ထိုအခါ ယေရှုက“ဗာယောနရှိမုန်၊ သင်သည် မင်္ဂလာရှိ၏။ အကြောင်းမူကား ဤအရာကို အသွေးအသားက သင့်အား ဖွင့်ပြသည်မဟုတ်ဘဲ ကောင်းကင်ဘုံ၌ရှိတော်မူသောငါ့ခမည်းတော်က ဖွင့်ပြတော်မူ၏။
ဖိလိပ္ပိ 1:29 - မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ခရစ်တော်အတွက် ကိုယ်တော်ကိုယုံကြည်ခြင်းသာမဟုတ်ဘဲ ကိုယ်တော်အတွက် ဒုက္ခဝေဒနာခံစားခြင်းအခွင့်ကိုလည်း သင်တို့အား ပေးအပ်ထားသည်ဖြစ်၍ Common Language Bible သင်တို့သည်ခရစ်တော်ကိုယုံကြည်ခြင်းအား ဖြင့်သာမကကိုယ်တော်၏အတွက်ဆင်းရဲဒုက္ခ ခံခြင်းအားဖြင့်လည်း ကိုယ်တော်၏အမှုတော် ကိုဆောင်ရွက်ရန်အခွင့်ထူးကိုရရှိကြ၏။- Garrad Bible အ သို့ ဆို သော် ခ ရစ် တော် ကို ယုံ ကြည် ခွင့် သာ မ ဟုတ်။ ငါ၌ မြင် ရ ဖူး သည့်၊ ယ ခု လည်း ကြား ရ သည့် တိုက် လှန် ခြင်း မျိုး ကို တွေ ကြုံ လျက် ခ ရစ် တော် အ တွက် ကြောင့် ဒု က္ခ ခံ ခွင့် ကို သင် တို့ အား ပေး သ နား တော် မူ လေ ပြီ။ Judson Bible အကြောင်းမူကား၊ သင်တို့သည် အထက်ကမြင်သည်အတိုင်း၊ ယခုလည်း ကြားသည်အတိုင်း ငါခံရသော တိုက်လှန်ခြင်းကို ခံရသည်နည်းတူ၊ သင်တို့သည် ခံရကြသည်ဖြစ်၍၊ ခရစ်တော်ကို ယုံကြည်ခြင်းအခွင့်မှတစ်ပါး၊ ခရစ်တော်အတွက်ကြောင့် ဆင်းရဲခံရခြင်းအခွင့်ကို ကျေးဇူးတော်အားဖြင့် ရကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်ရင်ဆိုင်ခဲ့ရသော ဆန့်ကျင်တိုက်ခိုက်မှုကို သင်တို့မြင်တွေ့ခဲ့ရပြီး လက်ရှိ၌လည်း ကျွန်ုပ်ရင်ဆိုင်နေရကြောင်း သင်တို့ကြားသိရသည့် ထိုဆန့်ကျင်တိုက်ခိုက်မှုမျိုးကို သင်တို့ရင်ဆိုင်နေရ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ခရစ်တော်ကို ယုံကြည်ရမည့် အခွင့်ထူးကို သာမက ခရစ်တော်အတွက် ဆင်းရဲဒုက္ခခံရမည့် အခွင့်ထူးကိုလည်း ဘုရားသခင်ထံမှ ရရှိထားသောကြောင့် ဖြစ်၏။ |
ထိုအခါ ယေရှုက“ဗာယောနရှိမုန်၊ သင်သည် မင်္ဂလာရှိ၏။ အကြောင်းမူကား ဤအရာကို အသွေးအသားက သင့်အား ဖွင့်ပြသည်မဟုတ်ဘဲ ကောင်းကင်ဘုံ၌ရှိတော်မူသောငါ့ခမည်းတော်က ဖွင့်ပြတော်မူ၏။
ထိုအရှင်အားဖြင့် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရသည်ကိုလည်းကောင်း သင်တို့သိမှတ်ကြလော့။
တပည့်တော်တို့၏စိတ်နှလုံးကို ခိုင်ခံ့မြဲမြံစေလျက် ယုံကြည်ခြင်း၌ ဆက်၍တည်နေကြရန် တိုက်တွန်းနှိုးဆော်ကာ “ငါတို့သည် ဘုရားသခင်၏နိုင်ငံတော်သို့ဝင်ရန် များစွာသောဆင်းရဲဒုက္ခကို ဖြတ်သန်းရမည်”ဟု ဆိုကြ၏။
သူတို့ရောက်ကြသောအခါ အသင်းတော်ကိုစုဝေးစေလျက် မိမိတို့အားဖြင့် ဘုရားသခင်ပြုတော်မူသမျှတို့ကိုလည်းကောင်း၊ ယုံကြည်ခြင်းတံခါးကို လူမျိုးခြားတို့အတွက် ဖွင့်ပေးတော်မူကြောင်းကိုလည်းကောင်း ပြောကြားကြ၏။
တမန်တော်တို့သည် နာမတော်အတွက် အရှက်ခွဲခြင်းကိုခံထိုက်သူများအဖြစ် မှတ်ယူတော်မူခြင်းခံရသောကြောင့် ဝမ်းမြောက်လျက် တရားလွှတ်တော်ရှေ့မှထွက်သွားကြ၏။
ထိုမျှမက ဆင်းရဲဒုက္ခများ၌လည်း ဂုဏ်ယူဝမ်းမြောက်ကြ၏။ အကြောင်းမူကား ဆင်းရဲဒုက္ခသည် သည်းခံခြင်းကိုလည်းကောင်း၊
အကြောင်းမူကား သင်တို့သည် ကျေးဇူးတော်ကြောင့် ယုံကြည်ခြင်းအားဖြင့် ကယ်တင်ခြင်းခံရကြ၏။ ၎င်းသည် သင်တို့ကိုယ်တိုင်ကြောင့်မဟုတ်ဘဲ ဘုရားသခင်ပေးတော်မူသောလက်ဆောင်ဖြစ်၏။
သင်တို့သည် ဗတ္တိဇံအားဖြင့် ကိုယ်တော်နှင့်အတူသင်္ဂြိုဟ်ခြင်းကိုခံရလျက် ခရစ်တော်ကို သေသောသူတို့ထဲမှ ထမြောက်စေတော်မူသောဘုရားသခင်၏တန်ခိုးတော်ကို ယုံကြည်သောအားဖြင့် ထိုသခင်နှင့်အတူ ထမြောက်စေခြင်းကိုခံရကြ၏။
ငါ့ညီအစ်ကိုတို့၊ သင်တို့သည် အမျိုးမျိုးသောစုံစမ်းနှောင့်ယှက်ခြင်းနှင့် ကြုံတွေ့ရသောအခါ ဝမ်းမြောက်စရာသက်သက်ဖြစ်သည်ဟု မှတ်ယူကြလော့။
ခရစ်တော်၏ဒုက္ခဝေဒနာများ၌ ပါဝင်ရသည့်အတွက် ဝမ်းမြောက်ကြလော့။ ဤသည်ကား ခရစ်တော်၏ဘုန်းအသရေတော်ထင်ရှားသောအချိန်၌ သင်တို့သည် ဝမ်းမြောက်ရွှင်မြူးကြမည့်အကြောင်းတည်း။