ငါမျှော်ကြည့်လိုက်သောအခါ ပိတ်ချောထည်ဝတ်ဆင်၍ ခါးတွင်ဥဖတ်မြို့မှထွက်သောရွှေစင်ခါးပန်း စည်းထားသောသူတစ်ယောက်ကို မြင်၏။
ဗျာဒိတ် 15:6 - မြန်မာ့စံမီသမ္မာကျမ်း ဘေးဒဏ်ခုနစ်မျိုးကိုဆောင်ထားသည့် ကောင်းကင်တမန်ခုနစ်ပါးတို့သည် ထိုဗိမာန်တော်ထဲမှ ထွက်လာကြ၏။ သူတို့သည် စင်ကြယ်တောက်ပသောပိတ်ချောကိုဝတ်ဆင်လျက် ရင်ဘတ်၌ ရွှေရင်စည်းကိုစည်းထား၏။ Common Language Bible ထိုအခါကပ်ခုနစ်ပါးကိုယူဆောင်လာသော ကောင်းကင်တမန်ခုနစ်ပါးသည်ဗိမာန်တော် ထဲမှထွက်လာကြ၏။ သူတို့သည်ပြောင်လက် စင်ကြယ်သော ပိတ်ချောထည်ကိုဝတ်ဆင်၍ ရွှေရင်စည်းကိုပတ်ထားကြ၏။- Garrad Bible ဘေး ခု နစ် မျိုး ဆောင် စေ တ မန် တော် ခု နစ် ပါး သည် ဖြူ စင် သော ပိတ် ချော ထည် ဝတ် ဆင် လျက်၊ ရွှေ ရင် စည်း စည်း လျက်၊ ထို ဗိ မာန် တော် မှ ထွက် လာ ကြ ပြီး လျှင်၊ Judson Bible ဘေးဒဏ်ခုနစ်ပါးရှိသော ကောင်းကင်တမန် ခုနစ်ပါးတို့သည် စင်ကြယ်ပြောင်လက်သော ပိုက်ဆန်အဝတ်ကို ဝတ်လျက်၊ ရင်၌ ရွှေရင်စည်းကို စည်းလျက် ဗိမာန်တော်ထဲက ထွက်လာကြ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုဗိမာန်တော်ထဲမှ ဘေးဒဏ်ခုနစ်ပါးကို ကိုင်ဆောင်ထားသည့် ကောင်းကင်တမန်ခုနစ်ပါးထွက်လာ၏။ သူတို့သည် သန့်ရှင်းတောက်ပြောင်သော ပိတ်ချောထည်ကို ဝတ်ဆင်၍ ရင်ဘတ်ပေါ်တွင် ရွှေရင်စည်းကို ပတ်ထား၏။ |
ငါမျှော်ကြည့်လိုက်သောအခါ ပိတ်ချောထည်ဝတ်ဆင်၍ ခါးတွင်ဥဖတ်မြို့မှထွက်သောရွှေစင်ခါးပန်း စည်းထားသောသူတစ်ယောက်ကို မြင်၏။
သူတို့သည် ဤအခြင်းအရာတို့ကိုတွေးမရဖြစ်နေကြစဉ် တောက်ပပြောင်လက်သောအဝတ်ကိုဝတ်ဆင်ထားသည့် လူနှစ်ဦးသည် ရုတ်တရက်ပေါ်လာပြီး သူတို့အနီး၌ရပ်ကြ၏။
ထိုဆီမီးခုံများအလယ်၌ ခြေဖျားတိုင်အောင်ရောက်သောဝတ်ရုံကိုဝတ်ဆင်လျက် ရင်ဘတ်၌ ရွှေရင်စည်းကိုစည်းထားသည့် လူ့သားနှင့်တူသောသူတစ်ဦးကို ငါမြင်ရ၏။
ထို့နောက် အခြားသောကောင်းကင်တမန်တစ်ပါးသည် ဗိမာန်တော်ထဲမှထွက်လာ၍ မိုးတိမ်ပေါ်တွင်ထိုင်နေသောသူအား “မြေကြီးပေါ်မှရိတ်သိမ်းစရာသည် မှည့်ပြီဖြစ်၍ ရိတ်သိမ်းရန်အချိန်ကျရောက်ပြီဖြစ်သောကြောင့် ကိုယ်တော်၏တံစဉ်ကိုလွှတ်၍ ရိတ်သိမ်းတော်မူပါ”ဟု ကျယ်လောင်သောအသံဖြင့် ကြွေးကြော်လေ၏။
တစ်ဖန် အခြားသောကောင်းကင်တမန်တစ်ပါးသည် ကောင်းကင်ရှိ ဗိမာန်တော်ထဲမှထွက်လာ၏။ သူ၌လည်း ထက်သောတံစဉ်ပါ၏။
ထို့နောက် ကောင်းကင်၌ ကြီးမား၍အံ့သြဖွယ်ကောင်းသည့် အခြားနိမိတ်လက္ခဏာတည်းဟူသော နောက်ဆုံးဘေးဒဏ်ခုနစ်မျိုးကိုဆောင်ထားသည့် ကောင်းကင်တမန်ခုနစ်ပါးကို ငါမြင်ရ၏။ ထိုဘေးဒဏ်များအားဖြင့် ဘုရားသခင်၏ပြင်းစွာသောဒေါသသည် ပြည့်စုံခြင်းသို့ရောက်မည်ဖြစ်၏။
ထိုသတို့သမီးသည် စင်ကြယ်တောက်ပသောပိတ်ချောထည်ကို ဝတ်ဆင်ခွင့်ရရှိ၏။ ထိုပိတ်ချောထည်ကား သန့်ရှင်းသူတို့၏ဖြောင့်မတ်သောအကျင့်ဖြစ်၏”ဟု ဆိုသည်ကို ငါကြားရ၏။