ဝတ်စရာမရှိ၊ ခြုံစရာမရှိသဖြင့် ဘဝပျက်နေရသည့်နွမ်းပါးသူတစ်စုံတစ်ဦးကို မြင်ရသောအခါ
မဿဲ 25:43 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် သူစိမ်းဧည့်သည်ဖြစ်သောအခါ သင်တို့သည် ငါ့ကိုကြိုဆိုလက်ခံခြင်းမရှိကြ။ ငါသည် အဝတ်မပါအချည်းစည်းဖြစ်သောအခါ သင်တို့သည် ငါ့ကိုဝတ်စရာမပေးကြ။ ငါသည် နာမကျန်းဖြစ်သောအခါနှင့် ထောင်ကျသောအခါတွင်လည်း သင်တို့သည် ငါ့ကိုမကြည့်ရှုကြ’ဟု မိန့်တော်မူလိမ့်မည်။ Common Language Bible ငါသည်ဧည့်သည်ဖြစ်စဉ်အခါကဧည့်သည်ဝတ် ကိုမပြုကြ။ ငါသည်အဝတ်အချည်းစည်းဖြစ် စဉ်အခါကအဝတ်ဝတ်ဆင်မပေးကြ။ ငါဖျား နာစဉ်အခါကလည်းကောင်း၊ ထောင်ကျစဉ်အခါ ကလည်းကောင်းသင်တို့သည်ငါ့ထံကိုမလာကြ' ဟုမိန့်တော်မူ၏။ Garrad Bible အာ ဂ န္တု ဖြစ် သော် ဧည့် ခံ ခြင်း၊ အ ဝတ် မဲ့ သော် ဝတ် ခြုံ ခြင်း၊ နာ သော် ထောင် ကျ သော် ပြု စု ခြင်း များ ကို သင် တို့ မ ပြု ကြ ဟု မိန့် ဆို သည့် ကာ လ။ Judson Bible ငါသည် ဧည့်သည်ဖြစ်သောအခါ သင်တို့သည် ဧည့်သည်ဝတ်ကိုမပြု။ ငါသည် အဝတ်အချည်းစည်း ရှိသောအခါ သင်တို့သည် အဝတ်နှင့်မဖုံးမလွှမ်း။ ငါသည် အနာရောဂါ စွဲသောအခါ၌လည်းကောင်း၊ ထောင်ထဲမှာနေရသော အခါ၌လည်းကောင်း၊ သင်တို့သည် မကြည့်ရှုမပြုစုကြဟု မိန့်တော်မူလျှင်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါသည် ဧည့်သည် ဖြစ်သောအခါ ငါ့ကို သင်တို့အိမ်သို့ ကြိုဆိုလက်မခံကြ။ ငါသည် အဝတ်ဗလာဖြစ်သောအခါ ငါ့အတွက် ဝတ်စရာအဝတ်ကို မပေးကြ။ ငါသည် ဖျားနာသောအခါ၌လည်းကောင်း၊ ထောင်ကျသောအခါ၌လည်းကောင်း သင်တို့သည် ငါ့ကို မကြည့်ရှုကြ’ ဟု မိန့်တော်မူလိမ့်မည်။ မြန်မာ ငါသည် ဧည့်သည်ဖြစ်သောအခါ သင်တို့သည် ဧည့်သည်ဝတ်ကိုမပြု။ ငါသည် အဝတ်အချည်းစည်း ရှိသောအခါ သင်တို့သည် အဝတ်နှင့်မဖုံးမလွှမ်း။ ငါသည် အနာရောဂါ စွဲသောအခါ၌လည်းကောင်း၊ ထောင်ထဲမှာနေရသော အခါ၌လည်းကောင်း၊ သင်တို့သည် မကြည့်ရှုမပြုစုကြဟု မိန့်တော်မူလျှင်၊- |
ဝတ်စရာမရှိ၊ ခြုံစရာမရှိသဖြင့် ဘဝပျက်နေရသည့်နွမ်းပါးသူတစ်စုံတစ်ဦးကို မြင်ရသောအခါ
အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက မိမိလူမျိုးတော်ကိုထိန်းကျောင်းသော သိုးထိန်းတို့အား “သင်တို့သည် ငါ၏သိုးစုကိုကွဲလွင့်စေ၏။ နှင်ထုတ်၏။ သူတို့ကို ဂရုမစိုက်။ ကြည့်ရှုလော့။ သင်တို့ပြုသောဆိုးညစ်မှုကြောင့် သင်တို့ကို ငါဒဏ်ခတ်မည်”ဟု မိန့်တော်မူ၏။
ပြည်သားတို့သည်လည်း အကျင့်ဆိုးကို ကျင့်ကြ၏။ ခိုးဆိုးတိုက်ခိုက်ကြ၏။ ဆင်းရဲနွမ်းပါးသောသူတို့အား နိုင်ထက်စီးနင်းပြုကြ၏။ တိုင်းတစ်ပါးသားတို့အား မတရားနှိပ်စက်ကြ၏။
ငါသည် အဝတ်မပါအချည်းစည်းဖြစ်သောအခါ သင်တို့သည် ငါ့ကိုဝတ်စရာပေးကြ၏။ ငါသည် နာမကျန်းဖြစ်သောအခါ သင်တို့သည် ငါ့ကိုကြည့်ရှုကြ၏။ ငါသည် ထောင်ကျသောအခါ သင်တို့သည် ငါ့ထံသို့လာကြ၏’ဟု မိန့်တော်မူလိမ့်မည်။
အကြောင်းမူကား ငါသည် ဆာလောင်သောအခါ သင်တို့သည် ငါ့ကိုစားစရာမပေးကြ။ ငါသည် ရေငတ်သောအခါ သင်တို့သည် ငါ့ကိုသောက်စရာမပေးကြ။
ထိုအခါ သူတို့သည်လည်း ‘သခင်ဘုရား၊ အကျွန်ုပ်တို့သည် မည်သည့်အခါတွင် ကိုယ်တော်ဆာလောင်တော်မူသည်ကိုလည်းကောင်း၊ ရေငတ်တော်မူသည်ကိုလည်းကောင်း၊ သူစိမ်းဧည့်သည်ဖြစ်တော်မူသည်ကိုလည်းကောင်း၊ အဝတ်မပါအချည်းစည်းဖြစ်တော်မူသည်ကိုလည်းကောင်း၊ နာမကျန်းဖြစ်တော်မူသည်ကိုလည်းကောင်း၊ ထောင်ကျတော်မူသည်ကိုလည်းကောင်း မြင်၍ ကိုယ်တော်ကိုမလုပ်ကျွေးမပြုစုဘဲနေကြသနည်း’ဟု ပြန်လျှောက်ကြလိမ့်မည်။
ရက်ပေါင်းအတန်ကြာသောအခါ ပေါလုသည် ဗာနဗအား “သခင်ဘုရား၏နှုတ်ကပတ်တရားကို ငါတို့ဟောပြောခဲ့သောမြို့တိုင်းရှိ ညီအစ်ကိုတို့ထံသို့ ပြန်သွား၍ သူတို့မည်သို့ရှိနေကြသည်ကို ကြည့်ရှုကြကုန်စို့”ဟု ဆို၏။
ဧည့်ဝတ်ပြုခြင်းကို မမေ့လျော့ကြနှင့်။ အကြောင်းမူကား အချို့တို့သည် ထိုဝတ်ကိုပြုခြင်းအားဖြင့် ကောင်းကင်တမန်များကို အမှတ်မထင်ဧည့်ခံခဲ့ကြ၏။
အကျဉ်းသားများကို သူတို့နှင့်အတူအချုပ်အနှောင်ခံနေရသကဲ့သို့ သတိရကြလော့။ မတရားပြုမူဆက်ဆံခြင်းခံရသောသူတို့ကို သင်တို့လည်း မိမိကိုယ်ခန္ဓာ၌ ထိုနည်းတူခံရသကဲ့သို့ သတိရကြလော့။
သူတို့သည် ခရီးမဆက်တော့ဘဲ ညအိပ်နားရန် ဂိဗာမြို့သို့ ဝင်သွား၍ မြို့အလယ်လမ်းဆုံလမ်းခွတွင် ထိုင်နေကြ၏။ သို့သော် မည်သူမျှ သူတို့ကို ညအိပ်နားရန် မခေါ်ကြ။