အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




မဿဲ 10:19 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သူ​တို့​သည် သင်​တို့​ကို​အပ်နှံ​ကြ​သောအခါ မည်သည့်​အရာ​ကို မည်ကဲ့သို့​ပြောဆို​ရ​မည်နည်း​ဟူ၍ မ​စိုးရိမ်​ကြ​နှင့်။ အကြောင်းမူကား သင်​တို့​ပြောဆို​ရ​မည့်​အရာ​ကို ထို​အချိန်​နာရီ​၌​ပင် သင်​တို့​ရ​ကြ​လိမ့်မည်။

အခန်းကိုကြည့်ပါ။

Common Language Bible

ထို​သူ​တို့​လက်​သို့​အ​အပ်​ခံ​ရ​သော​အ​ခါ​မည်​သို့ ပြော​ဆို​ရ​မည်၊ မည်​သည့်​စ​ကား​ကို​ပြော​ရ​မည်​ကို ကြို​တင်​၍​မ​စိုး​ရိမ်​ကြ​နှင့်။-

အခန်းကိုကြည့်ပါ။

Garrad Bible

သို့ ရာ တွင် ပို့ အပ် ခံ ရ ကြ သည့် ကာ လ မည် သည့် နည်း နှင့် မည် သည့် စ ကား ကို ဆို ရ မည့် အ ကြောင်း မ စိုး ရိမ် ကြ နှင့်။ ဆို ရ မည့် စ ကား ကို ထို အ ချိန် နာ ရီ တွင် ပင် ရ ကြ လိမ့် မည်။

အခန်းကိုကြည့်ပါ။

Judson Bible

သင်​တို့​ကို အပ်​နှံ​သော​အ​ခါ အ​ဘယ်​သို့ ပြော​ရ​မည်​ကို မ​စိုး​ရိမ်​ကြ​နှင့်။ ပြော​ရ​သော​စ​ကား​ကို ထို​ခ​ဏ​ချင်း​တွင် သင်​တို့​သည် ရ​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

သင်တို့​ကို အပ်နှံကြ​သောအခါ မည်သို့​တုံ့ပြန်​ပြောဆို​ရမည်​ကို မစိုးရိမ်ကြနှင့်။ ဘုရားသခင်​သည် သင်တို့​ပြောဆိုရမည့်​စကား​ကို ထို​အချိန်​၌ ပေးတော်မူ​လိမ့်မည်။

အခန်းကိုကြည့်ပါ။

မြန်မာ

သင်​တို့​ကို အပ်​နှံ​သော​အ​ခါ အ​ဘယ်​သို့ ပြော​ရ​မည်​ကို မ​စိုး​ရိမ်​ကြ​နှင့်။ ပြော​ရ​သော​စ​ကား​ကို ထို​ခ​ဏ​ချင်း​တွင် သင်​တို့​သည် ရ​ကြ​လိမ့်​မည်။-

အခန်းကိုကြည့်ပါ။



မဿဲ 10:19
20 ပူးပေါင်းရင်းမြစ်များ  

ယခု သွား​လော့​။ ငါ​သည် သင့်​နှုတ်​နှင့်အတူ​ရှိ​မည်​။ သင်​ပြောဆို​ရ​မည့်​အရာ​ကို သင့်​အား ငါ​သွန်သင်​မည်​”​ဟု မိန့်​တော်မူ​၏​။


သင်​သည် သူ​နှင့်​စကားပြော​၍ သူ့​နှုတ်​ထဲသို့ စကား​များ​ကို​ထည့်​ရ​မည်​။ သင်​၏​နှုတ်​နှင့်​လည်းကောင်း​၊ သူ​၏​နှုတ်​နှင့်​လည်းကောင်း ငါ​အတူ​ရှိ​မည်​။ သင်​တို့​ပြု​ရ​မည့်​အရာ​ကို သင်​တို့​အား ငါ​သွန်သင်​မည်​။


သို့သော် ထာဝရဘုရား​က ငါ့​အား “ ‘အကျွန်ုပ်​သည် သူငယ်​သာ​ဖြစ်​ပါ​သည်’​ဟု မ​ဆို​နှင့်​။ သင့်​ကို​ငါ​စေလွှတ်​သော လူ​အပေါင်း​တို့​ထံသို့ သင်​သွား​ရ​မည်​။ ငါ​မိန့်မှာ​သော​စကား​အလုံးစုံ​တို့​ကို သင်​ပြောကြား​ရ​မည်​။


ထာဝရဘုရား​သည် လက်​တော်​ကို​ဆန့်​၍ ငါ​၏​နှုတ်​ကို​တို့​တော်မူ​၏​။ ထို့နောက် ထာဝရဘုရား​က “​ကြည့်ရှု​လော့​။ ငါ​၏​နှုတ်ကပတ်တော်​ကို သင့်​နှုတ်​၌ ငါ​ထား​ပြီ​။


သင်​တို့​သည် ဘုရင်ခံ​များ​နှင့်​ရှင်ဘုရင်​များ​ရှေ့သို့ ငါ့​အတွက်​ကြောင့် ခေါ်ဆောင်​သွား​ခြင်း​ခံရ​ကြ​လိမ့်မည်။ ဤသို့ဖြင့် သင်​တို့​သည် ထို​သူ​တို့​နှင့်​လူမျိုးခြား​တို့​ထံ သက်သေ​ဖြစ်​ကြ​လိမ့်မည်။


