နေဟမိ 12:22 - မြန်မာ့စံမီသမ္မာကျမ်း ပါးရှားဘုရင် ဒါရိမင်းကြီးလက်ထက်၊ ယဇ်ပုရောဟိတ် ဧလျာရှိပ်၊ ယောယဒ၊ ယောဟနန်၊ ယာဒွါတို့အမှုတော်ထမ်းချိန်တွင် လေဝိအမျိုးအိမ်ထောင်စုအကြီးအမှူးများနှင့် ယဇ်ပုရောဟိတ်တို့၏အမည်ကို မှတ်တမ်းတင်ထားကြ၏။ Common Language Bible ယဇ်ပုရောဟိတ်မင်းများဖြစ်ကြသောဧလျာရှိပ်၊ ယောယဒ၊ ယောဟနန်နှင့်ယာဒွါတို့၏လက်ထက်တွင်လေဝိအိမ်ထောင်စုနှင့်ယဇ်ပုရောဟိတ်အိမ်ထောင်စုဦးစီးခေါင်းဆောင်များ၏မှတ်တမ်းကိုထားရှိခဲ့၏။ ဤမှတ်တမ်းကိုပေရသိဧကရာဇ်ဒါရိလက်ထက်၌ပြုစုပြီးစီးလေသည်။ Garrad Bible ပေ ရ သိ ဘု ရင် ဒါ ရိ မင်း နန်း စံ စဉ်၊ ဧ လျာ ရှိပ်၊ ယော ယ ဒ၊ ယော ဟ နန်၊ ယာ ဒွါ တို့ လက် ထက်၊ လေ ဝိ အိမ် ထောင် အ အုပ် အ ချုပ် တို့ နှင့် ပ ရော ဟိတ် တို့ ကို စာ ရင်း မှတ် သွင်း ကြ ၏။ Judson Bible ဧလျာရှိပ်၊ ယောယဒ၊ ယောဟနန်၊ ယာဒွါတို့ လက်ထက်၌ လေဝိသား အဆွေအမျိုး သူကြီးတို့ကိုလည်းကောင်း၊ ပေရလိမင်း ဒါရိလက်ထက်တိုင်အောင် ယဇ်ပုရောဟိတ် တို့ကိုလည်းကောင်း၊ မှတ်သားသောစာရင်း ရှိ၏။ |
ဧလျာရှိပ်၏သား ယောဟနန်လက်ထက်တိုင်အောင် လေဝိအမျိုးအိမ်ထောင်စုအကြီးအမှူးတို့၏အမည်ကို ရာဇဝင်ချုပ်မှတ်တမ်းစာလိပ်ထဲတွင် မှတ်တမ်းတင်ထားကြ၏။