မြင့်သောအရပ်၌ရှိတော်မူသောထာဝရဘုရားသည် များစွာသောရေတို့၏မြည်ဟည်းသံထက်တန်ခိုးကြီးတော်မူ၏။ ပင်လယ်လှိုင်းတံပိုးများထက် တန်ခိုးကြီးတော်မူ၏။
ဗျာဒိတ် 1:15 - မြန်မာ့စံမီသမ္မာကျမ်း သူ၏ခြေတို့သည် မီးပြင်းဖိုတွင်ချွတ်၍သန့်စင်ထားသည့် တောက်ပသောကြေးဝါနှင့်တူ၍ သူ၏အသံသည် များစွာသောရေဟုန်၏အသံကဲ့သို့ဖြစ်၏။ Common Language Bible သူ၏ခြေတို့သည်မီးဖြင့်ချွတ်ထားသည့် တောက်ပသောကြေးဝါနှင့်တူ၏။ သူ၏အသံ မှာရေတံခွန်ကြီး၏အသံနှင့်တူ၏။- Garrad Bible ခြေ တော် သည် မီး ဖြင့် ချွတ် တိုက် ပြီး ကြေး ကဲ့ သို့ လည်း ကောင်း၊ အ သံ တော် သည် သ မု ဒ္ဒ ရာ ဟုန်း သံ ကဲ့ သို့ လည်း ကောင်း၊ ဖြစ် လျက်၊ Judson Bible ခြေတော်သည်လည်း မီး၌ချွတ်ပြီးသော ကြေးဝါစစ်နှင့်တူ၏။ အသံတော်သည်လည်း သမုဒ္ဒရာသံကဲ့သို့ ဖြစ်၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သူ၏ခြေတို့သည် မီးပြင်းဖို၌ ချွတ်၍ သန့်စင်ထားသော ကြေးဝါကဲ့သို့ တောက်ပနေပြီး သူ၏အသံသည် ဟုန်းဟုန်းမြည်သောရေစီးသံကဲ့သို့ဖြစ်၏။ |
မြင့်သောအရပ်၌ရှိတော်မူသောထာဝရဘုရားသည် များစွာသောရေတို့၏မြည်ဟည်းသံထက်တန်ခိုးကြီးတော်မူ၏။ ပင်လယ်လှိုင်းတံပိုးများထက် တန်ခိုးကြီးတော်မူ၏။
လူတို့သည် ရေလုံးကြီးတို့၏မြည်ဟည်းသံကဲ့သို့ မြည်ဟည်းကြသော်လည်း ကိုယ်တော်သည် သူတို့ကိုဆုံးမတော်မူသောအခါ အဝေးသို့ထွက်ပြေးကြရလိမ့်မည်။ တောင်ပေါ်မှဖွဲကို လေတိုက်သကဲ့သို့၊ ဖုန်မှုန့်ကို လေပွေတိုက်၍ လုံးထွေးလိမ့်ပါသွားသကဲ့သို့ အလိုက်ခံရကြ၏။
သူတို့သွားသောအခါ ရေလှိုင်းပုတ်သံကြီးကဲ့သို့၊ အနန္တတန်ခိုးရှင်၏အသံကဲ့သို့ သူတို့၏တောင်ပံခတ်သံကို ငါကြားရ၏။ သူတို့သွားသောအသံသည် စစ်ချီသံကဲ့သို့ ဖြစ်၏။ သူတို့ရပ်နေသောအခါ အတောင်ပံများကို ချထား၏။
သူတို့၏ခြေသည် ဖြောင့်တန်း၍ ခြေဖဝါးမူကား နွားသငယ်၏ခွာနှင့်တူပြီး တိုက်ချွတ်ထားသောကြေးနီကဲ့သို့ ပြောင်လက်လျက်ရှိ၏။
ထိုအရပ်သို့ရောက်၍ ငါကြည့်လိုက်ရာ ကြေးနီအဆင်းနှင့်တူသောလူတစ်ယောက်ကို တွေ့၏။ ထိုသူသည် တိုင်းတာစရာ ချည်ကြိုးနှင့်ကျူချောင်းတစ်ချောင်းကို ကိုင်ထားလျက် မုခ်ဆောင်တံခါးတွင် ရပ်နေ၏။
ထိုနေရာတွင် အစ္စရေးလူမျိုးတို့၏ဘုရားသခင့်ဘုန်းတော်သည် အရှေ့ဘက်မှထွက်ပေါ်လာ၍ အသံတော်သည်လည်း ရေထုကြီးဟုန်းသံကဲ့သို့ဖြစ်၏။ ကိုယ်တော်၏ဘုန်းတော်သည် မြေတစ်ပြင်လုံးသို့ ထွန်းလင်းလေ၏။
ထိုသူ၏ကိုယ်ခန္ဓာမှာ ကျောက်မျက်ရွဲကဲ့သို့ ဖြစ်၏။ မျက်နှာမှာ လျှပ်စီးလက်သကဲ့သို့ ဖြစ်၏။ မျက်စိသည်လည်း မီးတောက်နေသောမီးတုတ်ကဲ့သို့ ဖြစ်၏။ လက်နှင့်ခြေသည် ပြောင်လက်အောင်တိုက်ချွတ်ထားသောကြေးနီနှင့် တူ၏။ သူ၏စကားသံသည် လူအုပ်ကြီး၏အသံနှင့် တူ၏။
ထို့နောက် ခွန်အားကြီးသောကောင်းကင်တမန်တစ်ပါးသည် မိုးတိမ်ကိုခြုံလျက် ကောင်းကင်မှဆင်းလာသည်ကို ငါမြင်ရ၏။ သူ၏ဦးခေါင်းပေါ်တွင် သက်တံရှိ၍ သူ၏မျက်နှာသည် နေကဲ့သို့ဖြစ်ပြီး သူ၏ခြေသည် မီးလျှံတိုင်ကဲ့သို့ဖြစ်၏။
ထို့နောက် များစွာသောရေဟုန်၏အသံနှင့်လည်းကောင်း၊ ကျယ်လောင်သောမိုးကြိုးသံနှင့်လည်းကောင်း တူသည့် ကောင်းကင်မှအသံကို ငါကြားရ၏။ ငါကြားရသောထိုအသံသည် စောင်းသမားများ မိမိတို့စောင်းများတီးခတ်နေသည့်အသံနှင့်လည်းတူ၏။
ထို့နောက် များစွာသောလူအစုအဝေး၏အသံနှင့်လည်းကောင်း၊ များစွာသောရေဟုန်၏အသံနှင့်လည်းကောင်း၊ ပြင်းထန်သောမိုးကြိုးသံနှင့်လည်းကောင်း တူသောအသံက “ဟာလေလုယာ။ အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် စိုးစံတော်မူသည်ဖြစ်၍
သွာတိရမြို့၌ရှိသော အသင်းတော်၏စေတမန်အား ဤသို့ရေးလိုက်လော့။ မီးလျှံကဲ့သို့သောမျက်စိနှင့် တောက်ပသောကြေးဝါနှင့်တူသောခြေရှိသည့် ဘုရားသခင်၏သားတော်က ဤသို့မိန့်တော်မူ၏။