အကျွန်ုပ်အသက်ရှင်နိုင်ရန် ကိုယ်တော်၏ကတိတော်အတိုင်း အကျွန်ုပ်ကိုထောက်မတော်မူပါ။ အကျွန်ုပ်၏မျှော်လင့်ချက်အတွက် အရှက်မကွဲရပါစေနှင့်။
ဖိလိပ္ပိ 1:20 - မြန်မာ့စံမီသမ္မာကျမ်း ငါသည် မည်သည့်အရာ၌မျှ ရှက်ကြောက်ခြင်းမရှိဘဲ ခါတိုင်းကဲ့သို့ ယခုအခါတွင်လည်း ရဲရင့်ခြင်းအပြည့်အဝရှိလျက် အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ငါ၏ကိုယ်ခန္ဓာအားဖြင့် ခရစ်တော်သည် ချီးမွမ်းခြင်းခံရမည့်အကြောင်း မျှော်လင့်တောင့်တ၏။ Common Language Bible ငါသည်အဘယ်အခါ၌မျှမိမိ၏တာဝန် မပျက်မကွက်ဘဲအခါခပ်သိမ်း၌လည်း ကောင်း၊ အထူးသဖြင့်ယခုအခါ၌လည်းကောင်း ရဲစွမ်းသတ္တိနှင့်ပြည့်စုံလျက်ငါသည်အသက်ရှင် သည်ဖြစ်စေ၊ သေသည်ဖြစ်စေ၊ ငါ့အစွမ်းရှိသမျှ နှင့်ခရစ်တော်၏ဘုန်းအသရေတော်ထင်ရှား လာနိုင်စေရန်မျှော်လင့်တောင့်တ၏။- ခေတ်သစ်မြန်မာ သမ္မာကျမ်း ကျွန်ုပ်သည် မည်သည့်အခါမျှ မရှက်ကြောက်ဘဲ ယခင်ကကဲ့သို့ ယခုအချိန်တွင်လည်း အစဉ်ရဲရင့်နိုင်မည်ဟု အပြည့်အဝယုံကြည်၍ မျှော်လင့်ပါ၏။ ကျွန်ုပ်အသက်ရှင်သည်ဖြစ်စေ၊ သေသည်ဖြစ်စေ ကျွန်ုပ်ပြောဆိုပြုမူသောအရာများကြောင့် ခရစ်တော်သည် ချီးမွမ်းခံရမည်ဖြစ်ကြောင်း ကျွန်ုပ်ယုံကြည်၏။ |
အကျွန်ုပ်အသက်ရှင်နိုင်ရန် ကိုယ်တော်၏ကတိတော်အတိုင်း အကျွန်ုပ်ကိုထောက်မတော်မူပါ။ အကျွန်ုပ်၏မျှော်လင့်ချက်အတွက် အရှက်မကွဲရပါစေနှင့်။
အကျွန်ုပ်သည် အရှက်ကွဲခြင်းနှင့် ကင်းလွတ်မည့်အကြောင်း အကျွန်ုပ်၏စိတ်နှလုံးသည် ကိုယ်တော်၏ပြဋ္ဌာန်းချက်တို့နှင့်ပတ်သက်၍ အပြစ်တင်စရာကင်းပါစေသော။
အကျွန်ုပ်၏ဘုရားသခင်၊ ကိုယ်တော်ကို အကျွန်ုပ်ယုံကြည်ကိုးစားပါ၏။ အကျွန်ုပ်သည် အရှက်မကွဲရပါစေနှင့်။ အကျွန်ုပ်၏ရန်သူတို့သည် အကျွန်ုပ်အပေါ် အောင်ပွဲမခံကြရပါစေနှင့်။
ငါ၏စိတ်ဝိညာဉ်သည် ဘုရားသခင်၌သာ ငြိမ်သက်ချမ်းသာမှုကိုခံစားရ၏။ အကြောင်းမူကား ငါ၏မျှော်လင့်ခြင်းသည် ကိုယ်တော့်ထံမှလာ၏။
ဖြောင့်မတ်သောသူတို့မျှော်မှန်းသောအရာသည် ဝမ်းမြောက်ခြင်းဖြစ်၏။ ဆိုးယုတ်သောသူတို့၏မျှော်လင့်ချက်မူကား ပျက်စီးသွားလိမ့်မည်။
သို့ပြုလျှင် သင့်အတွက် အနာဂတ် မုချရှိလိမ့်မည်။ သင်၏မျှော်လင့်ခြင်းသည်လည်း ဖျက်ဆီးခြင်းခံရလိမ့်မည်မဟုတ်။
