ငါကလည်း ဆက်၍ “သင်တို့လုပ်ရပ်သည် ဆိုးဝါးလှ၏။ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောစိတ်ဖြင့် အသက်ရှင်လျှောက်လှမ်းရမည်မဟုတ်လော။ သို့မှ ငါတို့ရန်သူ လူမျိုးခြားတို့၏ကဲ့ရဲ့ရှုတ်ချခြင်းနှင့် ကင်းမည်မဟုတ်လော။
နေဟမိ 5:8 - မြန်မာ့စံမီသမ္မာကျမ်း သူတို့အား “လူမျိုးခြားတို့ထံ အရောင်းစားခံလိုက်ရသော ငါတို့အမျိုးသားချင်းဂျူးလူမျိုးတို့ကို ငါတို့ မဖြစ်မနေပြန်ဝယ်ယူခဲ့ပြီးမှ သင်တို့သည် ကိုယ့်အမျိုးသားချင်းကို ပြန်ရောင်းစားပါပြီတကား။ ငါတို့ထံ ပြန်ရောင်းစားကြပါပြီတကား”ဟု ဆိုသောအခါ သူတို့သည် ဘာမျှပြန်မပြောဘဲ ဆိတ်ဆိတ်နေကြ၏။ Common Language Bible ``မိမိတို့ကိုယ်ကိုလူမျိုးခြားများလက် သို့ရောင်းချရကြသူ ယုဒအမျိုးသားညီ အစ်ကိုတို့အားတတ်နိုင်သမျှငါတို့ပြန် လည်ဝယ်ယူပြီးမှ ယခုသင်တို့က မိမိတို့ အမျိုးသားအချင်းချင်းပြန်လည်ရောင်း စားလျက်နေကြပါတကား'' ဟုဆိုသော အခါခေါင်းဆောင်များသည်ဆိတ်ဆိတ် နေကြ၏။ စကားတစ်ခွန်းကိုမျှပြန်၍ မပြောနိုင်ကြ။ Garrad Bible လူ မျိုး ခြား တို့ ထံ ရောင်း ချ ခဲ့ ပြီး သော ယု ဒ အ မျိုး သား ချင်း တို့ ကို၊ တတ် နိုင် သ မျှ ငါ တို့ ရွေး နုတ် ကြ ပြီ။ သင် တို့ ကား၊ ကိုယ့် အမျိုး သား ချင်း တို့ ကို ရောင်း ချ၍၊ ငါ တို့ ရွေး နုတ် ရ မည် လော ဟု ဆို လျှင်၊ သူ တို့ သည် မ ပြော ဝံ့ ဘဲ ဆိတ် ဆိတ် နေ ကြ၏။ Judson Bible တစ်ပါးအမျိုးသားတို့လက်၌ ကျွန်ခံသော ငါတို့ညီအစ်ကို ယုဒလူတို့ကို၊ ငါတို့သည် တတ်နိုင်သမျှအတိုင်း ရွေးနုတ်ပြီးမှ၊ သင်တို့သည် ညီအစ်ကိုတို့ကို တစ်ဖန် ရောင်းဦးမည်လော။ သူတို့သည် အမျိုးသားချင်းတို့တွင် အရောင်းခံရမည်လောဟု ဆိုလျှင်၊ သူတို့သည် ပြန်ပြောစရာမရှိ၊ တိတ်ဆိတ်စွာ နေကြ၏။ |
ငါကလည်း ဆက်၍ “သင်တို့လုပ်ရပ်သည် ဆိုးဝါးလှ၏။ ဘုရားသခင်ကို ကြောက်ရွံ့ရိုသေသောစိတ်ဖြင့် အသက်ရှင်လျှောက်လှမ်းရမည်မဟုတ်လော။ သို့မှ ငါတို့ရန်သူ လူမျိုးခြားတို့၏ကဲ့ရဲ့ရှုတ်ချခြင်းနှင့် ကင်းမည်မဟုတ်လော။
