အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဗျာ​ဒိတ် 6:6 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထို့နောက် သတ္တဝါ​လေး​ပါး​တို့​အလယ်​မှ​ထွက်ပေါ်​လာ​သော စကားသံ​နှင့်​တူ​သည့်​အသံ​က “ဂျုံဆန်​တစ်​ခွက်​လျှင် ဒေနာရိ​တစ်​ပြား၊ မုယော​ဆန်​သုံး​ခွက်​လျှင်​လည်း ဒေနာရိ​တစ်​ပြား​ဖြစ်​၏။ ဆီ​နှင့်​စပျစ်​ဝိုင်​ကို မ​ပျက်​စေ​နှင့်”​ဟု ဆို​သည်​ကို ငါ​ကြား​ရ​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

သတ္တ​ဝါ​လေး​ပါး​တို့​အ​လယ်​မှ​ထွက်​ပေါ်​လာ သည်​ဟု​ထင်​ရ​သော​အ​သံ​တစ်​ခု​ကို​ငါ​ကြား ရ​၏။ ထို​အ​သံ​က``ဂျုံ​ဆန်​တစ်​ခွက်​ကို​တစ်​နေ့ စာ​လုပ်​အား​ခ​ပေး​ရ​၏။ သို့​ရာ​တွင်​သံ​လွင် ဥ​ယျာဉ်​နှင့်​စ​ပျစ်​ဥ​ယျာဉ်​များ​ကို​မ​ဖျက် ဆီး​ကြ​နှင့်'' ဟု​ဆို​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

မြင် ရ သည့် အ ပြင် ဂျုံ တစ် စ လယ် လျှင် တစ် ကျပ်၊ မု ယော သုံး စ လယ် လျှင် တစ် ကျပ် ဖြစ် စေ တော့။ ဆီ နှင့် စ ပျစ် ရည် ကို ကား မ ထိ နှင့် ဟူ သော မိန့် ဆို သံ ကို သ တ္တ ဝါ လေး ပါး အ လယ် က ကဲ့ သို့ ကြား ရ၏။

အခန်းကိုကြည့်ပါ။

Judson Bible

သ​တ္တ​ဝါ​လေး​ပါး​အ​လယ်၌ ပြော​သံ​ဟူ​မူ​ကား၊ ဒေ​နာ​ရိ​တစ်​ပြား​နှင့် ဂျုံ​ဆန်​တစ်​ခွက်​ကို​ရ၏။ မု​ယော​ဆန် သုံး​ခွက်​ကို​ရ၏။ ဆီ​နှင့်​စ​ပျစ်​ရည်​ကို မ​ပျက်​စေ​နှင့်​ဟု ဆို​သည်​ကို​ငါ​ကြား၏။

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ထိုအခါ သတ္တဝါ​လေးပါးတို့​အလယ်​မှ ထွက်လာသည်​ဟု ထင်ရသော အသံ​ကို ကျွန်ုပ်​ကြားရ၏။ ထို​အသံ​မှာ “ဂျုံ​တစ်ခွက်​လျှင် ငွေဒင်္ဂါး​တစ်ပြား​ပေးရ၏။ မုယောဆန်​သုံး​ခွက်​လျှင် ငွေဒင်္ဂါး​တစ်ပြား​ပေးရ၏။ ဆီ​နှင့် စပျစ်ဝိုင်​ကို မပျက်စေနှင့်” ဟူ၍​ဖြစ်၏။

အခန်းကိုကြည့်ပါ။



ဗျာ​ဒိတ် 6:6
6 ပူးပေါင်းရင်းမြစ်များ  

အကယ်စင်စစ် လူ​တို့​၏​အမျက်ဒေါသ​သည် ကိုယ်တော်​ကို​ချီးမွမ်း​လိမ့်မည်​။ ကိုယ်တော်​သည် အမျက်ဒေါသ​အကြွင်းအကျန်​များ​ဖြင့် မိမိကိုယ်မိမိ​ပတ်စည်း​တော်မူ​လိမ့်မည်​။


လူမျိုး​တစ်မျိုး​နှင့်​တစ်မျိုး၊ နိုင်ငံ​တစ်​နိုင်ငံ​နှင့်​တစ်​နိုင်ငံ​တို့​သည် ရန်ဘက်ပြု​ကြ​၍ အရပ်ရပ်​တို့​၌ ငတ်မွတ်​ခေါင်းပါး​ခြင်း​နှင့် ငလျင်​လှုပ်​ခြင်း​များ​ဖြစ်​ကြ​လိမ့်မည်။


ထို့ပြင် ပလ္လင်​တော်​ရှေ့​၌ ကျောက်​သလင်း​နှင့်​တူ​သည့် ဖန်​ပင်လယ်​ကဲ့သို့သော​အရာ​ရှိ​၏။ ပလ္လင်​တော်​၏​အလယ်​နှင့် ပလ္လင်​တော်​ပတ်လည်​၌​ကား ရှေ့​ဘက်​နှင့်​နောက်​ဘက်​တို့​တွင် မျက်စိ​များ​ဖြင့်​ပြည့်​နေ​သော​သတ္တဝါ​လေး​ပါး​ရှိ​၏။


ထို​သတ္တဝါ​လေး​ပါး​အသီးသီး​တို့​တွင် တောင်ပံ​ခြောက်​ခု​စီ​ရှိ​၍ ပတ်ပတ်လည်​နှင့်​အတွင်း​ဘက်​၌ မျက်စိ​များ​ဖြင့်​ပြည့်​လျက်​ရှိ​ကြ​၏။ သူ​တို့​သည် နေ့​ရော​ည​ပါ ရပ်နား​ခြင်း​မ​ရှိ​ဘဲ “ယခု​ရှိ​လျက် ယခင်​က​လည်း​ရှိ​လျက် နောင်​အခါ​ကြွလာ​မည့် အနန္တ​တန်ခိုး​နှင့်​ပြည့်စုံ​တော်မူ​သော ထာဝရ​အရှင်​ဘုရားသခင်​သည် သန့်ရှင်း​တော်မူ​၏။ သန့်ရှင်း​တော်မူ​၏။ သန့်ရှင်း​တော်မူ​၏”​ဟု ကြွေးကြော်​နေ​ကြ​၏။


“ငါ​တို့​ဘုရားသခင်​၏​အစေအပါး​တို့​၏​နဖူး​ပေါ်တွင် တံဆိပ်​ခတ်နှိပ်​မ​ပြီး​မချင်း မြေကြီး၊ ပင်လယ်​နှင့် သစ်ပင်​တို့​ကို ဘေး​မ​သင့်​စေ​နှင့်”​ဟု ကျယ်လောင်​သော​အသံ​ဖြင့်​ကြွေးကြော်​၏။


မြေကြီး​ပေါ်​ရှိ​မြက်​ပင်​များ​နှင့် မည်သည့်​စိမ်းလန်း​သော​အရာ​၊ သို့မဟုတ် မည်သည့်​သစ်ပင်​ကို​မျှ ဘေး​မ​သင့်​စေ​ဘဲ နဖူး​ပေါ်တွင် ဘုရားသခင်​၏​တံဆိပ်​တော်​မ​ရှိ​သော​သူ​တို့​ကို​သာ ဘေးသင့်​စေရန် သူ​တို့​အား​မှာထား​၏။