အစ္စရေးလူမျိုးသည် ထာဝရဘုရားအားဖြင့် ထာဝရတည်သောကယ်တင်ခြင်းကိုရရှိမည်။ သင်တို့သည် ကာလအစဉ်အဆက် အရှက်ကွဲရမည်မဟုတ်။ အသရေပျက်ရမည်မဟုတ်။
ဘုရားရှင်ထာဝရဘုရားသည် ငါ့ကိုကူညီမစတော်မူသောကြောင့် ငါသည် အသရေမပျက်ရ။ ကိုယ့်မျက်နှာကို မီးခတ်ကျောက်ကဲ့သို့ထား၏။ အရှက်ကွဲရလိမ့်မည်မဟုတ်ကြောင်း ငါသိ၏။
သင်မကြောက်နှင့်၊ အရှက်ကွဲရမည်မဟုတ်။ သင်မရှက်နှင့်၊ မျက်နှာပျက်ရမည်မဟုတ်။ အကယ်စင်စစ် ငယ်ရွယ်စဉ်ကအရှက်ကွဲခဲ့ရသည်ကို သင်မေ့လျော့သွားမည်။ မုဆိုးမဘဝကကဲ့ရဲ့ခံခဲ့ရသည်ကို သင်သတိရတော့မည်မဟုတ်။
ဤသို့မိန့်တော်မူခြင်းမှာ ပေတရုသည် မည်သို့သောသေခြင်းမျိုးဖြင့် ဘုရားသခင်၏ဘုန်းတော်ကိုထင်ရှားစေမည်ကို အရိပ်အမြွက်မိန့်တော်မူခြင်းဖြစ်၏။ ဤအရာကိုမိန့်တော်မူပြီးနောက်“ငါ့နောက်သို့လိုက်လော့”ဟု ပေတရုအား မိန့်တော်မူ၏။
သို့ရာတွင် ငါသည် မိမိပြေးရမည့်တာကို အဆုံးတိုင်အောင်ပြေး၍ ဘုရားသခင်၏ကျေးဇူးတော်နှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကိုသက်သေခံရန် သခင်ယေရှုထံမှ ငါရရှိသောအမှုတော်လုပ်ငန်းကို ပြီးမြောက်စေနိုင်ရန်အတွက်ဆိုလျှင် ငါ့အသက်ကိုပင် ငါပဓာနမထားပေ။
ထိုအခါ ပေါလုက “သင်တို့သည် ငိုကြွေးလျက်၊ ငါ၏စိတ်နှလုံးကိုကြေကွဲစေလျက် မည်သည့်အရာကို ပြုကြသနည်း။ ငါသည် သခင်ယေရှု၏နာမတော်အတွက် ဂျေရုဆလင်မြို့၌ ချည်နှောင်ခြင်းခံရရန်သာမက အသေခံရန်ပင် အသင့်ရှိသည်”ဟု ပြန်ပြော၏။
ထိုသို့ သူတို့ဆုတောင်းပြီးသောအခါ သူတို့စုဝေးနေကြသောနေရာသည် တုန်လှုပ်၍ သူတို့အားလုံးသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျက် ဘုရားသခင်၏နှုတ်ကပတ်တရားကို ရဲရင့်စွာဟောပြောကြ၏။
သို့ဖြစ်၍ ညီအစ်ကိုတို့၊ ဘုရားသခင်၏ကရုဏာတော်အားဖြင့် သင်တို့အား ငါတိုက်တွန်းနှိုးဆော်လိုသည်မှာ သင်တို့၏ကိုယ်ခန္ဓာကို ဘုရားသခင်နှစ်သက်တော်မူသည့် သန့်ရှင်း၍အသက်ရှင်သောယဇ်အဖြစ် ပူဇော်ကြလော့။ ဤသည်ကား သင်တို့ပြုအပ်သော ဝိညာဉ်ရေးဆိုင်ရာဝတ်ပြုခြင်းဖြစ်၏။
ထိုမျှော်လင့်ခြင်းသည်လည်း ငါတို့ကိုအရှက်ရစေမည်မဟုတ်။ အကြောင်းမူကား ဘုရားသခင်၏ချစ်ခြင်းမေတ္တာတော်သည် ငါတို့ကိုပေးတော်မူသောသန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ငါတို့၏စိတ်နှလုံးထဲ၌ သွန်းလောင်းခြင်းခံရပြီဖြစ်၏။
