လူ့သားအပေါ် ဆန့်ကျင်သည့်စကားကိုပြောဆိုသောသူသည် ခွင့်လွှတ်ခြင်းခံရမည်ဖြစ်သော်လည်း သန့်ရှင်းသောဝိညာဉ်တော်ကို ဆန့်ကျင်ပြောဆိုသောသူသည် ယခုဘဝ၌ဖြစ်စေ၊ နောင်ဘဝ၌ဖြစ်စေ ခွင့်လွှတ်ခြင်းခံရမည်မဟုတ်။
မဿဲ 12:8 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား လူ့သားသည် ဥပုသ်နေ့၏အရှင်သခင်ဖြစ်၏”ဟု မိန့်တော်မူ၏။ Common Language Bible လူသားသည်ဥပုသ်နေ့၏အရှင်ဖြစ်သည်'' ဟု မိန့်တော်မူ၏။ Garrad Bible လူ့ သား သည် ဥ ပုသ် နေ့၏ အ ရှင် ဖြစ် သည် ဟု မိန့် တော် မူ၏။ Judson Bible လူသားသည် ဥပုသ်နေ့ကို အစိုးရသည်ဟု မိန့်တော်မူ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် လူသားသည် ဥပုသ်နေ့၏ အရှင်သခင် ဖြစ်သောကြောင့်ပင် ဖြစ်၏” ဟု မိန့်တော်မူ၏။ မြန်မာ လူသားသည် ဥပုသ်နေ့ကို အစိုးရသည်ဟု မိန့်တော်မူ၏။- |
လူ့သားအပေါ် ဆန့်ကျင်သည့်စကားကိုပြောဆိုသောသူသည် ခွင့်လွှတ်ခြင်းခံရမည်ဖြစ်သော်လည်း သန့်ရှင်းသောဝိညာဉ်တော်ကို ဆန့်ကျင်ပြောဆိုသောသူသည် ယခုဘဝ၌ဖြစ်စေ၊ နောင်ဘဝ၌ဖြစ်စေ ခွင့်လွှတ်ခြင်းခံရမည်မဟုတ်။
အကြောင်းမူကား ယောနသည် ငါးကြီးဝမ်းထဲ၌ သုံးနေ့နှင့်သုံးညနေခဲ့ရသကဲ့သို့ လူ့သားသည်လည်း မြေကြီးအတွင်း၌ သုံးနေ့နှင့်သုံးညနေရလိမ့်မည်။
ယေရှုကလည်း“မြေခွေးတို့၌ တွင်းရှိကြ၏။ မိုးကောင်းကင်ငှက်တို့၌လည်း အသိုက်ရှိကြ၏။ လူ့သား၌မူကား ခေါင်းချစရာနေရာမရှိ”ဟု မိန့်တော်မူ၏။
သို့သော် လူ့သားသည် မြေကြီးပေါ်၌ အပြစ်များခွင့်လွှတ်ပိုင်ခွင့်ရှိကြောင်း သင်တို့သိစေရန်”ဟု မိန့်တော်မူပြီးလျှင် လေဖြတ်သောသူအား“ထလော့။ သင်၏အိပ်ရာကိုဆောင်ယူ၍ အိမ်သို့ပြန်လော့”ဟု မိန့်တော်မူ၏။
ငါလာသောအခါမှ အလှူကောက်ခံခြင်းမရှိစေရန် ရက်သတ္တပတ်၏ပထမနေ့တိုင်းတွင် သင်တို့တစ်ဦးစီသည် မိမိတို့ကြီးပွားသည့်အတိုင်း တစ်စုံတစ်ခုကိုဖယ်ထား၍ စုဆောင်းထားကြလော့။
ငါသည် ဘုရားသခင်၏ပညတ်တရားနှင့် ကင်းဝေးသောသူမဟုတ်ဘဲ ခရစ်တော်၏ပညတ်တရားအောက်၌ရှိသော်လည်း ပညတ်တရားနှင့်ကင်းဝေးသောသူတို့ကိုရရှိနိုင်ရန် ပညတ်တရားနှင့်ကင်းဝေးသောသူတို့တွင် ပညတ်တရားနှင့်ကင်းဝေးသောသူကဲ့သို့ဖြစ်၏။
သခင်ဘုရား၏နေ့တွင် ငါသည် ဝိညာဉ်တော်၌ရှိစဉ် တံပိုးခရာသံကဲ့သို့ ကျယ်လောင်သောအသံကို ငါ့နောက်၌ကြားရ၏။