သူတို့သည် ဆာလောင်မည်မဟုတ်၊ ရေငတ်မည်မဟုတ်။ အပူဒဏ်၊ နေဒဏ်ကိုလည်း မခံရ။ အကြောင်းမူကား သူတို့ကိုသနားသောသူသည် သူတို့ကိုဦးဆောင်ပေးလိမ့်မည်။ စမ်းရေတွင်းသို့ လမ်းပြပေးလိမ့်မည်။
မဿဲ 13:6 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် နေထွက်လာ၍ နေလောင်ဒဏ်ခံရသောအခါ အမြစ်မစွဲသောကြောင့် ညှိုးနွမ်းခြောက်သွေ့သွားလေ၏။ Common Language Bible နေထွက်သောအခါနေပူလောင်၍အမြစ်မစွဲ သည့်အတွက်ညှိုးနွမ်း၍သွားကြ၏။- Garrad Bible နေ ထွက် သော အ ခါ အ ပူ လောင်၍ အ မြစ် မ စွဲ သည့် အ တွက် ညှိုး နွမ်း သေ ပျောက်၏။ Judson Bible နေထွက်သောအခါ ပူလောင်သည်ဖြစ်၍ အမြစ်မစွဲသောကြောင့် ညှိုးနွမ်းပျက်စီးခြင်းသို့ ရောက်ကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော်လည်း နေထွက်သောအခါ အပူဒဏ်ခံရပြီး အမြစ်လည်းမစွဲသောကြောင့် ညှိုးနွမ်းသွားကြ၏။ မြန်မာ နေထွက်သောအခါ ပူလောင်သည်ဖြစ်၍ အမြစ်မစွဲသောကြောင့် ညှိုးနွမ်းပျက်စီးခြင်းသို့ ရောက်ကြ၏။- |
သူတို့သည် ဆာလောင်မည်မဟုတ်၊ ရေငတ်မည်မဟုတ်။ အပူဒဏ်၊ နေဒဏ်ကိုလည်း မခံရ။ အကြောင်းမူကား သူတို့ကိုသနားသောသူသည် သူတို့ကိုဦးဆောင်ပေးလိမ့်မည်။ စမ်းရေတွင်းသို့ လမ်းပြပေးလိမ့်မည်။
သို့သော် သူ၌အမြစ်မစွဲသဖြင့် ခဏသာခံ၏။ တရားစကားကြောင့် ဆင်းရဲဒုက္ခ၊ သို့မဟုတ် ညှဉ်းဆဲခြင်းရောက်လာသောအခါ ချက်ချင်းစိတ်ပျက်သွားလေ၏။
အချို့တို့မူကား မြေနည်း၍ ကျောက်ပေါသောနေရာတွင်ကျသဖြင့် မြေသားပါးသောကြောင့် ချက်ချင်းအပင်ပေါက်လာ၏။
အချို့တို့မူကား ဆူးပင်တို့တွင်ကျသဖြင့် ဆူးပင်တို့ကြီးထွားလာ၍ ၎င်းတို့ကို ကာဆီးပိတ်ဆို့ကြ၏။
သို့သော် နေထွက်လာ၍ နေလောင်ဒဏ်ခံရသောအခါ အမြစ်မစွဲသောကြောင့် ညှိုးနွမ်းခြောက်သွေ့သွားလေ၏။
ကျောက်ပေါ်၌ကျသည်ဆိုသည်မှာ တရားစကားကိုကြား၍ ဝမ်းမြောက်စွာဖြင့်လက်ခံသောသူတို့ကိုဆိုလို၏။ သို့သော် သူတို့၌အမြစ်မစွဲသဖြင့် ခေတ္တခဏသာယုံကြည်၍ စုံစမ်းနှောင့်ယှက်ခြင်းအချိန်၌ ဖောက်ပြန်သွားကြ၏။
ယုံကြည်ခြင်းအားဖြင့် သင်တို့စိတ်နှလုံးထဲ၌ ခရစ်တော်သည် ကိန်းဝပ်တော်မူမည့်အကြောင်းနှင့် သင်တို့သည် မေတ္တာတော်၌ အမြစ်တွယ်၍အုတ်မြစ်ချထားကာ
သို့သော် သင်တို့သည် သင်တို့ကြားခဲ့ရသည့် ကောင်းမြတ်သောသတင်း၏မျှော်လင့်ခြင်းမှ သွေဖည်မသွားဘဲ ခိုင်မြဲစွာအုတ်မြစ်ချထားသည့် ယုံကြည်ခြင်း၌ ဆက်၍တည်နေရမည်။ ထိုကောင်းမြတ်သောသတင်းကို ကောင်းကင်အောက်ရှိ ဖန်ဆင်းခံလောကတစ်ခုလုံးအား ဟောပြောနေသည်ဖြစ်၍ ငါပေါလုသည် ၎င်း၏အမှုတော်ဆောင်ဖြစ်လာ၏။
ကိုယ်တော်၌အမြစ်တွယ်၍ တည်ဆောက်ခြင်းခံရကာ သင်တို့သင်ယူခဲ့သည့်အတိုင်း ယုံကြည်ခြင်း၌တည်မြဲလျက် ကျေးဇူးတော်ချီးမွမ်းခြင်းနှင့်ပြည့်စုံကြလော့။
သူတို့သည် နောက်တစ်ဖန် ဆာလောင်ခြင်း၊ ရေငတ်ခြင်း ရှိတော့မည်မဟုတ်။ နေ၊ သို့မဟုတ် အခြားမည်သည့်အပူရှိန်မျှ သူတို့အပေါ်ကျရောက်မည်မဟုတ်။