ငါရင်ဆိုင်ရသည်ကို သင်တို့တွေ့မြင်ခဲ့ပြီး ယခုလည်း ငါရင်ဆိုင်နေရသည်ဟု သင်တို့ကြားရသောဆန့်ကျင်တိုက်ခိုက်မှုမျိုးကို သင်တို့ရင်ဆိုင်နေကြ၏။
ယခုသင်တို့သည်ငါနှင့်အတူတိုက်ပွဲကိုဝင် နိုင်ကြလေပြီ။ ယခင်အခါကငါတိုက်ပွဲဝင် ခဲ့သည်ကိုသင်တို့တွေ့မြင်ခဲ့ကြ၏။ သင်တို့ ကြားသိသည့်အတိုင်းယခုလည်းငါသည် တိုက်ပွဲကိုဝင်လျက်နေသေး၏။
သင်တို့သည် ငါ့အားဖြင့် ငြိမ်သက်ခြင်းရှိကြစေရန် ဤအရာများကို သင်တို့အား ငါဟောပြောပြီ။ သင်တို့သည် ဤလောက၌ ဆင်းရဲဒုက္ခနှင့်ကြုံတွေ့ရကြလိမ့်မည်။ သို့သော် မစိုးရိမ်ကြနှင့်။ ငါသည် ဤလောကကိုအောင်နိုင်ပြီ”ဟု ပြန်၍မိန့်တော်မူ၏။
အကြောင်းမူကား ငါအချုပ်အနှောင်ခံရခြင်းသည် ခရစ်တော်အတွက်ဖြစ်ကြောင်း ဘုရင်ခံရုံးတော်တစ်ခုလုံးနှင့် အခြားသောသူအားလုံးတို့ရှေ့၌ ထင်ရှားလာ၍
ငါသည်လည်း တန်ခိုးတော်အားဖြင့် ငါ့အထဲ၌လုပ်ဆောင်နေသည့် ကိုယ်တော်၏လုပ်ဆောင်မှုအတိုင်း ထိုအမှုအတွက် ကြိုးစားအားထုတ်နေ၏။
ငါသည် သင်တို့နှင့် လောဒိကိမြို့တွင်ရှိသောသူတို့မှစ၍ ငါ့ကို လူချင်းမမြင်ဖူးသောသူတို့အတွက် မည်မျှလောက်ရုန်းကန်ကြိုးစားနေသည်ကို သင်တို့အား သိစေလိုပါ၏။
သင်တို့သိကြသည့်အတိုင်း ငါတို့သည် ဦးစွာ ဖိလိပ္ပိမြို့၌ ဒုက္ခဝေဒနာခံစားရလျက် နှိပ်စက်ခြင်းကိုခံရသော်လည်း ကြီးစွာသောဆန့်ကျင်တိုက်ခိုက်မှုထဲတွင် ဘုရားသခင်၏ကောင်းမြတ်သောသတင်းကို ငါတို့၏ဘုရားသခင်အားဖြင့် သင်တို့အား ရဲရင့်စွာဟောပြောကြ၏။
ယုံကြည်ခြင်းနှင့်ဆိုင်သည့် ကောင်းသောတိုက်ပွဲကိုတိုက်၍ ထာဝရအသက်ကို ရယူပိုင်ဆိုင်လော့။ သင်သည် ထိုအသက်အတွက် ခေါ်ယူတော်မူခြင်းကိုခံရ၍ များစွာသောသက်သေတို့ရှေ့တွင် ကောင်းသောဝန်ခံချက်ကိုပေးလေပြီ။
ငါသည် ကောင်းသောတိုက်ပွဲကို တိုက်ခဲ့ပြီ။ ပြေးရမည့်တာကို အဆုံးတိုင်အောင်ပြေးခဲ့ပြီ။ ယုံကြည်ခြင်းကို စောင့်ထိန်းခဲ့ပြီ။
ထို့ကြောင့် ဤမျှလောက်များပြားသောသက်သေတို့သည် ငါတို့ကိုဝိုင်းရံလျက်ရှိသည်ဖြစ်၍ ငါတို့သည် လေးသောဝန်နှင့် အလွယ်တကူငြိတွယ်တတ်သည့်သဘောရှိသော အပြစ်ရှိသမျှတို့ကို ဖယ်ရှားလျက် ငါတို့ရှေ့၌ပြင်ဆင်ထားသောပြေးပွဲကို ဇွဲလုံ့လဖြင့်ပြေးကြကုန်စို့။
သင်တို့သည် အပြစ်နှင့်တိုက်ခိုက်ရာတွင် သွေးမြေကျသည့်တိုင်အောင် ခုခံတွန်းလှန်ခြင်းကိုမပြုကြရသေး။
ညီအစ်ကိုများသည် သိုးသငယ်တော်၏သွေးတော်အားဖြင့်လည်းကောင်း၊ မိမိတို့သက်သေခံသောနှုတ်ကပတ်တော်အားဖြင့်လည်းကောင်း၊ သူ့ကိုအောင်နိုင်ခဲ့ကြ၏။ သူတို့သည် အသေခံရသည့်တိုင်အောင် မိမိတို့အသက်ကိုနှမြောခြင်းမရှိကြ။