အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဗျာ​ဒိတ် 17:7 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ထိုအခါ ကောင်းကင်​တမန်​က “သင်​သည် အဘယ်ကြောင့်​အံ့ဩ​သနည်း။ ထို​မိန်းမ​နှင့် သူ့​ကို​သယ်ဆောင်​သော ခေါင်း​ခုနစ်​လုံး​နှင့်​ဦးချို​ဆယ်​ချောင်း​ရှိ​သည့် သားရဲ​တို့​၏​လျှို့ဝှက်​နက်နဲ​သော​အချက်​ကို သင့်​အား ငါ​ပြောပြ​မည်။

အခန်းကိုကြည့်ပါ။

Common Language Bible

ကောင်း​ကင်​တ​မန်​က​အ​ဘယ်​ကြောင့်​အံ့​သြ သ​နည်း။ ထို​အ​မျိုး​သ​မီး​၏​လျှို့​ဝှက်​သည့် အ​နက်​အ​ဋ္ဌိပ္ပါယ်​ကို​လည်း​ကောင်း၊ သူ​ထိုင်​နေ သော​ဦး​ခေါင်း​ခု​နစ်​လုံး​နှင့်​ဦး​ချို​ဆယ်​ချောင်း ရှိ​သည့်​သား​ရဲ​၏​လျှို့​ဝှက်​သည့်​အ​နက်​အ​ဋ္ဌိပ္ပါယ် ကို​လည်း​ကောင်း​ငါ​ပြော​ပြ​မည်။-

အခန်းကိုကြည့်ပါ။

Garrad Bible

စေ တ မန် တော် က အ ဘယ် ကြောင့် အံ့ သြ သ နည်း။ ထို မိန်း မ မှ စ၍ ဦး ခေါင်း ခု နစ် လုံး၊ ဦး ချို ဆယ် ချောင်း ရှိ၊ ထို မိန်း မ စီး သော သား ရဲ နှင့် စပ် သည့် နက် နဲ ရာ ကို ငါ ဖော် ပြ မည်။

အခန်းကိုကြည့်ပါ။

Judson Bible

ကောင်း​ကင်​တ​မန်​က​လည်း၊ အ​ဘယ်​ကြောင့် အံ့​ဩ​သ​နည်း။ ထို​မိန်း​မ၏ နက်​နဲ​သော အ​ရာ​ကို​လည်း​ကောင်း၊ ခေါင်း​ခု​နစ်​လုံး​နှင့် ချို​ဆယ်​ချောင်း​ရှိ၍ ထို​မိန်း​မ​ကို ဆောင်​သော သား​ရဲ၏ နက်​နဲ​သော​အ​ရာ​ကို​လည်း​ကောင်း၊ ငါ​ပြော​မည်။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

ထိုအခါ ကောင်းကင်တမန်​က “အဘယ်ကြောင့် အံ့သြနေသနည်း။ ထို​အမျိုးသမီး​၏ လျှို့ဝှက်​နက်နဲသော​အကြောင်းအရာ​ကို​လည်းကောင်း၊ ထို​အမျိုးသမီး ထိုင်နေသော ခေါင်း​ခုနစ်လုံး​နှင့် ဦးချို​ဆယ်ချောင်း ရှိသည့် သားရဲ​၏ လျှို့ဝှက်​နက်နဲသော​အကြောင်းအရာများ​ကို​လည်းကောင်း ငါ​ပြောပြမည်။

အခန်းကိုကြည့်ပါ။



ဗျာ​ဒိတ် 17:7
6 ပူးပေါင်းရင်းမြစ်များ  

အကြောင်းမူကား တရားမဲ့​ခြင်း​နှင့်ဆိုင်သည့် လျှို့ဝှက်​နက်နဲ​သော​အရာ​သည် လှုပ်ရှား​နေ​ပြီ​ဖြစ်​၏။ သို့သော် ယခု​တားဆီး​ထား​သော​သူ​သည် ဖယ်ရှား​ခြင်း​ခံရ​သည်​အထိ တားဆီး​လိမ့်မည်။


ငါ​၏​လက်ယာ​လက်​တွင် သင်​မြင်​ရ​သော ကြယ်​ခုနစ်​လုံး​နှင့်​ရွှေ​ဆီမီးခုံ​ခုနစ်​ခု​တို့​၏​လျှို့ဝှက်​နက်နဲ​သော​အဓိပ္ပာယ်​မှာ ကြယ်​ခုနစ်​လုံး​သည် အသင်းတော်​ခုနစ်​ပါး​၏​စေတမန်​များ​ဖြစ်​ကြ​ပြီး ဆီမီးခုံ​ခုနစ်​ခု​သည် အသင်းတော်​ခုနစ်​ပါး​ဖြစ်​ကြ​၏။


တစ်ဖန် ကောင်းကင်​၌ အခြား​သော​နိမိတ်​လက္ခဏာ​ကို​တွေ့မြင်​ရ​၏။ ခေါင်း​ခုနစ်​လုံး​နှင့် ဦးချို​ဆယ်​ချောင်း​ရှိ​၍ သူ​၏​ခေါင်း​များ​ပေါ်တွင် သရဖူ​ခုနစ်​ခု​ကို​ဆောင်း​ထား​သည့် နီရဲ​သော​နဂါး​ကြီး​တစ်​ကောင်​ရှိ​၏။


သင်​မြင်​ရ​သော​သားရဲ​သည် ယခင်က​ရှိ​ခဲ့​ပြီး ယခု​မ​ရှိ၊ မကြာမီ အတိုင်းမသိ​နက်ရှိုင်းရာ​အရပ်​ထဲမှ​တက်​လာ​၍ ပျက်စီး​ခြင်း​သို့​ရောက်​မည်​ဖြစ်​၏။ ကမ္ဘာ​မြေကြီး​ပေါ်၌​နေထိုင်​သော​သူ​တို့​ထဲတွင် ကမ္ဘာ​တည်​ချိန်​မှစ၍ အသက်​စာစောင်​၌​စာရင်း​မ​ဝင်​သော​သူ​တို့​သည် ယခင်က​ရှိ​ခဲ့​ပြီး ယခု​မ​ရှိ၊ မကြာမီ​ရောက်လာ​မည့် ထို​သားရဲ​ကို​မြင်​လျက် အံ့ဩ​ကြ​လိမ့်မည်။


ထို့နောက် ကြီးမား​သော​အခွင့်​အာဏာ​ပါ​လျက် ကောင်းကင်​မှ​ဆင်းသက်​လာ​သည့် အခြား​သော​ကောင်းကင်​တမန်​တစ်​ပါး​ကို ငါ​မြင်​ရ​၏။ ကမ္ဘာ​မြေကြီး​သည် သူ​၏​ဘုန်း​အသရေ​ကြောင့် ထွန်းလင်း​တောက်ပ​လေ​၏။