အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




မဿဲ 13:43 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထိုအခါ ဖြောင့်မတ်​သော​သူ​တို့​သည် သူ​တို့​အဖ​၏​နိုင်ငံ​တော်​၌ နေ​ကဲ့သို့ ထွန်းလင်း​ကြ​လိမ့်မည်။ နား​ရှိ​သော​သူ​သည် ကြား​ပါစေ။

အခန်းကိုကြည့်ပါ။

Common Language Bible

ထို​အ​ခါ​သူ​တော်​ကောင်း​တို့​သည်​အ​ဖ​ဘု​ရား​၏ နိုင်​ငံ​တော်​တွင်​နေ​ကဲ့​သို့​ထွန်း​လင်း​တောက်​ပ​လျက် နေ​ကြ​လတ္တံ့။ ကြား​တတ်​သော​နား​ရှိ​သူ​ကြား​ကြ ကုန်​လော့။

အခန်းကိုကြည့်ပါ။

Garrad Bible

ထို အ ခါ သူ တော် ကောင်း တို့ သည် ကိုယ့် အ ဘ၏ နိုင် ငံ တော် တွင် နေ ကဲ့ သို့ ထွန်း လင်း ကြ လိမ့် မည်။ နား ရှိ သူ ကြား နာ စေ။

အခန်းကိုကြည့်ပါ။

Judson Bible

ထို​အ​ခါ ဖြောင့်​မတ်​သော​သူ​တို့​သည် နေ​ထွန်း​လင်း​သ​ကဲ့​သို့ မိ​မိ​တို့​အ​ဘ၏ နိုင်​ငံ​တော်၌ ထွန်း​လင်း​ကြ​လ​တ္တံ့။ ကြား​စ​ရာ​နား​ရှိ​သော​သူ မည်​သည်​ကား ကြား​ပါ​စေ။

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ဖြောင့်မတ်သော​သူတို့​မှာမူ ခမည်းတော်​၏​နိုင်ငံတော်​တွင် နေ​ကဲ့သို့ တောက်ပ​လိမ့်မည်။ နား​ရှိသောသူ​သည် ကြား​၍ နားလည်ပါစေ။

အခန်းကိုကြည့်ပါ။

မြန်မာ

ထို​အ​ခါ ဖြောင့်​မတ်​သော​သူ​တို့​သည် နေ​ထွန်း​လင်း​သ​ကဲ့​သို့ မိ​မိ​တို့​အ​ဘ၏ နိုင်​ငံ​တော်၌ ထွန်း​လင်း​ကြ​လ​တ္တံ့။ ကြား​စ​ရာ​နား​ရှိ​သော​သူ မည်​သည်​ကား ကြား​ပါ​စေ။

အခန်းကိုကြည့်ပါ။



မဿဲ 13:43
14 ပူးပေါင်းရင်းမြစ်များ  

မောရှေ​၏​မျက်နှာ​ထွန်းပ​နေ​သည်​ကို အစ္စရေး​အမျိုးသား​တို့​မြင်​ရ​၏​။ ထို့ကြောင့် မောရှေ​သည် ကိုယ်တော့်​ထံ​ဝင်​၍ ကိုယ်တော်​နှင့်​စကား​မ​ပြော​မီ​အချိန်​အထိ မိမိ​မျက်နှာ​ကို မျက်နှာဖုံး​ဖြင့် ပြန်၍​ဖုံးအုပ်​ထား​၏​။


ပညာသတိ​ရှိ​သော​သူ​တို့​သည် မိုးမျက်နှာကြက်​ကဲ့သို့ ထွန်းလင်းတောက်ပ​ကြ​လိမ့်မည်​။ လူ​များစွာ​ကို​ဖြောင့်မတ်​ရာ​သို့​ပို့ဆောင်​ပေး​သော​သူ​တို့​သည် ကြယ်​များ​ကဲ့သို့ အစဉ်​ထွန်းလင်း​တောက်ပ​နေ​လိမ့်မည်​။


