သင်တို့အား ငါအမှန်ဆိုမည်။ မိန်းမတို့မှ မွေးဖွားလာသောသူတို့တွင် ဗတ္တိဇံဆရာယောဟန်ထက် ကြီးမြတ်သောသူတစ်ယောက်မျှ မပေါ်ထွန်းခဲ့ဖူးပေ။ သို့သော် ကောင်းကင်နိုင်ငံတော်၌ အငယ်ဆုံးသောသူသည် သူ့ထက်ကြီးမြတ်၏။
မဿဲ 14:2 - မြန်မာ့စံမီသမ္မာကျမ်း သူ၏ငယ်သားတို့အား “ဤသူသည် ဗတ္တိဇံဆရာယောဟန်ဖြစ်၏။ သူသည် သေသောသူတို့ထဲမှ ထမြောက်လေပြီ။ ထို့ကြောင့် သူ၌တန်ခိုးလက္ခဏာများထင်ရှားနေ၏”ဟု ဆိုလေ၏။ Common Language Bible ``ဤသူသည်ဗတ္တိဇံဆရာယောဟန်ပင်တည်း။ သူသည်သေရာမှအသက်ပြန်ရှင်လေပြီ။ သို့ ဖြစ်၍အံ့ဖွယ်နိမိတ်လက္ခဏာများကိုပြုလျက် ရှိ၏'' ဟုမိမိအမှုထမ်းအရာထမ်းတို့အား မိန့်တော်မူ၏။ Garrad Bible ထို သူ ကား ဗ တ္တိ ဇံ ဆ ရာ ယော ဟန် ဖြစ် သည်။ သူ သေ တို့ အ ထဲ မှ ရှင် ပြန် ထ မြောက် လေ ပြီ။ ထို ကြောင့် သူ၌ အ မှု ကြီး များ ထင် ရှား သည် ဟု အ ခြွေ အ ရံ တို့ အား ဆို၏။ Judson Bible ဤသူကား ဗတ္တိဇံဆရာယောဟန် ဖြစ်သည်။ သေခြင်းမှ ထမြောက်လေပြီ။ ထိုကြောင့် တန်ခိုးများကို ပြနိုင်သည်ဟု မိမိငယ်သားတို့အား ဆို၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သူ၏ အကြံပေးပုဂ္ဂိုလ်တို့အား “ဤသူသည် နှစ်ခြင်းဆရာယောဟန်ဖြစ်၏။ သူသည် သေရာမှပြန်ရှင်ပြီ။ ထို့ကြောင့် သူသည် ထိုအံ့ဖွယ်တန်ခိုးများကို ပြနိုင်ခြင်းဖြစ်သည်” ဟု ဆိုလေ၏။ မြန်မာ ဤသူကား ဗတ္တိဇံဆရာယောဟန် ဖြစ်သည်။ သေခြင်းမှ ထမြောက်လေပြီ။ ထိုကြောင့် တန်ခိုးများကို ပြနိုင်သည်ဟု မိမိငယ်သားတို့အား ဆို၏။- |
သင်တို့အား ငါအမှန်ဆိုမည်။ မိန်းမတို့မှ မွေးဖွားလာသောသူတို့တွင် ဗတ္တိဇံဆရာယောဟန်ထက် ကြီးမြတ်သောသူတစ်ယောက်မျှ မပေါ်ထွန်းခဲ့ဖူးပေ။ သို့သော် ကောင်းကင်နိုင်ငံတော်၌ အငယ်ဆုံးသောသူသည် သူ့ထက်ကြီးမြတ်၏။
တပည့်တော်တို့ကလည်း “အချို့တို့က ဗတ္တိဇံဆရာယောဟန်ဟုဆိုကြ၍ အချို့တို့က ဧလိယဟုဆိုကြပါသည်။ အချို့တို့ကလည်း ယေရမိ၊ သို့မဟုတ် ပရောဖက်များထဲမှ တစ်ပါးပါးဖြစ်သည်ဟုဆိုကြပါသည်”ဟူ၍ လျှောက်ကြ၏။
ကိုယ်တော်၏နာမတော်သည် ထင်ပေါ်ကျော်ကြားလာသဖြင့် ဟေရုဒ်မင်း၏နားတော်သို့ရောက်လေ၏။ လူအချို့တို့က “ဗတ္တိဇံဆရာယောဟန်သည် သေသောသူတို့ထဲမှ ထမြောက်လေပြီ။ ထို့ကြောင့် သူ၌ တန်ခိုးလက္ခဏာများထင်ရှားနေ၏”ဟု ဆိုကြ၏။
တပည့်တော်တို့ကလည်း “ဗတ္တိဇံဆရာယောဟန်ဟု ဆိုကြပါသည်။ သို့သော် အချို့တို့က ဧလိယဟု ဆိုကြ၍ အချို့တို့ကလည်း ပရောဖက်များထဲမှတစ်ပါးပါးဖြစ်သည်ဟု ဆိုကြပါသည်”ဟူ၍ ပြန်လျှောက်ကြ၏။
နယ်စားဟေရုဒ်သည် ဖြစ်ပျက်နေသောအရာအားလုံးကိုကြားရသောအခါ ဝေခွဲမရဖြစ်လေ၏။ အဘယ်ကြောင့်ဆိုသော် လူအချို့တို့က “ယောဟန်သည် သေသောသူတို့ထဲမှ ထမြောက်လေပြီ”ဟူ၍လည်းကောင်း၊
လူများစွာတို့သည် ကိုယ်တော်ထံသို့ရောက်လာ၍ “ယောဟန်သည် မည်သည့်နိမိတ်လက္ခဏာကိုမျှ မပြုခဲ့သော်လည်း ဤသူနှင့်ပတ်သက်၍ သူပြောဆိုခဲ့သောအရာအားလုံးတို့သည် မှန်ပေ၏”ဟု ဆိုကြ၏။