ထို့ပြင် သင်တို့သည် သင်တို့၏ညီအစ်ကိုများကိုသာ နှုတ်ဆက်လျှင် မည်သည့်သာလွန်ထူးခြားမှုကို ပြုကြသနည်း။ သာသနာပလူမျိုးခြားတို့ပင်လျှင် ထိုသို့ပြုကြသည်မဟုတ်လော။
ဖိလိပ္ပိ 4:21 - မြန်မာ့စံမီသမ္မာကျမ်း ခရစ်တော်ယေရှု၌ရှိသော သန့်ရှင်းသူအပေါင်းတို့ကို နှုတ်ဆက်ပေးကြလော့။ ငါနှင့်အတူရှိသောညီအစ်ကိုတို့သည် သင်တို့ကိုနှုတ်ဆက်လိုက်ပါ၏။ Common Language Bible ဘုရားသခင်၏လူစုတော်ဝင်များဖြစ်ကြ သောခရစ်တော်ယေရှု၏နောက်လိုက်တပည့် တော်အပေါင်းတို့အားနှုတ်ဆက်လိုက်ပါ၏။ ငါနှင့်အတူရှိကြသည့်ညီအစ်ကိုများ ကသင်တို့အားနှုတ်ဆက်လိုက်ပါသည်။- Garrad Bible ခ ရစ် တော် ယေ ရှု၌ သီး သန့် ထား တော် မူ သည့် အ တိုင်း ကို နှုတ် ဆက် ကြ လော့။ ငါ နှင့် အ တူ ရှိ နေ သော ညီ အ ကို တို့ က သင် တို့ ကို နှုတ် ဆက် လိုက် ကြ၏။ Judson Bible ယေရှုခရစ်၌ရှိသော သန့်ရှင်းသူအပေါင်းတို့ကို နှုတ်ဆက်ကြလော့။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်ကြသော ယုံကြည်သူတို့ကို နှုတ်ဆက်ပေးကြလော့။ ကျွန်ုပ်နှင့် အတူရှိသော ညီအစ်ကိုတို့ကလည်း သင်တို့ကို နှုတ်ဆက်လိုက်ပါ၏။ |
ထို့ပြင် သင်တို့သည် သင်တို့၏ညီအစ်ကိုများကိုသာ နှုတ်ဆက်လျှင် မည်သည့်သာလွန်ထူးခြားမှုကို ပြုကြသနည်း။ သာသနာပလူမျိုးခြားတို့ပင်လျှင် ထိုသို့ပြုကြသည်မဟုတ်လော။
ငါတို့သခင်ယေရှုခရစ်တော်၏နာမတော်ကိုပတ္ထနာပြုကြသည့် အရပ်ရပ်တို့၌ရှိသောသူအပေါင်းတို့နှင့်အတူသန့်ရှင်းသူအဖြစ်ခေါ်ယူတော်မူခြင်းခံရ၍ ခရစ်တော်ယေရှုအားဖြင့် သန့်ရှင်းစေခြင်းခံရသောသူများတည်းဟူသော ကောရိန္သုမြို့၌ရှိသည့် ဘုရားသခင်၏အသင်းတော်ထံသို့ စာရေးလိုက်ပါ၏။ ကိုယ်တော်သည် ထိုပတ္ထနာပြုသောသူအပေါင်းတို့နှင့် ငါတို့၏သခင်ဖြစ်တော်မူ၏။
ငါနှင့်အတူရှိသောညီအစ်ကိုအပေါင်းတို့သည် ဂလာတိပြည်၌ရှိသည့် အသင်းတော်များထံသို့ စာရေးလိုက်ပါ၏။
သို့ရာတွင် ငါနှင့်အတူပါလာသောတိတုသည် ဂရိလူမျိုးဖြစ်လျက်ပင် အရေဖျားလှီးခြင်းခံရန် အတင်းအကျပ်စေခိုင်းခြင်းကို မခံခဲ့ရပေ။
ဘုရားသခင်၏အလိုတော်အားဖြင့် ခရစ်တော်ယေရှု၏တမန်တော်ဖြစ်သော ငါပေါလုသည် ခရစ်တော်ယေရှု၌သစ္စာရှိသည့် ဧဖက်မြို့တွင်နေကြသောသန့်ရှင်းသူများထံသို့ စာရေးလိုက်ပါ၏။
ယေရှုခရစ်တော်၏အစေအပါးများဖြစ်ကြသော ငါပေါလုနှင့်တိမောသေတို့သည် ဖိလိပ္ပိမြို့၌နေကြသော ကြီးကြပ်သူများ၊ သင်းထောက်များနှင့်တကွ ခရစ်တော်ယေရှု၌ရှိသော သန့်ရှင်းသူအပေါင်းတို့ထံသို့ စာရေးလိုက်ပါ၏။
ထိုအခါ လူတို့၏နားလည်နိုင်စွမ်းရှိသမျှတို့ထက် ထူးမြတ်သောဘုရားသခင်၏ငြိမ်သက်ခြင်းသည် ခရစ်တော်ယေရှုအားဖြင့် သင်တို့၏စိတ်နှလုံးနှင့် သင်တို့၏တွေးတောကြံစည်မှုများကို စောင့်ရှောက်တော်မူလိမ့်မည်။