နား​ရှိ​သော​သူ​သည် ကြား​ပါစေ။


ထို့နောက် မင်းကြီး​သည် မိမိ​၏​လက်ယာ​တော်​ဘက်​၌​ရှိ​သော​သူ​တို့​အား ‘ငါ့​ခမည်းတော်​ထံမှ ကောင်းချီး​မင်္ဂလာ​ခံစား​ရ​သော​သူ​တို့၊ ကမ္ဘာ​တည်​ကတည်းက သင်​တို့​အတွက် ပြင်ဆင်​ထား​သော​နိုင်ငံ​တော်​ကို လာ​၍ အမွေ​ဆက်ခံ​ကြ​လော့။


ငါ​သည် အဝတ်မပါ​အချည်းစည်း​ဖြစ်​သောအခါ သင်​တို့​သည် ငါ့​ကို​ဝတ်စရာ​ပေး​ကြ​၏။ ငါ​သည် နာမကျန်း​ဖြစ်​သောအခါ သင်​တို့​သည် ငါ့​ကို​ကြည့်ရှု​ကြ​၏။ ငါ​သည် ထောင်​ကျ​သောအခါ သင်​တို့​သည် ငါ့​ထံသို့​လာ​ကြ​၏’​ဟု မိန့်​တော်မူ​လိမ့်မည်။


သင်​တို့​အား ငါ​ဆို​သည်​ကား ငါ့​ခမည်းတော်​၏​နိုင်ငံ​တော်​၌ သင်​တို့​နှင့်အတူ​အသစ်​ပြန်​သောက်​မည့် ထို​နေ့ရက်​တိုင်အောင် ယခု​မှစ၍ စပျစ်​သီး​မှ​ဖြစ်​သော​ဤ​အရည်​ကို ငါ​လုံးဝ​သောက်​မည်​မ​ဟုတ်”​ဟု မိန့်​တော်မူ​၏။


ကြား​စရာ​နား​ရှိ​သော​သူ​သည် ကြား​ပါစေ”​ဟု မိန့်​တော်မူ​၏။


သိုးစု​ငယ်၊ မ​ကြောက်​နှင့်။ အကြောင်းမူကား သင်​တို့​အဖ​သည် သင်​တို့​အား နိုင်ငံ​တော်​ပေး​ရ​သည်​ကို နှစ်သက်​တော်မူ​၏။


ငါ​၏​ခမည်းတော်​သည် နိုင်ငံ​တော်​ကို ငါ့​အား​အပ်နှင်း​တော်မူ​သကဲ့သို့ ငါ​သည်​လည်း နိုင်ငံ​တော်​ကို သင်​တို့​အား​အပ်နှင်း​သဖြင့်


ထို့ကြောင့် ငါ​ချစ်​သော​ညီအစ်ကို​တို့၊ သခင်​ဘုရား​၌ သင်​တို့​၏​ကြိုးပမ်း​အားထုတ်​မှု​သည် အချည်းနှီး​မ​ဖြစ်​ကြောင်း​သိမှတ်​၍ ခိုင်မြဲ​စွာ​ရပ်တည်​လျက် ဖောက်ပြန်​ရွေ့လျော​ခြင်း​မ​ရှိ​ဘဲ သခင်​ဘုရား​၏​အမှု​တော်​ကို အစဉ်အမြဲ စွမ်းစွမ်းတမံ​ဆောင်ရွက်​ကြ​လော့။


ငါ​ချစ်​သော​ညီအစ်ကို​တို့၊ နားထောင်​ကြ​လော့။ ဘုရားသခင်​သည် ဤ​လောက​တွင် ဆင်းရဲ​သော​သူ​တို့​ကို ယုံကြည်​ခြင်း​၌​ကြွယ်ဝ​သော​သူ​အဖြစ်​လည်းကောင်း၊ ကိုယ်တော်​ကို​ချစ်​သော​သူ​တို့​အား ကတိ​ထား​တော်မူ​သော​နိုင်ငံ​တော်​ကို အမွေ​ဆက်ခံ​သူ​အဖြစ်​လည်းကောင်း ရွေးကောက်​တော်မူ​သည်​မ​ဟုတ်​လော။