေ၏။
နွားသည် ကျွန်ယောက်ျား၊ သို့မဟုတ် ကျွန်မိန်းမကိုဝှေ့လျှင် ထိုကျွန်၏သခင်အား ငွေရှယ်ကယ်သုံးဆယ်ပေးရမည်။ နွားကိုလည်း ခဲနှင့်ပေါက်သတ်ရမည်။
စားလိုစိတ်အားကြီး၍ မတင်းတိမ်နိုင်သောခွေးများဖြစ်ကြ၏။ အသိဉာဏ်မရှိသော သိုးထိန်းများဖြစ်ကြ၏။ သူတို့အားလုံးသည် ကိုယ့်လမ်းသို့အသီးသီးလိုက်သွားကြ၏။ သူတို့တစ်ယောက်မကျန် ကိုယ့်အကျိုးကိုသာ ကိုယ်ရှာကြ၏။
မျိုးချစ်ပုဂ္ဂိုလ်ရှိမုန်နှင့် ကိုယ်တော်ကိုအပ်နှံသည့် ယုဒဣရှကာရုတ်တို့ဖြစ်ကြ၏။
ထိုအချိန်မှစ၍ ယုဒသည် ကိုယ်တော်ကိုအပ်နှံရန် အခွင့်ကောင်းကိုရှာကြံလျက်နေ၏။
သူသည် မတရားမှုကြောင့်ရရှိသောအဖိုးအခဖြင့် မြေတစ်ကွက်ကိုဝယ်ယူပြီးနောက် ဇောက်ထိုးကျလျက် ဝမ်းဗိုက်ပေါက်သဖြင့် သူ၏အူများအကုန်ထွက်ကျလေ၏။
သူသည် သေသောက်ကြူးသောသူ၊ ကြမ်းကြုတ်သောသူမဟုတ်ဘဲ ညင်သာသောသူ၊ ရန်မတွေ့တတ်သောသူ၊ ငွေကိုမတပ်မက်သောသူ၊
သူတို့သည် လောဘစိတ်ဖြင့် လုပ်ကြံဖန်တီးသောစကားများကိုပြောဆိုလျက် သင်တို့အပေါ် အမြတ်ထုတ်ကြလိမ့်မည်။ သူတို့ခံရမည့် ပြစ်ဒဏ်စီရင်ခြင်းသည် ရှေးယခင်ကပင် ဖင့်နှေးခြင်းမရှိ။ သူတို့၏ပျက်စီးခြင်းသည်လည်း ငိုက်မျဉ်းခြင်းမရှိ။
ထို့ကြောင့် ဖိလိတ္တိမင်းတို့သည် ဒေလိလထံသို့လာ၍ “ရှံဆုန်၏ကြီးမားသောခွန်အားသည် အဘယ်ကဖြစ်ကြောင်း၊ သူ့ကို မည်သည့်နည်းဖြင့် ဖမ်းဆီးချုပ်နှောင်နှိပ်စက်နိုင်ကြောင်းကို သူ့အား ချော့မော့မေးမြန်းကြည့်လော့။ ငါတို့သည် သင့်အား ငွေစ တစ်ထောင့်တစ်ရာစီ ပေးမည်”ဟု ဆိုကြ၏။
မိက္ခာကလည်း “အကျွန်ုပ်၏အဖ၊ အကျွန်ုပ်၏ယဇ်ပုရောဟိတ်အဖြစ် အကျွန်ုပ်နှင့်အတူနေထိုင်ပါ။ တစ်နှစ်လျှင် ငွေစတစ်ဆယ်၊ အဝတ်တစ်စုံနှင့်အစားအစာကိုပေးမည်”ဟု ဆိုလျှင် လေဝိလူငယ်သည် အိမ်ထဲသို့ဝင်သွား၏။