ထို့နောက် ယေရှုသည် နတ်ဆိုးကိုဆုံးမတော်မူလျှင် နတ်ဆိုးသည် သူငယ်အထဲမှထွက်သွားသဖြင့် သူငယ်သည် ထိုအချိန်မှစ၍ ကျန်းမာလာလေ၏။
မဿဲ 17:19 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ တပည့်တော်တို့သည် သူတို့ချည်းသာယေရှုထံသို့ ချဉ်းကပ်လာ၍ “အကျွန်ုပ်တို့သည် ထိုနတ်ဆိုးကို အဘယ်ကြောင့် မနှင်ထုတ်နိုင်ပါသနည်း”ဟု မေးလျှောက်ကြ၏။ Common Language Bible ထိုနောက်တပည့်တော်တို့သည်သခင်ယေရှုတစ် ကိုယ်တည်းရှိတော်မူသောအခါ အထံတော်သို့ ချဉ်းကပ်၍ ``အကျွန်ုပ်တို့သည်ထိုနတ်ကိုအဘယ် ကြောင့်နှင်ထုတ်၍မရပါသနည်း'' ဟုမေး လျှောက်ကြ၏။ Garrad Bible ယေ ရှု ထံ အ သီး အ ခြား ချဉ်း ကပ် လျက် အ ဘယ် ကြောင့် ထို နတ် ကို တ ပည့် တော် တို့ မ နှင် ထုတ် နိုင် ပါ သ နည်း ဟု မေး လျှောက် ကြ သော်၊ Judson Bible ထိုအခါ တပည့်တော်တို့သည် ဆိတ်ကွယ်ရာအရပ်၌ ယေရှုထံတော်သို့ ချဉ်းကပ်၍၊ အကျွန်ုပ်တို့သည် ထိုနတ်ဆိုးကို အဘယ်ကြောင့် မနှင်ထုတ်နိုင်ပါသနည်းဟု လျှောက်ကြသော်၊- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ တပည့်တော်တို့သည် ယေရှုထံတော်သို့ သီးခြားချဉ်းကပ်၍ “အကျွန်ုပ်တို့သည် ထိုနတ်ဆိုးကို အဘယ်ကြောင့် မနှင်ထုတ်နိုင်သနည်း” ဟု မေးလျှောက်ကြ၏။ မြန်မာ ထိုအခါ တပည့်တော်တို့သည် ဆိတ်ကွယ်ရာအရပ်၌ ယေရှုထံတော်သို့ ချဉ်းကပ်၍၊ အကျွန်ုပ်တို့သည် ထိုနတ်ဆိုးကို အဘယ်ကြောင့် မနှင်ထုတ်နိုင်ပါသနည်းဟု လျှောက်ကြသော်၊- |
ထို့နောက် ယေရှုသည် နတ်ဆိုးကိုဆုံးမတော်မူလျှင် နတ်ဆိုးသည် သူငယ်အထဲမှထွက်သွားသဖြင့် သူငယ်သည် ထိုအချိန်မှစ၍ ကျန်းမာလာလေ၏။
ကိုယ်တော်ကလည်း“သင်တို့၏မယုံကြည်မှုကြောင့်ဖြစ်၏။ သင်တို့အား ငါအမှန်ဆိုသည်ကား သင်တို့တွင် မုန်ညင်းနက်စေ့ခန့်မျှ ယုံကြည်ခြင်းရှိပါက ဤတောင်ကို ‘ဤနေရာမှ ထိုနေရာသို့ ရွေ့လော့’ဟု ပြောလျှင် ၎င်းသည် ရွေ့သွားလိမ့်မည်။ သင်တို့အတွက် မဖြစ်နိုင်သောအရာလည်း တစ်စုံတစ်ခုမျှရှိမည်မဟုတ်။
ကိုယ်တော်တစ်ပါးတည်းရှိတော်မူသောအခါ ကိုယ်တော်၏နောက်လိုက်နောက်ပါတို့နှင့် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့သည် ထိုပုံဥပမာများအကြောင်းကို မေးလျှောက်ကြ၏။
ထို့နောက် ကိုယ်တော်သည် အိမ်ထဲသို့ဝင်တော်မူလျှင် တပည့်တော်တို့က “အကျွန်ုပ်တို့သည် ထိုနတ်ဆိုးကို အဘယ်ကြောင့် မနှင်ထုတ်နိုင်ပါသနည်း”ဟု တိတ်တဆိတ်မေးလျှောက်ကြ၏။