ယေရှုသည် ဤအကြောင်းကိုသိ၍ ထိုအရပ်မှ ထွက်ခွာသွားတော်မူရာ များစွာသောလူထုပရိသတ်တို့သည် နောက်တော်သို့လိုက်ကြသဖြင့် သူတို့အားလုံးကို ကျန်းမာစေတော်မူပြီးလျှင်
မဿဲ 19:2 - မြန်မာ့စံမီသမ္မာကျမ်း များစွာသောလူထုပရိသတ်တို့သည်လည်း နောက်တော်သို့လိုက်ကြသဖြင့် ကိုယ်တော်သည် ထိုအရပ်၌ သူတို့ကို ကျန်းမာစေတော်မူ၏။ Common Language Bible လူပရိသတ်ကြီးသည်နောက်တော်သို့လိုက်ကြ၏။ ထိုအရပ်တွင်ကိုယ်တော်သည်သူနာများကို ကျန်းမာစေတော်မူ၏။ Garrad Bible ကြီး စွာ သော လူ ပ ရိ သတ် လိုက် လာ ကြ ရာ သူ နာ တို့ ကို ထို အ ရပ် တွင် ကျန်း မာ စေ တော် မူ ၏။ Judson Bible လူများအပေါင်းတို့သည် နောက်တော်သို့ လိုက်ကြသည်ဖြစ်၍၊ ထိုအရပ်၌ အနာရောဂါများကို ငြိမ်းစေတော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း လူအုပ်ကြီးသည်လည်း နောက်တော်သို့ လိုက်ကြသဖြင့် ထိုအရပ်တွင် ယေရှုသည် ဖျားနာသောသူများကို ကျန်းမာစေတော်မူ၏။ မြန်မာ လူများအပေါင်းတို့သည် နောက်တော်သို့ လိုက်ကြသည်ဖြစ်၍၊ ထိုအရပ်၌ အနာရောဂါများကို ငြိမ်းစေတော်မူ၏။- |
ယေရှုသည် ဤအကြောင်းကိုသိ၍ ထိုအရပ်မှ ထွက်ခွာသွားတော်မူရာ များစွာသောလူထုပရိသတ်တို့သည် နောက်တော်သို့လိုက်ကြသဖြင့် သူတို့အားလုံးကို ကျန်းမာစေတော်မူပြီးလျှင်
ထိုအခါ ဖာရိရှဲအချို့တို့သည် ကိုယ်တော်ကိုစမ်းသပ်လိုသဖြင့် အထံတော်သို့ချဉ်းကပ်လာ၍ “လူသည် မည်သည့်အကြောင်းကြောင့်မဆို မိမိမယားကို ကွာရှင်းခြင်းသည် တရားတော်နှင့်ညီသလော”ဟု မေးလျှောက်ကြ၏။