ထို့ကြောင့် မည်သို့ချေပပြောဆိုရမည်ကို ကြိုတင်၍မစဉ်းစားရန် သင်တို့၏စိတ်နှလုံးထဲ၌ ဆုံးဖြတ်ထားကြလော့။
ဖိလိပ္ပိ 1:17 - မြန်မာ့စံမီသမ္မာကျမ်း အခြားသောသူတို့မူကား ငါအချုပ်အနှောင်ခံရခြင်း၌ ဆင်းရဲဒုက္ခကို ပိုမိုများပြားစေလိုသောအကြံနှင့် ရိုးသားသောစိတ်အားဖြင့်မဟုတ်ဘဲ တုပြိုင်လိုသောစိတ်ဖြင့် ခရစ်တော်အကြောင်းကို ဟောပြောကြ၏။ Common Language Bible အခြားသောသူတို့သည်ကားခရစ်တော်၏ အကြောင်းကိုစိတ်ရိုးသဘောရိုးဖြင့်မဟုတ်ဘဲ ကျော်ကြားလိုသောဆန္ဒဖြင့်ဟောပြောကြ၏။ သူတို့၏အကြံမှာအကျဉ်းခံနေရသူငါ့ အားပို၍စိတ်ဒုက္ခရောက်စေရန်ပင်ဖြစ်၏။ Garrad Bible ထို သူ တို့ မူ ကား ကြည် လင် သော စိတ် မ ရှိ။ ငါ အ ကျဉ်း ခံ ရ သည် တွင် စိတ် ဒု က္ခ ထပ် ရောက် စေ ရန် အ ကြံ နှင့် ဖီ ဆန် လို သော စိတ် အ လျောက် ကြော် ငြာ ကြ၏။ သို့ ဖြစ် လျင် မည် သို့ နည်း။ Judson Bible ထိုသူတို့သည် ကြည်ဖြူသောစိတ်မရှိ၊ ချည်နှောင်ခြင်းကို ငါခံရသည်တွင် သာ၍ ဆင်းရဲစေမည်ဟု အကြံရှိ၍၊ ရန်တွေ့ချင်သောစိတ်နှင့် ဟောပြောကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း မနာလိုစိတ်၊ ရန်လိုစိတ်တို့ဖြင့် ဟောပြောသောသူတို့ကမူ ကျွန်ုပ် အကျဉ်းချခံရစဉ် ကျွန်ုပ်အပေါ် ဆင်းရဲဒုက္ခတိုးပွားစေရန် ရည်ရွယ်လျက် ရိုးသားမှုမရှိဘဲ တစ်ကိုယ်ကောင်းဆန်သောစိတ်ဖြင့် ခရစ်တော်အကြောင်းကို ဟောပြောကြ၏။ |
ထို့ကြောင့် မည်သို့ချေပပြောဆိုရမည်ကို ကြိုတင်၍မစဉ်းစားရန် သင်တို့၏စိတ်နှလုံးထဲ၌ ဆုံးဖြတ်ထားကြလော့။
“ညီအစ်ကိုတို့နှင့်အဖတို့၊ ယခု သင်တို့ရှေ့၌ အကျွန်ုပ်ချေပပြောဆိုသောစကားကို နားထောင်ကြပါ”ဟု ဆို၏။
ထိုအခါ အဂြိပ္ပမင်းကြီးသည် ပေါလုအား “သင့်အကြောင်းကို သင်ကိုယ်တိုင်ပြောဆိုနိုင်ပြီ”ဟု အမိန့်ရှိသဖြင့် ပေါလုသည် လက်ကိုဆန့်၍
ပေါလုသည် ဤသို့ချေပပြောဆိုနေစဉ် ဖေတ္တုမင်းက “ပေါလု၊ သင်သည်ရူးသွပ်နေပြီ။ သင်၏လွန်ကဲသောကျမ်းဂန်လေ့လာမှုသည် သင့်ကို သူရူးဖြစ်စေပြီ”ဟု ကျယ်လောင်သောအသံဖြင့် ဆိုလေ၏။
တစ်ကိုယ်ကောင်းဆန်၍ သမ္မာတရားကိုမနာခံဘဲ မတရားမှုနောက်သို့လိုက်သောသူတို့အပေါ်၌မူကား ပြင်းစွာသောဒေါသနှင့်အမျက်တော်ကို သက်ရောက်စေတော်မူလိမ့်မည်။
သို့ဖြစ်လျှင် မည်သို့ဆိုရမည်နည်း။ ဟန်ဆောင်ပန်ဆောင်ဖြစ်စေ၊ မှန်မှန်ကန်ကန်ဖြစ်စေ မည်သည့်နည်းဖြင့်မဆို ခရစ်တော်အကြောင်းကို ဟောပြောသည်ဖြစ်၍ ၎င်းအတွက် ငါဝမ်းမြောက်၏။ ဆက်၍လည်း ငါဝမ်းမြောက်ဦးမည်။
သင်တို့အားလုံးနှင့်ပတ်သက်၍ ဤကဲ့သို့ ငါသဘောထားသည်မှာ သင့်မြတ်ပေ၏။ အကြောင်းမူကား သင်တို့အားလုံးသည် ငါအချုပ်အနှောင်ခံရသောအရာ၌လည်းကောင်း၊ ကောင်းမြတ်သောသတင်းအတွက် ဖြေရှင်းချက်ပေး၍ အတည်ပြုပြောဆိုရာ၌လည်းကောင်း ငါနှင့်အတူ ကျေးဇူးတော်ကိုမျှဝေခံစားသူများဖြစ်ကြသဖြင့် သင်တို့သည် ငါ၏စိတ်နှလုံး၌ရှိကြ၏။
မည်သည့်အမှုကိုမျှ တုပြိုင်လိုသောစိတ်နှင့်လည်းကောင်း၊ အချည်းနှီးကျော်စောလိုသောစိတ်နှင့်လည်းကောင်း မပြုဘဲ နှိမ့်ချသောစိတ်ရှိလျက် သူတစ်ပါးတို့သည် မိမိတို့ထက် ထူးမြတ်သည်ဟု မှတ်ယူကြလော့။
ငါသည် ထိုသက်သေခံချက်အတွက် သံတော်ဆင့်နှင့်တမန်တော်အဖြစ်လည်းကောင်း၊ ယုံကြည်ခြင်းနှင့်သမ္မာတရားတို့ကို လူမျိုးခြားတို့အား သွန်သင်သောဆရာအဖြစ်လည်းကောင်း ခန့်အပ်ထားခြင်းခံရ၏။ ငါသည် မုသားမပါ ဟုတ်မှန်ရာကိုပြော၏။
ငါသည် ဤကောင်းမြတ်သောသတင်းအတွက် ရာဇဝတ်သားပမာ ချည်နှောင်ခြင်းခံရသည့်တိုင်အောင် ဆင်းရဲဒုက္ခကိုခံရ၏။ သို့သော် ဘုရားသခင်၏နှုတ်ကပတ်တော်သည် ချည်နှောင်ခြင်းခံရသည်မဟုတ်။
ငါ၏အမှုအတွက် ပထမအကြိမ်ချေပပြောဆိုရာတွင် မည်သူမျှ ငါ့ဘက်၌မနေဘဲ အားလုံးသည် ငါ့ကိုစွန့်ပစ်ကြ၏။ ဤအမှုအရာကြောင့် သူတို့၏အပြစ်ကို မှတ်တော်မမူပါစေနှင့်။