အုပ်ချုပ်သူမင်းများလည်း အသံတိတ်သွားကြပြီး သူတို့၏လျှာသည် အာခေါင်တွင်ကပ်၍နေ၏။
သူတို့ စိတ်ပျက်ကုန်ကြပြီ။ ဘာမျှပြန်မပြောကြတော့ပါ။ ပြောစရာစကားပင် မရှိကြတော့ပါ။
မည်သူမဆို လူကိုခိုးယူပြီး ရောင်းစားလိုက်သည်ဖြစ်စေ၊ လက်ဝယ်တွေ့ရှိသည်ဖြစ်စေ မုချအသတ်ခံရမည်။
‘အဆွေ၊ သင်သည် မင်္ဂလာဆောင်ပွဲထိုင်ဝတ်စုံကိုမဝတ်ဘဲ မည်ကဲ့သို့ ဤနေရာသို့ဝင်လာသနည်း’ဟု ထိုသူအား မေးတော်မူ၏။ သို့သော် သူသည် နှုတ်ဆိတ်လျက်နေလေ၏။
သူသည် အစေအပါးအသီးသီးတို့အား သူတို့၏အရည်အချင်းနှင့်အညီ တစ်ဦးကိုငါးတာလန်၊ အခြားတစ်ဦးကိုနှစ်တာလန်နှင့် နောက်တစ်ဦးကိုတစ်တာလန် စသည်ဖြင့် ပေးအပ်ပြီးလျှင် ခရီးထွက်လေ၏။
အကြောင်းမူကား ရှိသောသူတိုင်းအား ထပ်၍ပေးသဖြင့် သူတို့သည် ကြွယ်ဝပြည့်စုံလိမ့်မည်။ မရှိသောသူထံမှမူကား သူ၌ရှိသောအရာကိုပင် သိမ်းယူလိမ့်မည်။
အစားအစာကြောင့် သင်၏ညီအစ်ကိုကို ဝမ်းနည်းစေလျှင် သင်သည် မေတ္တာဖြင့် အသက်ရှင်လျှောက်လှမ်းသည်မဟုတ်တော့ပေ။ ခရစ်တော်က ကိုယ်စားအသေခံပေးတော်မူသော သင့်ညီအစ်ကိုကို သင်၏အစားအစာကြောင့် မပျက်စီးစေနှင့်။
ပညတ်တရားဆိုထားသမျှတို့သည် ပညတ်တရားအောက်၌ရှိသောသူများအတွက်ဆိုထားကြောင်း ငါတို့သိကြ၏။ ဤသည်ကား နှုတ်ရှိသမျှသည် ပိတ်ထားခြင်းခံရ၍ လောကီသားအပေါင်းတို့သည် ဘုရားသခင်၏တရားစီရင်ခြင်းလက်အောက်သို့ ကျရောက်ကြရန်ဖြစ်၏။
ထိုအခါ ခရစ်တော်က ကိုယ်စားအသေခံပေးသော ညီအစ်ကိုဖြစ်သည့် ထိုအားနည်းသောသူသည် သင်၏အသိပညာကြောင့် ပျက်စီးခြင်းသို့ရောက်ရ၏။
အကြောင်းမူကား စေတနာစိတ်ရှိလျှင် မရှိသည့်အရာကိုမထောက်ဘဲ ရှိသည့်အရာကိုထောက်၍ နှစ်သက်လက်ခံတော်မူ၏။
ထို့ကြောင့် ငါတို့သည် အခါအခွင့်ရသောအခါ လူအပေါင်းတို့အပေါ် အထူးသဖြင့် ယုံကြည်ခြင်း၏အိမ်သူအိမ်သားတို့အပေါ် ကောင်းသောအမှုကို ပြုကြကုန်စို့။
တစ်စုံတစ်ယောက်သည် မိမိအမျိုးသားချင်းဖြစ်သော အစ္စရေးအမျိုးသားတို့ထဲမှ တစ်ယောက်ယောက်ကို ခိုးယူပြီး ထိုသူကို ကျွန်ပြုသည်ဖြစ်စေ၊ ရောင်းစားသည်ဖြစ်စေ ထိုသူခိုးကိုတွေ့လျှင် အသေသတ်ရမည်။ ဤသို့ဖြင့် မကောင်းမှုကို သင့်ထဲမှဖယ်ရှားပစ်ရမည်။