သို့ဖြစ်၍ သင်​တို့​အား ငါ​ဆို​မည်။ သင်​တို့​၏​အသက်ရှင်​ရေး​အတွက် မည်သည့်​အရာ​ကို စား​ရ​မည်နည်း၊ မည်သည့်​အရာ​ကို သောက်​ရ​မည်နည်း​ဟူ၍​လည်းကောင်း၊ သင်​တို့​၏​ကိုယ်ခန္ဓာ​အတွက် မည်သည့်​အရာ​ကို ဝတ်​ရ​မည်နည်း​ဟူ၍​လည်းကောင်း မ​စိုးရိမ်​ကြ​နှင့်။ အသက်​သည် အစာ​ထက် အရေးကြီး​သည်​မ​ဟုတ်​လော။ ကိုယ်ခန္ဓာ​သည်​လည်း အဝတ်​ထက် အရေးကြီး​သည်​မ​ဟုတ်​လော။


ထို့ကြောင့် မည်သည့်​အရာ​ကို စား​ရ​မည်နည်း၊ မည်သည့်​အရာ​ကို သောက်​ရ​မည်နည်း၊ မည်သည့်​အရာ​ကို ဝတ်​ရ​မည်နည်း​ဟု​ဆို​လျက် မ​စိုးရိမ်​ကြ​နှင့်။


ထို့ကြောင့် မနက်ဖြန်​အတွက် မ​စိုးရိမ်​ကြ​နှင့်။ အကြောင်းမူကား မနက်ဖြန်​သည် မိမိ​အတွက်​စိုးရိမ်​လိမ့်မည်။ နေ့​တစ်​နေ့​၌​ကြုံ​တွေ့ရ​သည့် မကောင်း​မသင့်​သော​အရာ​သည် ထို​နေ့​အတွက် လုံလောက်​ပေ​၏။


လူ​တို့​သည် သင်​တို့​ကို ဝတ်ပြု​စည်းဝေး​ကျောင်း​များ​သို့​လည်းကောင်း၊ အုပ်ချုပ်​သူ​များ​နှင့် အာဏာပိုင်​များ​ရှေ့သို့​လည်းကောင်း ခေါ်ဆောင်​သွား​ကြ​သောအခါ မည်သည့်​အရာ​ကို မည်ကဲ့သို့​ချေပ​ရ​မည်နည်း၊ သို့မဟုတ် မည်သည့်​အရာ​ကို ပြောဆို​ရ​မည်နည်း​ဟူ၍ မ​စိုးရိမ်​ကြ​နှင့်။


အကြောင်းမူကား သန့်ရှင်း​သော​ဝိညာဉ်​တော်​သည် ပြောဆို​ရ​မည့်​အရာ​တို့​ကို ထို​အချိန်​နာရီ​၌​ပင် သင်​တို့​အား​သွန်သင်​ပေး​တော်မူ​လိမ့်မည်”​ဟု မိန့်​တော်မူ​၏။


သို့သော် ဝိညာဉ်​တော်​နှင့်​ဉာဏ်ပညာ​တို့​ဖြင့် သတေဖန်​ပြောဆို​သော​အရာ​ကို သူ​တို့​သည် အတိုက်အခံ​ပြောဆို​၍​မ​ရ​နိုင်​ကြ​ချေ။


မည်သည့်​အမှု​ကို​မျှ မ​စိုးရိမ်​ဘဲ အရာရာ​၌ ကျေးဇူး​တော်​ချီးမွမ်း​ခြင်း​နှင့်တကွ ဆုတောင်း​ခြင်း​နှင့်​အသနားခံ​ခြင်း​တို့​ဖြင့် သင်​တို့​တောင်းခံ​လို​သော​အရာ​များ​ကို ဘုရားသခင်​အား သိ​စေ​ကြ​လော့။


သို့သော် နှုတ်ကပတ်တော်​ဟောပြော​ခြင်း​အမှု​ကို ငါ့​အား​အပြည့်အဝ​ဆောင်ရွက်​စေ​၍ လူမျိုးခြား​အပေါင်း​တို့​သည် ထို​နှုတ်ကပတ်တော်​ကို​ကြားသိ​မည့်​အကြောင်း သခင်​ဘုရား​သည် ငါ့​ဘက်​၌​ရပ်တည်​လျက် ငါ့​ကို ခွန်အား​နှင့်​ပြည့်စုံ​စေ​တော်မူ​၏။ ဤသို့ဖြင့် ငါ​သည် ခြင်္သေ့​ခံတွင်း​မှ ကယ်နုတ်​ခြင်း​ခံရ​၏။


သင်​တို့​ထဲတွင် ဉာဏ်ပညာ​လိုအပ်​သော​သူ​ရှိ​လျှင် ကဲ့ရဲ့​ပြစ်တင်​ခြင်း​ကို​ပြု​တော်​မ​မူ​ဘဲ ခပ်သိမ်း​သော​သူ​တို့​အား ရက်ရော​စွာ​ပေး​တော်မူ​သော​ဘုရားသခင်​ထံ တောင်းလျှောက်​စေ။ တောင်း​လျှင်​ရ​လိမ့်မည်။