တံခါးကိုစောင့်ကြပ်ရသူ အယောက်လေးထောင်၊ ချီးမွမ်းသီဆိုဖို့ ဒါဝိဒ်မင်းကြီး ပြုလုပ်ထားသောတူရိယာများဖြင့် ထာဝရဘုရားကို ချီးမွမ်းသီဆိုရသူ အယောက်လေးထောင် ဟူ၍ခွဲထား၏။
နေဟမိ 12:36 - မြန်မာ့စံမီသမ္မာကျမ်း သူ၏ညီအစ်ကိုများဖြစ်သော ရှေမာယ၊ အာဇရေလ၊ မိလလဲ၊ ဂိလလဲ၊ မာဣ၊ နာသနေလ၊ ယုဒ၊ ဟာနနိ တို့သည်လည်း ဘုရားသခင်၏လူဒါဝိဒ်၏ဂီတတူရိယာမျိုးကို တီးမှုတ်၍ လိုက်ကြ၏။ သူတို့ကို ကျမ်းပြုဆရာဧဇရက ဦးဆောင်သွား၏။ Common Language Bible သူ၏နောက်၌သူ့သားချင်းစုဝင်များဖြစ်ကြသောရှေမာယ၊ အာဇရေလ၊ မိလလဲ၊ ဂိလလဲ၊ မာဣ၊ နာသနေလ၊ ယုဒနှင့်ဟာနနိတို့သည်ဘုရားသခင်၏အစေခံဒါဝိဒ်မင်းတီးမှုတ်သည့်တူရိယာမျိုးတို့ကိုကိုင်ဆောင်လျက်လိုက်ကြ၏။ ကျမ်းတတ်မြောက်သူဧဇရကဤလူစုတို့လှည့်လည်ရာတွင်ဦးစီးခေါင်းဆောင်ပြုလေသည်။- Garrad Bible ဘု ရား သ ခင့် လူ ယုံ တော် ဒါ ဝိဒ် မင်း စီ မံ ခဲ့ သော တု ရိ ယာ မျိုး ကို ကိုင် ဆောင် သူ ဆွေ မျိုး သား ချင်း ရှေ မာ ယ၊ အာ ဇ ရေ လ၊ မိ လ လဲ၊ ဂိ လ လဲ၊ မာ ဣ၊ နာ သ နေ လ၊ ယု ဒ၊ ဟာ နန် တို့ လိုက် ရ ကြ သော်၊ ကျမ်း တတ် ဆ ရာ ဧ ဇ ရ ဦး တည် လေ၏။ Judson Bible သူ၏ညီ ရှေမာယ၊ အာဇရေလ၊ မိလလဲ၊ ဂိလလဲ၊ မာဣ၊ နာသနေလ၊ ယုဒ၊ ဟာနနိတို့သည် ဘုရားသခင်၏လူ ဒါဝိဒ်၏တူရိယာမျိုးကို ကိုင်လျက်လိုက်ကြ၏။ ကျမ်းတတ်ဆရာ ဧဇရသည် သူတို့ရှေ့မှာ သွား၏။ |
တံခါးကိုစောင့်ကြပ်ရသူ အယောက်လေးထောင်၊ ချီးမွမ်းသီဆိုဖို့ ဒါဝိဒ်မင်းကြီး ပြုလုပ်ထားသောတူရိယာများဖြင့် ထာဝရဘုရားကို ချီးမွမ်းသီဆိုရသူ အယောက်လေးထောင် ဟူ၍ခွဲထား၏။
ခမည်းတော်ဒါဝိဒ်မင်းကြီး စီမံထားခဲ့သည့်အတိုင်း ယဇ်ပုရောဟိတ်တို့ကို အလှည့်ကျ တာဝန်ခွဲဝေပေး၏။ လေဝိအမျိုးသားတို့ကိုလည်း နေ့စဉ် ယဇ်ပုရောဟိတ်တို့ရှေ့တွင် အမှုတော်ထမ်းဆောင်ရမည့်တာဝန်နှင့် ကျေးဇူးတော်ချီးမွမ်းရမည့်တာဝန်ကို ခွဲဝေပေး၏။ တံခါးတိုင်းတွင် အလှည့်ကျတံခါးစောင့်များကိုလည်း ခန့်အပ်ထား၏။ ဤသည်မှာ ဘုရားသခင်၏လူ ဒါဝိဒ်မင်းကြီး၏အမိန့်တော်ဖြစ်၏။
ထိုသို့ဖြစ်ပျက်ပြီးနောက် ပါးရှားဘုရင်အာတဇေရဇ်မင်းကြီး စိုးစံသောအချိန်တွင် ဧဇရသည် ဘေဘီလုံမြို့မှ ပြန်လာ၏။ ဧဇရကား စရာယ၏သား၊ စရာယသည် အာဇရိ၏သား၊ အာဇရိသည် ဟိလခိ၏သား၊
အာတဇေရဇ်မင်းကြီးလက်ထက်တွင် ဘေဘီလုံမြို့မှ ငါနှင့်အတူပြန်လိုက်လာသောသူတို့၏ဘိုးဘေးအကြီးအမှူးများနှင့် သူတို့၏ဆွေစဉ်မျိုးဆက်စာရင်းမှာ
ဘုရားသခင်၏လူဒါဝိဒ် စီရင်ချမှတ်ထားသည့်အတိုင်း လေဝိအကြီးအမှူးများဖြစ်သော ဟာရှဘိ၊ ရှေရဘိနှင့် ကပ်မျေလ၏သား ယေရွှာတို့သည် ညီအစ်ကိုများနှင့်မျက်နှာချင်းဆိုင်ရပ်လျက် ကျေးဇူးတော်ချီးမွမ်းခြင်းသီချင်းကို တစ်ဖွဲ့နှင့်တစ်ဖွဲ့ အပြန်အလှန် သီဆိုကြ၏။
သူတို့နောက်တွင် ယဇ်ပုရောဟိတ်သားမြေးအချို့သည် တံပိုးခရာမှုတ်၍လိုက်ကြ၏။ ထိုသူတို့မှာ အာသပ်၏သား ဇက္ကုရ၊ ဇက္ကုရ၏သား မိက္ခာယ၊ မိက္ခာယ၏သား မတ္တနိ၊ မတ္တနိ၏သား ရှေမာယ၊ ရှေမာယ၏သား ယောနသန်၊ ယောနသန်၏သား ဇာခရိနှင့်