အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




ဖိ​လေ​မုန် 1:21 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

သင်​၏​နာခံ​ခြင်း​ကို ယုံကြည်​စိတ်ချ​၍ ငါ​ပြော​သော​အရာ​ထက်​ပင် သင်​ပို၍​ပြု​မည်​ကို သိ​လျက် သင့်​ထံသို့ ငါ​စာ​ရေး​လိုက်​ပါ​၏။

အခန်းကိုကြည့်ပါ။

Common Language Bible

သင်​သည်​ငါ​မေတ္တာ​ရပ်​ခံ​သည့်​အ​တိုင်း​ပြု​လုပ် လိမ့်​မည်​ဟု​စိတ်​ချ​ယုံ​ကြည်​လျက် ဤ​စာ​ကို​ရေး လိုက်​၏။ အ​မှန်​စင်​စစ်​ထို​ထက်​ပင်​ပို​၍​ပြု​လုပ် လိမ့်​မည်​ကို​ငါ​သိ​ပါ​၏။-

အခန်းကိုကြည့်ပါ။

Garrad Bible

သင် နား ထောင် မည် ဟု စိတ် ချ သည့် အ တိုင်း ငါ ပြော ဆို သည် ထက် ပို မို၍ သင် ပြု မည် ကို သိ မှတ် လျက် ရေး လိုက်၏။

အခန်းကိုကြည့်ပါ။

Judson Bible

သင်​သည်​နား​ထောင်​မည်​ဟု ယုံ​မှား​ခြင်း​မ​ရှိ​သည် သာ​မ​က၊ ငါ​ပြော​သည်​ထက် သာ၍​ပြု​မည်​ဟု အ​မှန်​သိ​လျက် ငါ​ရေး​လိုက်​ပါ၏။-

အခန်းကိုကြည့်ပါ။

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

သင်​သည် ကျွန်ုပ်​၏​တောင်းဆိုမှု​ကိုပင် ကျော်လွန်​၍ နာခံ​လုပ်ဆောင်မည်​ဟု စိတ်ချယုံကြည်​လျက် သင့်​ထံ ကျွန်ုပ်​စာရေးလိုက်၏။

အခန်းကိုကြည့်ပါ။



ဖိ​လေ​မုန် 1:21
6 ပူးပေါင်းရင်းမြစ်များ  

ပညတ်​တရား​အားဖြင့် အသိပညာ​နှင့်​သမ္မာတရား​တို့​၏​အနှစ်သာရ​ကို ရရှိ​ထား​သည်​ဖြစ်၍ မိမိကိုယ်ကို မျက်မမြင်​တို့​၏​လမ်းပြ၊ အမှောင်​ထဲ၌​နေ​သော​သူ​တို့​အတွက်​အလင်း၊


ငါ​လာ​သောအခါ ငါ့​ကို​ဝမ်းမြောက်​စေ​ရ​မည့်​သူ​များ​သည် ငါ့​ကို​ဝမ်းနည်း​စေ​မည်​စိုး​၍ ဤ​အကြောင်းအရာ​ကို ငါ​ရေး​လိုက်​ခြင်း​ဖြစ်​၏။ ငါ​၏​ဝမ်းမြောက်​ခြင်း​သည် သင်​တို့​ရှိသမျှ​၏​ဝမ်းမြောက်​ခြင်း​ဖြစ်​သည်​ဟု သင်​တို့​အားလုံး​နှင့်​ပတ်သက်၍ ငါ​ယုံကြည်​စိတ်ချ​လျက်​ရှိ​၏။


ငါ​သည် သင်​တို့​ကို အရာရာ​၌​ယုံကြည်​စိတ်ချ​ရ​သောကြောင့် ဝမ်းမြောက်​လျက်​ရှိ​၏။


ထို​သူ​တို့​နှင့်အတူ ငါ​တို့​၏​အခြား​ညီအစ်ကို​တစ်​ဦး​ကို​လည်း စေလွှတ်​လိုက်​ပါ​၏။ ငါ​တို့​သည် သူ့​ကို အကြိမ်ကြိမ်​စစ်ဆေး​ပြီး သူ​သည် အကြောင်း​ကိစ္စ​များစွာ​တို့​၌ စိတ်အား​ထက်သန်​သူ​ဖြစ်​ကြောင်း တွေ့ရှိ​ရ​၏။ သူ​သည် သင်​တို့​အပေါ် ယုံကြည်​စိတ်ချ​မှု​အပြည့်အဝ​ရှိ​သောကြောင့် ယခု ပို၍​ပင်​စိတ်အား​ထက်သန်​လျက်​ရှိ​၏။


သင်​တို့​တွင် ခြားနား​သော​အယူအဆ​တစ်စုံတစ်ခု​မျှ ရှိ​မည်​မ​ဟုတ်​ဟု သခင်​ဘုရား​၌ သင်​တို့​ကို ငါ​ယုံကြည်​စိတ်ချ​၏။ သင်​တို့​ကို မငြိမ်မသက်​ဖြစ်​စေ​သော​သူ​သည် မည်သူ​ပင်​ဖြစ်​ပါစေ ပြစ်ဒဏ်​စီရင်​ခြင်း​ကို​ခံရ​လိမ့်မည်။


သင်​တို့​သည် ငါ​တို့​ညွှန်ကြား​သည့်​အရာ​များ​ကို ယခု​ဆောင်ရွက်​နေ​ကြ​၏။ ဆက်၍​လည်း ဆောင်ရွက်​ကြ​လိမ့်မည်​ဟု သခင်​ဘုရား​၌ သင်​တို့​အပေါ် ငါ​တို့​ယုံကြည်​စိတ်ချ​ကြ​၏။