ဝါကြွားပြောဆိုသောချိုငယ်၏အသံကြောင့် ငါကြည့်လိုက်ရာ ထိုသားရဲ အသတ်ခံရသည်ကို ငါမြင်ရ၏။ ကိုယ်ခန္ဓာအဖျက်ဆီးခံရ၍ မီးတောက်မီးလျှံထဲသို့ ပစ်ချခြင်းခံရလေ၏။
ဗျာဒိတ် 20:10 - မြန်မာ့စံမီသမ္မာကျမ်း သူတို့ကိုလှည့်ဖြားသောမာရ်နတ်သည်လည်း သားရဲနှင့်ပရောဖက်အတုအယောင်တို့ရှိရာ ကန့်နှင့်ရောသောမီးအိုင်ထဲသို့ ပစ်ချခြင်းခံရ၏။ သူတို့သည် ထိုနေရာ၌ နေ့ရောညပါ ကမ္ဘာအဆက်ဆက် ညှဉ်းဆဲခြင်းကိုခံရကြလိမ့်မည်။ Common Language Bible သူတို့အားမှောက်မှားလမ်းလွဲစေသူစာတန် သည်လည်း ကန့်မီးအိုင်ထဲသို့ပစ်ချခြင်းကို ခံရလေ၏။ ထိုအိုင်ထဲသို့သားရဲနှင့်မိစ္ဆာပရော ဖက်တို့ပစ်ချခြင်းခံရပြီးဖြစ်သည်။ သူတို့ သည်ကမ္ဘာအဆက်ဆက်နေ့ရောညဥ့်ပါ ညှဉ်းပန်းနှိပ်စက်ခြင်းကိုခံရကြလတ္တံ့။ Garrad Bible သား ရဲ နှင့် မိ စ္ဆာ ပ ရော ဖက် တို့ ရှိ နှင့် ရင်း ကန့် မီး အိုင် ထဲ သို့ ပစ် ချ ခံ ရ သ ဖြင့် က မ္ဘာ အ ဆက် ဆက် နေ့ ညဉ့် မ ပြတ် ညှဉ်း ဆဲ ခံ ရ ကြ လ တ္တံ့။ Judson Bible သူတို့ကိုလှည့်ဖြားသော မာရ်နတ်ကိုလည်း၊ သားရဲနှင့် မိစ္ဆာပရောဖက်ရှိရာ၊ ကန့်နှင့်ရောနှောသော မီးအိုင်ထဲသို့ ချပစ်လျှင်၊ သူတို့သည် နေ့ညမပြတ် ကမ္ဘာအဆက်ဆက် ပြင်းစွာသော ဝေဒနာကို ခံရကြလတ္တံ့။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့ကို လှည့်ဖြားသောမာရ်နတ်သည်လည်း သားရဲနှင့် ပရောဖက်အတုအယောင်တို့ ပစ်ချခံရသည့် ကန့်နှင့် လောင်သောမီးအိုင်ထဲသို့ ပစ်ချခံရ၏။ သူတို့သည် နေ့ညမပြတ် အစဉ်ထာဝရ ညှဉ်းဆဲခြင်းကို ခံကြရလိမ့်မည်။ |
ဝါကြွားပြောဆိုသောချိုငယ်၏အသံကြောင့် ငါကြည့်လိုက်ရာ ထိုသားရဲ အသတ်ခံရသည်ကို ငါမြင်ရ၏။ ကိုယ်ခန္ဓာအဖျက်ဆီးခံရ၍ မီးတောက်မီးလျှံထဲသို့ ပစ်ချခြင်းခံရလေ၏။
ထို့နောက် မင်းကြီးသည် လက်ဝဲတော်ဘက်၌ရှိသောသူတို့အားလည်း ‘ကျိန်ဆဲခြင်းခံရသောသူတို့၊ ငါ့ထံမှထွက်ခွာ၍ မာရ်နတ်နှင့်သူ၏စေတမန်များအတွက်ပြင်ဆင်ထားသော ထာဝရမီးထဲသို့ သွားကြလော့။
ထိုအခါ ဤသူတို့သည် ထာဝရအပြစ်ဒဏ်ခံရာသို့ သွားကြလိမ့်မည်။ ဖြောင့်မတ်သောသူတို့မူကား ထာဝရအသက်ရှင်ရာသို့ သွားကြလိမ့်မည်”ဟု မိန့်တော်မူ၏။
ပရောဖက်အတုအယောင်များကို သတိထားကြလော့။ သူတို့သည် သိုးရေခြုံလျက် သင်တို့ထံသို့လာသော်လည်း အတွင်း၌ကား အငမ်းမရဖြစ်သည့်ဝံပုလွေကဲ့သို့ဖြစ်ကြ၏။
ထို့နောက် နဂါး၏ခံတွင်းမှလည်းကောင်း၊ သားရဲ၏ခံတွင်းမှလည်းကောင်း၊ ပရောဖက်အတုအယောင်၏ခံတွင်းမှလည်းကောင်း ဖားနှင့်တူသည့် ညစ်ညူးသောဝိညာဉ်သုံးပါး ထွက်လာသည်ကို ငါမြင်ရ၏။
သို့သော် သားရဲသည် ပရောဖက်အတုအယောင်နှင့်အတူ အဖမ်းခံရ၏။ ထိုပရောဖက်အတုအယောင်သည် သားရဲ၏ရှေ့မှောက်၌ နိမိတ်လက္ခဏာများကိုပြုလျက် ထိုနိမိတ်လက္ခဏာများအားဖြင့် သားရဲ၏တံဆိပ်ကိုခံယူ၍ သူ၏ရုပ်တုကိုကိုးကွယ်သောသူတို့အား လှည့်ဖြားသောသူဖြစ်၏။ ထိုသူနှစ်ဦးစလုံးတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲသို့ အရှင်လတ်လတ်ပစ်ချခြင်းခံရကြ၏။
ကမ္ဘာမြေကြီးလေးမျက်နှာရှိ လူမျိုးများဖြစ်ကြသည့် ဂေါဂ၊ မာဂေါဂကိုလှည့်ဖြားရန်နှင့် စစ်ပွဲအတွက် သူတို့ကိုစုဝေးစေရန် ထွက်သွားလိမ့်မည်။ သူတို့၏အရေအတွက်သည် သမုဒ္ဒရာသဲပွင့်များနှင့်အမျှရှိကြ၏။
ဗျာဒိတ်ရူပါရုံ၌ ငါမြင်ရသော မြင်းတို့နှင့်မြင်းစီးသူရဲတို့မှာ ဤသို့ဖြစ်၏။ မြင်းစီးသူရဲတို့၌ မီးလျှံရောင်၊ နက်ပြာရောင်နှင့် ကန့်ကဲ့သို့ဝါသော ရင်အုပ်တန်ဆာများရှိကြ၏။ မြင်းတို့၏ဦးခေါင်းသည် ခြင်္သေ့၏ဦးခေါင်းနှင့်တူ၍ သူတို့၏ခံတွင်းထဲမှ မီးလျှံ၊ မီးခိုးနှင့် ကန့်များထွက်နေကြ၏။