သူသည် မြေအိုးများကိုကြေမွစေသကဲ့သို့ သံလှံတံဖြင့် သူတို့ကိုအုပ်ထိန်းလိမ့်မည်။ဤသည်ကား ငါကိုယ်တိုင် ငါ့ခမည်းတော်ထံမှရရှိသောအုပ်စိုးခွင့်နှင့်တူ၏။
ထိုသူသည် သူတို့ကို သံလှံတံနှင့်အုပ်စိုး၍၊ မြေအိုးကိုခွဲဖျက်သကဲ့သို့ ခွဲဖျက်လိမ့်မည်။-
သူတို့သည် မရဏာနိုင်ငံအတွက် သိုးကဲ့သို့ လျာထားခြင်းခံရ၍ သေခြင်းသည် သူတို့ကိုထိန်းကျောင်းလိမ့်မည်။ ဖြောင့်မှန်သောသူတို့သည် နံနက်အချိန်၌ ထိုသူတို့ကိုအုပ်စိုးကြလိမ့်မည်။ ထိုသူတို့၏ရုပ်သဏ္ဌာန်သည် မိမိတို့နေထိုင်ရာအရပ်မှဝေးကွာသည့် မရဏာနိုင်ငံ၌ဆွေးမြည့်ကြလိမ့်မည်။
အိုးထိန်းသည်သည် အိုးကိုမနှမြောဘဲ ခွဲလိုက်သဖြင့် အကျိုးအပဲ့များကြားတွင် မီးဖိုထဲမှမီးကိုကော်ယူ၍ရလောက်သော၊ ရေတိုင်ကီထဲမှရေကိုခပ်ယူ၍ရလောက်သော အိုးခြမ်းပဲ့တစ်ခုမျှမတွေ့ရသည်အထိ ကွဲကြေသွားသောအိုးကဲ့သို့ ကျိုးပဲ့သွားလိမ့်မည်”ဟု မိန့်တော်မူ၏။
သူတို့အား ‘ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက အိုးထိန်းသည် ပြန်ဆက်စပ်၍မရနိုင်အောင် မြေအိုးကိုခွဲသကဲ့သို့ ဤလူမျိုးနှင့်ဤမြို့ကို ငါခွဲမည်။ တောဖက်အရပ်၌ နေရာလပ်မရှိတော့သည့်တိုင်အောင် သူတို့သည် သင်္ဂြိုဟ်ခြင်းခံရကြလိမ့်မည်ဟု မိန့်တော်မူပြီ။
သို့သော် အမြင့်ဆုံးသောအရှင်၏သန့်ရှင်းသူတို့ကသာလျှင် နိုင်ငံတော်ကို သိမ်းယူကြလိမ့်မည်။ ထိုနိုင်ငံကို ကာလအစဉ်အဆက်ပိုင်ဆိုင်ရလိမ့်မည်’ဟု ငါ့အား ပြောပြ၏။
ရှေးအရှင်သခင်ကြွလာ၍ အမြင့်ဆုံးသောအရှင်၏သန့်ရှင်းသူတို့အတွက် တရားစီရင်မည့်အချိန်ထိ ထိုချိုသည် အနိုင်ယူလိမ့်မည်။ ပြီးမှ နိုင်ငံတော်ကို သန့်ရှင်းသူတို့ ပိုင်ဆိုင်ရမည့်အချိန် ရောက်လာမည် ဖြစ်၏။
ငါ၏ခမည်းတော်သည် အရာခပ်သိမ်းတို့ကို ငါ့အားအပ်နှင်းတော်မူပြီ။ ခမည်းတော်မှတစ်ပါး မည်သူမျှ သားတော်ကိုမသိ။ ခမည်းတော်ကိုလည်း သားတော်နှင့် သားတော်ကဖွင့်ပြလိုသောသူတို့မှတစ်ပါး အခြားမည်သူမျှမသိ။
ငါ၏ခမည်းတော်သည် နိုင်ငံတော်ကို ငါ့အားအပ်နှင်းတော်မူသကဲ့သို့ ငါသည်လည်း နိုင်ငံတော်ကို သင်တို့အားအပ်နှင်းသဖြင့်
အို အဖ၊ ကမ္ဘာမတည်မရှိမီကပင် ကိုယ်တော်သည် အကျွန်ုပ်ကိုချစ်တော်မူ၍ အကျွန်ုပ်အားပေးတော်မူသောအကျွန်ုပ်၏ဘုန်းအသရေကို အကျွန်ုပ်ထံကိုယ်တော်ပေးအပ်တော်မူသောသူတို့သည် ရှုမြင်ရကြရန် သူတို့ကို အကျွန်ုပ်ရှိရာအရပ်၌ အကျွန်ုပ်နှင့်အတူရှိစေလိုပါ၏။
ထိုအမျိုးသမီးသည် လူမျိုးအပေါင်းတို့ကို သံလှံတံဖြင့်အုပ်ထိန်းရမည့် သားယောက်ျားကိုဖွားမြင်၏။ ထိုသားသည် ဘုရားသခင်အထံတော်သို့လည်းကောင်း၊ ပလ္လင်တော်သို့လည်းကောင်း ချီဆောင်ခြင်းကိုခံရ၏။
လူမျိုးတကာတို့ကိုဒဏ်ခတ်ရန် ထက်သောသန်လျက်သည် သူ၏ခံတွင်းထဲမှထွက်နေ၏။ သူသည် ထိုသူတို့ကို သံလှံတံဖြင့်အုပ်ထိန်းလိမ့်မည်။ သူသည် အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ဘုရားသခင်၏အမျက်တော်ဆိုင်ရာ ပြင်းစွာသောဒေါသစပျစ်ဝိုင်၏စပျစ်သီးနယ်ရာကျင်းကို နင်းနယ်လိမ့်မည်။