ထာဝရဘုရားအား သင်တို့ပူဇော်သည့်ဘောဇဉ်ပူဇော်သက္ကာတိုင်းသည် တဆေးပါသောမုန့်မဖြစ်ရ။ တဆေးဖြစ်စေ၊ ပျားရည်ဖြစ်စေ မည်သည်ကိုမျှ ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောယဇ်အဖြစ် မရှို့ရ။
မဿဲ 16:6 - မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ယေရှုက“ဖာရိရှဲနှင့်ဇဒ္ဒုကဲတို့၏တဆေးကို အထူးသတိထားကြလော့”ဟု မိန့်တော်မူ၏။ Common Language Bible သခင်ယေရှုက ``သင်တို့သည်ဖာရိရှဲနှင့်ဇဒ္ဒုကဲ တို့၏တဆေးကိုသတိနှင့်ရှောင်ကြဉ်ကြလော့'' ဟုမိန့်တော်မူ၏။ Garrad Bible ထို နောက် ယေ ရှု က ဖာ ရိ ရှဲ တို့ နှင့် ဇ ဒ္ဒု ကဲ တို့၏ တ ဆေး ကို သ တိ ပြု၍ ကြဉ် ရှောင် ကြ လော့ ဟု မိန့် တော် မူ သော်၊ Judson Bible ယေရှုကလည်း၊ ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့၏တဆေးကို သတိနှင့် ကြဉ်ရှောင်ကြဟု မိန့်တော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့၏ တဆေးကို အထူး သတိပြုကြလော့” ဟု မိန့်တော်မူ၏။ မြန်မာ ယေရှုကလည်း၊ ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့၏တဆေးကို သတိနှင့် ကြဉ်ရှောင်ကြဟု မိန့်တော်မူ၏။- |
ထာဝရဘုရားအား သင်တို့ပူဇော်သည့်ဘောဇဉ်ပူဇော်သက္ကာတိုင်းသည် တဆေးပါသောမုန့်မဖြစ်ရ။ တဆေးဖြစ်စေ၊ ပျားရည်ဖြစ်စေ မည်သည်ကိုမျှ ထာဝရဘုရားထံ မီးဖြင့်ပူဇော်သောယဇ်အဖြစ် မရှို့ရ။
ထိုအခါ ဖာရိရှဲနှင့် ဇဒ္ဒုကဲတို့သည် ကိုယ်တော်ကိုစမ်းသပ်လိုသဖြင့် ချဉ်းကပ်လာ၍ ကောင်းကင်မှနိမိတ်လက္ခဏာကို ပြပေးပါရန် တောင်းဆိုကြ၏။
မုန့်နှင့်ပတ်သက်၍ သင်တို့အား ငါပြောသည်မဟုတ်ကြောင်းကို အဘယ်ကြောင့် သင်တို့နားမလည်ကြသနည်း။ ဖာရိရှဲနှင့်ဇဒ္ဒုကဲတို့၏တဆေးကိုမူကား သတိထားကြလော့”ဟု မိန့်တော်မူ၏။
ထိုအခါ တပည့်တော်တို့သည် ကိုယ်တော်က မုန့်၏တဆေးကိုသတိထားရန် မိန့်တော်မူသည်မဟုတ်ဘဲ ဖာရိရှဲနှင့်ဇဒ္ဒုကဲတို့၏သွန်သင်ချက်တို့ကိုသတိထားရန် မိန့်တော်မူကြောင်း နားလည်ကြ၏။
တပည့်တော်တို့သည် တစ်ဖက်ကမ်းသို့လာကြသောအခါ မုန့်ကိုယူဆောင်လာရန် မေ့လျော့ကြ၏။
တပည့်တော်တို့ကလည်း “ငါတို့မုန့်မယူဆောင်ခဲ့သောကြောင့်ဖြစ်သည်”ဟု အချင်းချင်းအချေအတင်ပြောဆိုကြ၏။
သို့သော် သူ၏ဗတ္တိဇံကိုခံရန် များစွာသောဖာရိရှဲနှင့်ဇဒ္ဒုကဲတို့လာကြသည်ကိုမြင်လျှင် ယောဟန်က “မြွေဆိုးအမျိုးတို့၊ ရောက်လာမည့်အမျက်တော်မှ ထွက်ပြေးရန် မည်သူက သင်တို့ကို သတိပေးခဲ့သနည်း။
ထိုအခါ ကိုယ်တော်က“ဖာရိရှဲတို့၏တဆေးနှင့် ဟေရုဒ်၏တဆေးတို့ကို အထူးသတိပြုကြလော့”ဟု မိန့်မှာတော်မူ၏။
ထိုအခါ ထောင်ပေါင်းများစွာသောလူထုပရိသတ်တို့သည် စုဝေးလာကြ၍ အချင်းချင်းပင်နင်းမိမတတ်ဖြစ်ကြ၏။ ကိုယ်တော်သည် တပည့်တော်တို့အား ဦးစွာမြွက်ဆိုတော်မူသည်မှာ“ဖာရိရှဲတို့၏တဆေးဖြစ်သည့် သူတော်ကောင်းယောင်ဆောင်မှုကို သတိထားကြလော့။
ထို့နောက် လူတို့အား“လောဘလွန်ကျူးခြင်းအမျိုးမျိုးကို သတိပြု၍ရှောင်ကြဉ်ကြလော့။ အကြောင်းမူကား လူ၏အသက်သည် သူ၏ဥစ္စာပစ္စည်းကြွယ်ဝမှုအပေါ်၌တည်သည်မဟုတ်”ဟု မိန့်တော်မူ၏။
ထို့ကြောင့် တပည့်တော်တို့က “တစ်စုံတစ်ယောက်သည် ကိုယ်တော်အား စားစရာကိုယူလာပေးပြီလော”ဟု အချင်းချင်းပြောဆိုကြ၏။