အကျွန်ုပ်သည် ကိုယ်တော်၏သက်သေခံချက်တို့ကို ရှင်ဘုရင်များရှေ့တွင်ပြောကြားပါမည်။ အကျွန်ုပ်သည် အရှက်ကွဲရလိမ့်မည်မဟုတ်ပါ။
မဿဲ 10:32 - မြန်မာ့စံမီသမ္မာကျမ်း သို့ဖြစ်၍ မည်သူမဆို လူတို့ရှေ့၌ငါ့ကိုဝန်ခံလျှင် ငါသည်လည်း ကောင်းကင်ဘုံ၌ရှိတော်မူသောငါ့ခမည်းတော်ရှေ့၌ ထိုသူကိုဝန်ခံမည်။ Common Language Bible ``သို့ဖြစ်၍ငါ့ကိုအရှင်သခင်အဖြစ်လူတို့ ရှေ့တွင်ထုတ်ဖော်ဝန်ခံသူကိုငါ၏တပည့်အဖြစ် ဖြင့် ကောင်းကင်ဘုံရှင်ငါ့အဖ၏ရှေ့တော်တွင်ငါ ထုတ်ဖော်ဝန်ခံမည်။- Garrad Bible မည် သူ မ ဆို၊ လူ တို့ ရှေ့ ငါ့ ကို ဝန် ခံ လျှင် ကောင်း ကင် ဘုံ စံ ငါ့ ခ မည်း တော် ရှေ့၊ Judson Bible အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုဝန်ခံအံ့။ ကောင်းကင်ဘုံ၌ရှိသော ငါ၏ခမည်းတော်ရှေ့မှာ ထိုသူကို ငါဝန်ခံမည်။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ဖြစ်၍ လူတို့ရှေ့တွင် ငါ့ကို ထုတ်ဖော်ဝန်ခံသူ ရှိသမျှတို့ကို ငါသည်လည်း ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်ရှေ့တွင် ထုတ်ဖော်ဝန်ခံမည်။ မြန်မာ အကြင်သူသည် လူတို့ရှေ့မှာ ငါ့ကိုဝန်ခံအံ့။ ကောင်းကင်ဘုံ၌ရှိသော ငါ၏ခမည်းတော်ရှေ့မှာ ထိုသူကို ငါဝန်ခံမည်။- |
အကျွန်ုပ်သည် ကိုယ်တော်၏သက်သေခံချက်တို့ကို ရှင်ဘုရင်များရှေ့တွင်ပြောကြားပါမည်။ အကျွန်ုပ်သည် အရှက်ကွဲရလိမ့်မည်မဟုတ်ပါ။
ထို့နောက် မင်းကြီးသည် မိမိ၏လက်ယာတော်ဘက်၌ရှိသောသူတို့အား ‘ငါ့ခမည်းတော်ထံမှ ကောင်းချီးမင်္ဂလာခံစားရသောသူတို့၊ ကမ္ဘာတည်ကတည်းက သင်တို့အတွက် ပြင်ဆင်ထားသောနိုင်ငံတော်ကို လာ၍ အမွေဆက်ခံကြလော့။
ထိုနည်းတူ နောင်တရသောအပြစ်သားတစ်ဦးအတွက် ဘုရားသခင်၏ကောင်းကင်တမန်များထဲတွင်ဝမ်းမြောက်ခြင်းရှိ၏ဟု သင်တို့အား ငါဆို၏”ဟူ၍ မိန့်တော်မူ၏။
သူ၏မိဘတို့သည် ဂျူးလူမျိုးတို့ကိုကြောက်၍ ဤသို့ပြောဆိုကြခြင်းဖြစ်၏။ အကြောင်းမူကား ဂျူးလူမျိုးတို့သည် မည်သူမဆို ယေရှုကို ခရစ်တော်ဖြစ်ကြောင်းဝန်ခံလျှင် ဝတ်ပြုစည်းဝေးကျောင်းမှ ထုတ်ပယ်မည်ဟု သဘောတူဆုံးဖြတ်ထားသောကြောင့်ဖြစ်၏။
ထို့ကြောင့် ငါတို့၏သခင်ဘုရားအကြောင်း သက်သေခံသည်ကိုလည်းကောင်း၊ ငါသည် ကိုယ်တော်အတွက် အကျဉ်းသားဖြစ်သည်ကိုလည်းကောင်း ရှက်ကြောက်ခြင်းမရှိဘဲ ဘုရားသခင်၏တန်ခိုးတော်အားဖြင့် ကောင်းမြတ်သောသတင်းအတွက် ငါနှင့်အတူဆင်းရဲဒုက္ခကိုခံလော့။
မည်သူမဆို ယေရှုသည် ဘုရားသခင်၏သားတော်ဖြစ်ကြောင်းဝန်ခံလျှင် ဘုရားသခင်သည် ထိုသူ၌တည်တော်မူ၍ ထိုသူသည်လည်း ဘုရားသခင်၌တည်၏။
သင်သည် မည်သည့်အရပ်၌နေထိုင်သည်ကို ငါသိ၏။ ထိုအရပ်၌ စာတန်၏ပလ္လင်ရှိ၏။ ငါ၌သစ္စာရှိသော ငါ၏သက်သေအန္တိပသည် စာတန်နေထိုင်ရာအရပ်ဖြစ်သောသင်တို့ထံ၌ အသတ်ခံရသည့်အချိန်၌ပင် သင်သည် ငါ၏နာမကိုစွဲကိုင်လျက် ငါ့အပေါ်ထားသောယုံကြည်ခြင်းကို မစွန့်ပယ်ခဲ့ချေ။
အောင်မြင်သောသူသည် ထိုကဲ့သို့ပင် ဖြူသောဝတ်ရုံကိုဝတ်ဆင်ရလိမ့်မည်။ ငါသည်လည်း သူ၏နာမည်ကို အသက်စာစောင်မှ လုံးဝပယ်ဖျက်မည်မဟုတ်။ ငါသည် သူ၏နာမည်ကို ငါ့ခမည်းတော်ရှေ့၌လည်းကောင်း၊ ကိုယ်တော်၏ကောင်းကင်တမန်များရှေ့၌လည်းကောင်း ဝန်ခံမည်။
ထို့ကြောင့် အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘သင့်အမျိုးအနွယ်နှင့်သင့်ဘိုးဘေး၏အမျိုးအနွယ်သည် ငါ့ရှေ့၌ အစဉ်ဝင်ထွက်သွားလာရမည်’ဟူ၍ ငါအမှန်ဆိုခဲ့၏။ ယခုမှာ ထာဝရဘုရားက ‘ထိုမိန့်ဆိုချက်သည် ငါနှင့်ဝေးပါစေ။ ငါ့ကိုဂုဏ်ပြုချီးမြှောက်သောသူကို ငါဂုဏ်ပြုချီးမြှောက်မည်။ ငါ့ကိုမထီမဲ့မြင်ပြုသောသူတို့သည် မထီမဲ့မြင်ပြုခြင်းခံရမည်။