ယခုမှာ ကြည့်ပါလော့။ အဒေါနိယသည် ဘုရင်ဖြစ်နေပါပြီ။ ဤအမှုကို အကျွန်ုပ်၏သခင်အရှင်မင်းကြီး သိတော်မမူ။
နေဟမိ 6:7 - မြန်မာ့စံမီသမ္မာကျမ်း သင်သည် သင့်ကိုယ်သင်ရည်ညွှန်း၍ ‘ယုဒပြည်၌ ရှင်ဘုရင်ရှိသည်’ဟု ဂျေရုဆလင်မြို့တွင် ဟောပြောစေရန် ပရောဖက်တို့ကိုခန့်ထားပြီ။ ထိုသတင်းကို ရှင်ဘုရင်အား ကြားလျှောက်ကောင်း ကြားလျှောက်ကြလိမ့်မည်။ သို့ဖြစ်၍ ယခု လာပါ။ ငါတို့အတူတကွ ဆွေးနွေးကြစို့”ဟု ပါရှိ၏။ Common Language Bible ယေရုရှလင်မြို့တွင်မိမိအားယုဒဘုရင် အဖြစ်ကြေညာရန် ပရောဖက်အချို့နှင့်စီစဉ် ထားကြောင်းကိုလည်းငါ့အားဂေရှင်ပြောပြ ပါသည်။ ဘုရင်မင်းမြတ်သည်ဤသတင်းကို ဧကန်မုချကြားသိတော်မူလိမ့်မည်။ ထို ကြောင့်ငါနှင့်တိုင်ပင်ရန်လာပါလော့'' ဟု ဖော်ပြပါရှိ၏။ Garrad Bible သင့် အား ရည် ၍၊ ယု ဒ ပြည် တွင် ဘု ရင် ရှိ သည် ဟု ဟော ပြော သော ပ ရော ဖက် တို့ ကို၊ ယေ ရု ရှ လင် မြို့၌ သင် ခန့် ထား ပြီ ဟူ သော သတင်း အ တိုင်း၊ ဘု ရင် မင်း ထံ တင် လျှောက် ရ မည် ဖြစ် သော ကြောင့်၊ တိုင် ပင် ရန် လာ ပါ လော့ ဟူ၍ တည်း။ Judson Bible ယုဒပြည်၌ ရှင်ဘုရင်ရှိသည်ဟု သင့်ကိုရည်ဆောင်၍ ယေရုရှလင်မြို့၌ ဟောပြောရသော ပရောဖက်တို့ကို သင်ခန့်ထားပြီ။ ထိုစကားအတိုင်း ရှင်ဘုရင်အား ကြားလျှောက်ရမည်။ သို့ဖြစ်၍ လာပါ။ တိုင်ပင်ကြကုန်အံ့ဟု စာ၌ပါသတည်း။ |
ယခုမှာ ကြည့်ပါလော့။ အဒေါနိယသည် ဘုရင်ဖြစ်နေပါပြီ။ ဤအမှုကို အကျွန်ုပ်၏သခင်အရှင်မင်းကြီး သိတော်မမူ။
ယနေ့ သူသည် သိုး၊ နွားမှစ၍ ဆူဖြိုးသောအကောင်အမြောက်အမြားကို သွား၍ယဇ်ပူဇော်ပါပြီ။ ဘုရင့်သားတော်အပေါင်းတို့အပါအဝင် စစ်မှုထမ်းအကြီးအကဲများနှင့် ယဇ်ပုရောဟိတ်အဗျာသာတို့ကို ဖိတ်ခေါ်ပြီး စားသောက်ကြလျက် ‘အဒေါနိယမင်းကြီး သက်တော်ရှည်ပါစေ’ဟု ကြွေးကြော်ကြပါပြီ။
ထိုမြို့တွင် ယဇ်ပုရောဟိတ်ဇာဒုတ်နှင့် ပရောဖက်နာသန်တို့သည် သူ့ကို အစ္စရေးလူမျိုး၏ဘုရင်အဖြစ် ဘိသိက်ပေးရမည်။ ပြီးမှ တံပိုးမှုတ်လျက် ‘ရှောလမုန်မင်းကြီး သက်တော်ရှည်ပါစေ’ဟု ကြွေးကြော်ကြရမည်။
သူသည် ဇေရုယာ၏သားယွာဘ၊ ယဇ်ပုရောဟိတ်အဗျာသာတို့နှင့် တိုင်ပင်ဆွေးနွေးရာ သူတို့က အဒေါနိယကို အားပေးမြှောက်ပင့်ကြ၏။
ထိုစာတွင် “သင်နှင့်ဂျူးလူမျိုးတို့သည် ပုန်ကန်ရန်အကြံရှိကြောင်း လူမျိုးခြားတို့နှင့်တကွ ဂေရှင်ပါ ပြောလေပြီ။ ဤသတင်းအရ သင်သည် ဂျူးလူမျိုး၏ဘုရင်ဖြစ်လိုသောကြောင့် ဤမြို့ရိုးကို ပြန်လည်တည်ဆောက်ပြီ။
ငါကလည်း သူ့ထံ လူလွှတ်၍ “သင်ဆိုသည့်အတိုင်း ဖြစ်လာမည်မဟုတ်။ ဤစကားများသည် သင့်စိတ်ကူးဖြင့် လုပ်ကြံပြောဆိုခြင်းသာ ဖြစ်၏”ဟု အကြောင်းပြန်ကြားလိုက်၏။
သို့ဖြစ်၍ ယခု အရှင်တို့သည် တရားလွှတ်တော်အဖွဲ့နှင့်အတူ ပေါလု၏အမှုကို ပို၍တိကျစွာစစ်ဆေးလိုဟန်ပြုလျက် သူ့ကို အရှင်တို့ထံသို့ခေါ်ဆောင်လာရန်တပ်မှူးကြီးအား လျှောက်ထားကြပါ။ အကျွန်ုပ်တို့သည် ဤနေရာသို့ သူမရောက်လာမီ သူ့ကိုသတ်ရန် အသင့်ရှိနေပါမည်”ဟု ပြောကြားကြ၏။