သူတို့ စိတ်ပျက်ကုန်ကြပြီ။ ဘာမျှပြန်မပြောကြတော့ပါ။ ပြောစရာစကားပင် မရှိကြတော့ပါ။
မဿဲ 22:26 - မြန်မာ့စံမီသမ္မာကျမ်း ဒုတိယညီနှင့်တတိယညီမှစ၍ ခုနစ်ယောက်မြောက်တိုင်အောင် ထိုနည်းတူဖြစ်ကြပါသည်။ Common Language Bible ဒုတိယညီ၊ တတိယညီစသည်ဖြင့်ညီအစ်ကို ခုနစ်ယောက်စလုံးပင်ထိုအမျိုးသမီးနှင့်စုံ ဖက်ပြီးနောက်သားသမီးမရဘဲသေဆုံးကြ ပါ၏။- Garrad Bible ထို နည်း တူ ဒု တိ ယ လူ တ တိ ယ လူ စ သည် တို့ သည် သ တ္တ မ လူ တိုင် အောင် ပြု ကြ ပါ သည်။ Judson Bible ထိုအတူ တစ်ယောက်နောက်တစ်ယောက် ခုနစ်ယောက်သောညီအစ်ကိုတို့သည် ထိုမိန်းမနှင့် စုံဖက်ပြီးမှ သေကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနည်းတူ ဒုတိယမြောက်ညီ၊ တတိယမြောက်ညီ စသည်ဖြင့် ညီအစ်ကိုခုနစ်ဦးလုံးသည် ထိုအမျိုးသမီးကို ယူ၍ သားသမီးမထွန်းကားဘဲ ကွယ်လွန်ကြ၏။ မြန်မာ ထိုအတူ တစ်ယောက်နောက်တစ်ယောက် ခုနစ်ယောက်သောညီအစ်ကိုတို့သည် ထိုမိန်းမနှင့် စုံဖက်ပြီးမှ သေကြ၏။- |
သူတို့ စိတ်ပျက်ကုန်ကြပြီ။ ဘာမျှပြန်မပြောကြတော့ပါ။ ပြောစရာစကားပင် မရှိကြတော့ပါ။
ထို့နောက် သူတို့၏တပည့်များကို ဟေရုဒ်၏လူများနှင့်အတူ အထံတော်သို့စေလွှတ်ကာ “ဆရာ၊ ဆရာသည် ဖြောင့်မှန်သောသူဖြစ်ပြီး ဘုရားသခင်၏တရားလမ်းကို သမ္မာတရားနှင့်အညီ သွန်သင်ကြောင်းကိုလည်းကောင်း၊ လူ့မျက်နှာကိုမထောက်သောကြောင့် မည်သူ့ကိုမျှ အားမနာကြောင်းကိုလည်းကောင်း အကျွန်ုပ်တို့သိကြပါ၏။
အကျွန်ုပ်တို့ထံတွင် ညီအစ်ကိုခုနစ်ဦးရှိခဲ့ရာ အစ်ကိုအကြီးဆုံးသည် အိမ်ထောင်ပြုပြီး မျိုးဆက်မရှိဘဲ သေဆုံးလျက် သူ၏မယားကို သူ့ညီထံ ထားရစ်ခဲ့ပါသည်။