သို့ဖြစ်၍ သင်တို့မည်ကဲ့သို့ကြားရသည်ကို သတိပြုကြလော့။ အကြောင်းမှာ ရှိသောသူအား ထပ်၍ပေးဦးမည်။ မရှိသောသူထံမှမူကား သူ၌ရှိသည်ဟု ထင်ရသောအရာကိုပင် သိမ်းယူလိမ့်မည်”ဟု မိန့်တော်မူ၏။
ဖိလိပ္ပိ 3:4 - မြန်မာ့စံမီသမ္မာကျမ်း သို့သော် အသွေးအသား၌ကိုးစားစရာလည်း ငါ၌ရှိပါ၏။ အခြားသူတစ်စုံတစ်ဦးသည် အသွေးအသား၌ကိုးစားစရာရှိသည်ဟု ထင်မှတ်လျှင် ငါ၌ ပို၍ပင်ရှိ၏။ Common Language Bible ပြင်ပလက္ခဏာများကိုကိုးစားမှုလိုအပ်သည်ဟု ဆိုလျှင်ငါ့မှာရှိ၏။ ထိုပြင်ပလက္ခဏာများကို ကိုးစားနိုင်သူတစ်ဦးတစ်ယောက်ရှိသည်ဟုဆို ပါက ငါ့မှာထိုသူထက်ပို၍ကိုးစားနိုင်စရာ အကြောင်းရှိ၏။- Garrad Bible ငါ မူ ကား ပ ဝ တ္တိ၌ စိတ် ချ ခွင့် အ ကြောင်း ရှိ သူ မှန် ၏၊ မည် သူ မ ဆို ပ ဝ တ္တိ၌ စိတ် ချ ခွင့် ရှိ သည် ဟု ထင် လျှင်၊ Judson Bible သို့သော်လည်း ငါဖြစ်လျှင် ဇာတိ၌ ကိုးစားစရာအကြောင်းရှိ၏။ အခြားသူမည်သည်ကား၊ ဇာတိ၌ ကိုးစားစရာ အကြောင်းရှိသည်ဟု ထင်လျှင်၊ ငါမူကား သာ၍ရှိ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် လူ့အားထုတ်မှုအပေါ် အားကိုးစရာလည်း ကျွန်ုပ်တွင် ရှိ၏။ တစ်စုံတစ်ယောက်က လူ့အားထုတ်မှုအပေါ် အားကိုးစရာရှိသည် ဟု ဆိုပါက ကျွန်ုပ်တွင် ပို၍ပင် ရှိ၏။ |
သို့ဖြစ်၍ သင်တို့မည်ကဲ့သို့ကြားရသည်ကို သတိပြုကြလော့။ အကြောင်းမှာ ရှိသောသူအား ထပ်၍ပေးဦးမည်။ မရှိသောသူထံမှမူကား သူ၌ရှိသည်ဟု ထင်ရသောအရာကိုပင် သိမ်းယူလိမ့်မည်”ဟု မိန့်တော်မူ၏။
ထို့ကြောင့် ယခုမှစ၍ ငါတို့သည် မည်သူ့ကိုမျှ သွေးသားဇာတိသဘောဖြင့် မသိမှတ်တော့ပေ။ ငါတို့သည် ခရစ်တော်ကို သွေးသားဇာတိသဘောဖြင့် သိမှတ်ခဲ့လျှင်လည်း ယခုတွင် ထိုသို့မသိမှတ်တော့ပေ။
ငါတို့သည် အပြစ်သားလူမျိုးခြားတို့ထဲမှမဟုတ်ဘဲ ဇာတိအားဖြင့် ဂျူးလူမျိုးများဖြစ်ကြ၏။