သင်တို့၏ကိုယ်အင်္ဂါများကိုလည်း မတရားမှု၏လက်နက်များအဖြစ် အပြစ်အား မဆက်သကြနှင့်။ ထိုသို့ပြုမည့်အစား သေသောသူတို့ထဲမှ အသက်ရှင်လာသူကဲ့သို့ မိမိကိုယ်ကို ဘုရားသခင်အား ဆက်သ၍ သင်တို့၏ကိုယ်အင်္ဂါများကို ဖြောင့်မတ်ခြင်း၏လက်နက်များအဖြစ် ဘုရားသခင်အား ဆက်သကြလော့။
သင်တို့၏သွေးသားဇာတိအားနည်းသောကြောင့် ငါသည် လောကီဝေါဟာရအားဖြင့် ပြောဆို၏။ ယခင်က သင်တို့သည် မိမိတို့၏ကိုယ်အင်္ဂါများကို ညစ်ညူးခြင်းနှင့်တရားမဲ့ခြင်းတို့၏ကျွန်အဖြစ် ဆက်သ၍ တရားမဲ့ခြင်းထဲသို့ ရောက်ခဲ့ကြသည့်နည်းတူ ယခု မိမိတို့၏ကိုယ်အင်္ဂါများကို ဖြောင့်မတ်ခြင်း၏ကျွန်အဖြစ် ဆက်သ၍ သန့်ရှင်းခြင်းသို့ရောက်ကြလော့။
ဖန်ဆင်းခံလောကသည် ဘုရားသခင့်သားများ၏ထင်ရှားခြင်းကို အလွန်တောင့်တသောစိတ်ဖြင့် စောင့်မျှော်လျက်နေ၏။
ဤသည်ကား “ကြည့်ရှုလော့။ ခလုတ်တံသင်းဖြစ်သောကျောက်၊ မှားယွင်းစေသောကျောက်ကို ဇိအုန်၌ ငါချထား၏။ ထိုကျောက်ကိုယုံကြည်သောသူသည် အရှက်ရလိမ့်မည်မဟုတ်”ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်းဖြစ်၏။
ညီအစ်ကိုတို့၊ ငါတို့သခင်ခရစ်တော်ယေရှု၌ သင်တို့ကြောင့် ငါရရှိသောဝါကြွားဝမ်းမြောက်ခြင်းကိုတိုင်တည်၍ “ငါသည် နေ့တိုင်းသေနေရ၏”ဟု ငါဆို၏။
သင်တို့ကို အဖိုးအခပေး၍ ဝယ်ယူထားတော်မူ၏။ ထို့ကြောင့် သင်တို့၏ကိုယ်ခန္ဓာအားဖြင့် ဘုရားသခင်၏ဘုန်းတော်ကို ထင်ရှားစေကြလော့။
သူ၏စိတ်အာရုံသည် ထွေပြားတတ်၏။ အိမ်ထောင်မရှိသောအမျိုးသမီးနှင့်အပျိုကညာတို့သည် ကိုယ်ခန္ဓာနှင့်စိတ်ဝိညာဉ်နှစ်ဖြာစလုံးသန့်ရှင်းစေရန် သခင်ဘုရား၏အမှုတို့ကိုဂရုစိုက်တတ်၏။ အိမ်ထောင်ရှိသောအမျိုးသမီးမူကား မိမိလင်ယောက်ျားကို မည်ကဲ့သို့နှစ်သက်စေရမည်ဟူသော လောကီအမှုတို့ကိုဂရုစိုက်တတ်၏။
အကြောင်းမူကား သင်တို့ကိုဖြိုဖျက်ရန်အတွက်မဟုတ်ဘဲ တည်ဆောက်ရန်အတွက် သခင်ဘုရားပေးတော်မူသော ငါတို့၏အခွင့်အာဏာနှင့်ပတ်သက်၍ ငါသည် အနည်းငယ်ပို၍ ဝါကြွားမိခဲ့လျှင်ပင် ရှက်ကြောက်မည်မဟုတ်။
ငါတို့သည် ဤသို့သောမျှော်လင့်ခြင်းရှိသည်ဖြစ်၍ အလွန်ရဲရင့်စွာဖြင့်ပြုမူလျက်
