သို့သော် ထိုကလေးသည် လက်ကိုပြန်ရုပ်လိုက်ရာ ကျန်တစ်ယောက်သည် သူ့ထက်အလျင်မွေးလာ၏။ ထိုအခါ ဝမ်းဆွဲက “သင်သည် မရမကထိုးဖောက်ထွက်လာပါသည်တကား”ဟု ဆိုလေ၏။ ထို့ကြောင့် ထိုသား၏အမည်ကို ဖာရက် ဟုမှည့်ခေါ်လေ၏။
နေဟမိ 11:6 - မြန်မာ့စံမီသမ္မာကျမ်း ဂျေရုဆလင်မြို့၌နေထိုင်သော ဖာရက်သားမြေးမှာ စုစုပေါင်းလေးရာခြောက်ဆယ့်ရှစ်ယောက် ဖြစ်၏။ သူတို့သည် ရဲစွမ်းသတ္တိရှိသူများ ဖြစ်၏။ Common Language Bible ဖရက်၏သားမြေးများအနက်သူရဲကောင်း လေးရာခြောက်ဆယ်ရှစ်ယောက်တို့သည် ယေရုရှလင်မြို့တွင်နေထိုင်ကြ၏။ ယောဒ၏မြေး၊ မေရှုလံ၏သားသလ္လု။ သူ ၏အခြားဘိုးဘေးများတွင်ပေဒါယ၊ ကောလာယ၊ မာသေယ၊ ဣသေလ၊ ယေရှာယ တို့ပါဝင်သည်။ Garrad Bible ယေ ရု ရှ လင် မြို့၌ နေ သော ဖာ ရက် အ ဆက် သူ ရဲ ကောင်း လေး ရာ့ ခြောက် ဆယ့် ရှစ် ယောက် တို့ တည်း။ Judson Bible ယေရုရှလင်မြို့၌နေသော ဖာရက်အမျိုးသား၊ သူရဲ လေးရာခြောက်ဆယ်ရှစ်ယောက်တည်း။ |
သို့သော် ထိုကလေးသည် လက်ကိုပြန်ရုပ်လိုက်ရာ ကျန်တစ်ယောက်သည် သူ့ထက်အလျင်မွေးလာ၏။ ထိုအခါ ဝမ်းဆွဲက “သင်သည် မရမကထိုးဖောက်ထွက်လာပါသည်တကား”ဟု ဆိုလေ၏။ ထို့ကြောင့် ထိုသား၏အမည်ကို ဖာရက် ဟုမှည့်ခေါ်လေ၏။
ယုဒအမျိုးသား ဖာရက်၏သားမြေးများမှ ဗာနိ၏တီ၊ ဣမရိ၏မြစ်၊ ဩမရိ၏မြေး၊ အမိဟုဒ်၏သား ဥသဲ၊
ရှိလောသားမြေးမှဆင်းသက်လာသော ရှိလော၏ဆက်၊ ဇာခရိ၏ကျွတ်၊ ယောယရိပ်၏တွတ်၊ အဒါယ၏တီ၊ ဟဇာယ၏မြစ်၊ ကောလဟောဇ၏မြေး၊ ဗာရုတ်၏သား မာသေယ တို့ဖြစ်ကြ၏။
ဗင်္ယာမိန်အမျိုးအနွယ်တွင် ယေရှာယ၏ဆက်၊ ဣသေလ၏ကျွတ်၊ မာသေယ၏တွတ်၊ ကောလာယ၏တီ၊ ပေဒါယ၏မြစ်၊ ယောဒ၏မြေး၊ မေရှုလံ၏သား သလ္လုနှင့်
မျိုးနွယ်စုအလိုက် ယုဒ၏အမျိုးအနွယ်များကား ရှေလမှဆင်းသက်သော ရှေလမျိုးနွယ်စု၊ ဖာရက်မှဆင်းသက်သော ဖာရက်မျိုးနွယ်စု၊ ဇေရမှဆင်းသက်သော ဇေရမျိုးနွယ်စု တို့ဖြစ်ကြ၏။