တစ်ဖန် နတ်ဆိုးတို့က မိမိတို့ကို အတိုင်းမသိနက်ရှိုင်းရာအရပ်ထဲသို့သွားရန် အမိန့်မပေးပါမည့်အကြောင်း ကိုယ်တော်အားတောင်းပန်ကြ၏။
ဗျာဒိတ် 20:1 - မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ကောင်းကင်တမန်တစ်ပါးသည် အတိုင်းမသိနက်ရှိုင်းရာအရပ်၏သော့နှင့် ကြီးမားသောသံကြိုးတို့ကို မိမိလက်၌ကိုင်ထားလျက် ကောင်းကင်မှဆင်းသက်လာသည်ကို ငါမြင်ရ၏။ Common Language Bible ထိုနောက်ကောင်းကင်တမန်တစ်ပါးသည်တွင်း နက်ကြီး၏သော့ကိုလည်းကောင်း၊ သံကြိုးကြီး ကိုလည်းကောင်း ကိုင်လျက်ကောင်းကင်မှဆင်း လာသည်ကိုငါမြင်ရ၏။- Garrad Bible တစ် ဖန် စေ တ မန် တော် တစ် ပါး သည် င ရဲ ဘုံ သော့ နှင့် သံ ကြိုး ကြီး တစ် စင်း ကို ကိုင် လျက် ကောင် ကင် ဘုံ မှ ဆင်း လာ ရာ၊ Judson Bible တစ်ဖန် ကောင်းကင်တမန်သည် အနက်ဆုံးသောတွင်း၏ သော့နှင့် သံကြိုးကြီးကိုကိုင်လျက် ကောင်းကင်က ဆင်းသက်သည်ကို ငါမြင်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ကောင်းကင်တမန်တစ်ပါးသည် တွင်းနက်ကြီး၏သော့နှင့် သံကြိုးကြီးကို ကိုင်လျက် ကောင်းကင်ဘုံမှ ဆင်းသက်လာသည်ကို ကျွန်ုပ်မြင်ရ၏။ |
တစ်ဖန် နတ်ဆိုးတို့က မိမိတို့ကို အတိုင်းမသိနက်ရှိုင်းရာအရပ်ထဲသို့သွားရန် အမိန့်မပေးပါမည့်အကြောင်း ကိုယ်တော်အားတောင်းပန်ကြ၏။
အကြောင်းမူကား ဘုရားသခင်သည် အပြစ်ပြုသည့်ကောင်းကင်တမန်များကို ညှာတာတော်မမူဘဲ အဝီစိငရဲထဲသို့ ပစ်ချ၍ မှောင်မည်းခြင်း၏သံကြိုးဖြင့် ချည်နှောင်ကာ တရားစီရင်ခြင်းအတွက် ထိန်းသိမ်းထားတော်မူ၏။
ထို့ပြင် မိမိတို့၏မူလအခွင့်အာဏာကိုမထိန်းသိမ်းဘဲ မိမိတို့စံရာအရပ်ကို စွန့်ခွာသွားကြသည့် ကောင်းကင်တမန်များအား တရားစီရင်တော်မူရာနေ့ကြီးအတွက် ထာဝရအချုပ်အနှောင်အားဖြင့် မှောင်မည်းခြင်းအောက်၌ ထိန်းသိမ်းထားတော်မူ၏။
အသက်ရှင်သောသူလည်းဖြစ်၏။ ငါသည် သေခဲ့၏။ သို့သော် ကြည့်ရှုလော့။ ငါသည် ကမ္ဘာအဆက်ဆက်အသက်ရှင်လျက်ရှိ၏။ သေခြင်းနှင့်မရဏာနိုင်ငံတို့၏သော့များကိုလည်း ငါကိုင်ထား၏။
ထို့နောက် ခွန်အားကြီးသောကောင်းကင်တမန်တစ်ပါးသည် မိုးတိမ်ကိုခြုံလျက် ကောင်းကင်မှဆင်းလာသည်ကို ငါမြင်ရ၏။ သူ၏ဦးခေါင်းပေါ်တွင် သက်တံရှိ၍ သူ၏မျက်နှာသည် နေကဲ့သို့ဖြစ်ပြီး သူ၏ခြေသည် မီးလျှံတိုင်ကဲ့သို့ဖြစ်၏။
ထို့နောက် ကြီးမားသောအခွင့်အာဏာပါလျက် ကောင်းကင်မှဆင်းသက်လာသည့် အခြားသောကောင်းကင်တမန်တစ်ပါးကို ငါမြင်ရ၏။ ကမ္ဘာမြေကြီးသည် သူ၏ဘုန်းအသရေကြောင့် ထွန်းလင်းတောက်ပလေ၏။
အနှစ်တစ်ထောင်ကုန်ဆုံးသည်အထိ လူများတို့ကို နောက်ထပ်မလှည့်ဖြားနိုင်ရန် သူ့ကို အတိုင်းမသိနက်ရှိုင်းရာအရပ်ထဲသို့ပစ်ချလျက် ပိတ်လှောင်ကာ အပေါ်မှတံဆိပ်ခတ်ထားလေ၏။ ထိုအချိန်ကာလများပြီးမှ သူ့ကို ခေတ္တခဏလွှတ်ပေးရမည်ဖြစ်၏။