ယေရှု၏အသက်ရှင်တော်မူခြင်းသည် ငါတို့၏ကိုယ်ခန္ဓာ၌ ထင်ရှားမည့်အကြောင်း ယေရှု၏အသေခံတော်မူခြင်းကို ငါတို့ကိုယ်ခန္ဓာ၌ အစဉ်ဆောင်ထားကြ၏။
ထိုသို့ လူအပေါင်းတို့အတွက် ကိုယ်တော်အသေခံတော်မူခြင်းမှာ အသက်ရှင်သောသူတို့သည် မိမိတို့အတွက် အသက်မရှင်တော့ဘဲ သူတို့အတွက်အသေခံတော်မူပြီး ထမြောက်တော်မူသောအရှင်အတွက် အသက်ရှင်ကြရန်ဖြစ်၏။
ငါသည် သင်တို့အကြောင်းကို တိတုအား အနည်းငယ်ဝါကြွားခဲ့သော်လည်း အရှက်မရခဲ့ပေ။ အကြောင်းမူကား သင်တို့အား ငါတို့ပြောခဲ့သောအရာအားလုံးတို့သည် ဟုတ်မှန်သည့်နည်းတူ တိတုကို ငါတို့ဝါကြွားထားသောအရာသည်လည်း ဟုတ်မှန်ကြောင်းထင်ရှားခဲ့ပြီ။
ငါသည် သင်တို့ကို အလွန်ယုံကြည်စိတ်ချ၍ သင်တို့အတွက် များစွာဂုဏ်ယူ၏။ ငါသည် နှစ်သိမ့်မှုကို အပြည့်အဝခံစားရ၍ ငါတို့ခံရသောဆင်းရဲဒုက္ခအပေါင်းတို့၌ ဝမ်းမြောက်ခြင်းနှင့်ပြည့်ဝလျက်ရှိ၏။
များစွာသောညီအစ်ကိုတို့သည် ငါအချုပ်အနှောင်ခံရခြင်းကြောင့် သခင်ဘုရား၌ ယုံကြည်စိတ်ချလျက် ကြောက်ရွံ့ခြင်းမရှိဘဲ နှုတ်ကပတ်တရားကိုဟောပြောရန် ပိုမိုရဲရင့်လာကြ၏။
ထိုမျှမက သင်တို့၏ယုံကြည်ခြင်းနှင့်ဆိုင်သော ဝတ်ပြုခြင်းနှင့်ယဇ်ပူဇော်ခြင်းတို့အပေါ်၌ ငါသွန်းလောင်းပူဇော်ခြင်းခံရမည်ဆိုလျှင်လည်း ငါဝမ်းမြောက်၏။ သင်တို့အားလုံးနှင့်အတူ ငါဝမ်းမြောက်၏။
ငါသည် သင်တို့အတွက်ခံရသောဒုက္ခဝေဒနာ၌ ယခုဝမ်းမြောက်၍ ခရစ်တော်၏ဆင်းရဲဒုက္ခတွင် လိုအပ်သေးသည့်အပိုင်းကို ကိုယ်တော်၏ကိုယ်ခန္ဓာတည်းဟူသောအသင်းတော်အတွက် ငါ၏ကိုယ်ကာယ၌ ဖြည့်ဆည်းလျက်ရှိ၏။
ငြိမ်သက်ခြင်း၏အရှင် ဘုရားသခင်ကိုယ်တော်တိုင် သင်တို့ကို အကုန်အစင်သန့်ရှင်းစေတော်မူပါစေသော။ ငါတို့၏သခင်ယေရှုခရစ်တော်ကြွလာတော်မူသောအခါ သင်တို့၏ဝိညာဉ်၊ စိတ်နှလုံး၊ ကိုယ်ခန္ဓာကို အပြစ်တင်စရာမရှိစေရန် စောင့်ရှောက်တော်မူပါစေသော။
သို့သော် တစ်စုံတစ်ဦးသည် ခရစ်ယာန်အဖြစ် ဒုက္ခဝေဒနာခံစားရလျှင် ရှက်ကြောက်ခြင်းမရှိဘဲ ထိုအမည်နာမကြောင့် ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းပါစေ။
ထို့ကြောင့် သားသမီးတို့၊ ငါတို့သည် ကိုယ်တော်ပေါ်ထွန်းတော်မူသောအခါ ယုံကြည်စိတ်ချမှုရှိ၍ ကိုယ်တော်ကြွလာတော်မူသည့်အချိန်တွင် ရှေ့တော်၌ ရှက်ကြောက်ခြင်းမရှိစေရန် ကိုယ်တော်၌တည်နေကြလော့။