ထို့နောက် တပည့်တော်တို့ဘက်သို့လှည့်၍“သင်တို့မြင်နေရသည့်အရာများကို မြင်ရသောမျက်စိတို့သည် မင်္ဂလာရှိကြ၏။
မဿဲ 13:17 - မြန်မာ့စံမီသမ္မာကျမ်း သင်တို့အား ငါအမှန်ဆိုသည်ကား များစွာသောပရောဖက်တို့နှင့် ဖြောင့်မတ်သောသူတို့သည် သင်တို့မြင်နေရသောအရာတို့ကိုမြင်ရရန်အလွန်အလိုရှိသော်လည်း မမြင်ခဲ့ရကြပေ။ သင်တို့ကြားနေရသောအရာတို့ကိုကြားရရန် အလွန်အလိုရှိသော်လည်းမကြားခဲ့ရကြပေ။ Common Language Bible အမှန်အကန်သင်တို့အားငါဆိုသည်ကား သင် တို့မြင်ရသည့်အရာများကို ပရောဖက်နှင့် သူတော်ကောင်းအမြောက်အမြားပင်မြင်လိုကြ သော်လည်းမမြင်ရကြ။ သင်တို့ကြားရသည့် အရာများကို သူတို့ကြားလိုကြသော်လည်း မကြားရကြ။ Garrad Bible သင် တို့ မြင် သော အ ရာ များ ကို ပ ရော ဖက် နှင့် သူ တော် ကောင်း အ များ သည် မြင် လို သော် လည်း မ မြင် ရ ကြ။ သင် တို့ ကြား သော အ ရာ များ ကို ကြား လို သော် လည်း မ ကြား ရ ကြ။ Judson Bible ငါအမှန်ဆိုသည်ကား၊ သင်တို့ မြင်ရသောအရာတို့ကို ပရောဖက်များနှင့် ဖြောင့်မတ်သော သူများတို့သည် မြင်ခြင်းငှာ အလိုရှိသော်လည်း မမြင်ရကြ။ သင်တို့ကြားရသော အရာတို့ကို ကြားခြင်းငှာ အလိုရှိသော်လည်း မကြားရကြ။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့အား ငါအမှန်ဆို၏။ သင်တို့မြင်ရသောအရာတို့ကို ရှေးခေတ်က ပရောဖက်များနှင့် ဖြောင့်မတ်သောသူတို့သည် မြင်လိုခဲ့ကြ၏။ သို့သော်လည်း မမြင်ခဲ့ကြရ။ သင်တို့ကြားရသောအကြောင်းအရာတို့ကိုလည်း ကြားလိုခဲ့ကြ၏။ သို့သော်လည်း မကြားခဲ့ကြရ။ မြန်မာ ငါအမှန်ဆိုသည်ကား၊ သင်တို့ မြင်ရသောအရာတို့ကို ပရောဖက်များနှင့် ဖြောင့်မတ်သော သူများတို့သည် မြင်ခြင်းငှာ အလိုရှိသော်လည်း မမြင်ရကြ။ သင်တို့ကြားရသော အရာတို့ကို ကြားခြင်းငှာ အလိုရှိသော်လည်း မကြားရကြ။- |
ထို့နောက် တပည့်တော်တို့ဘက်သို့လှည့်၍“သင်တို့မြင်နေရသည့်အရာများကို မြင်ရသောမျက်စိတို့သည် မင်္ဂလာရှိကြ၏။
သင်တို့အား ငါဆိုသည်ကား များစွာသောပရောဖက်တို့နှင့် ရှင်ဘုရင်တို့သည် သင်တို့မြင်နေရသောအရာတို့ကိုမြင်ရရန် အလိုရှိသော်လည်း မမြင်ခဲ့ရကြပေ။ သင်တို့ကြားနေရသောအရာတို့ကိုကြားရရန် အလိုရှိသော်လည်း မကြားခဲ့ရကြပေ”ဟု သူတို့ကိုသာ သီးခြားမိန့်တော်မူ၏။
သင်တို့အဖအာဗြဟံသည် ငါ၏နေ့ရက်ကိုတွေ့မြင်ရမည်ဖြစ်၍ ရွှင်မြူးလျက် တွေ့မြင်ရသောအခါ ဝမ်းမြောက်လေ၏”ဟု မိန့်တော်မူ၏။
ထိုသူအပေါင်းတို့သည် ကတိပေးတော်မူသောအရာများကို မခံစားရသော်လည်း ၎င်းတို့ကို အဝေးမှလှမ်းမြင်၍ ကြိုဆိုလက်ခံကာ မိမိတို့သည် မြေကြီးပေါ်၌ အာဂန္တုများနှင့်သူစိမ်းဧည့်သည်များသာဖြစ်ကြောင်း ဝန်ခံလျက် ယုံကြည်ရင်းသေလွန်ကြ၏။