နောက်တစ်ဖန်ထပ်၍ သားကိုမွေးဖွားရာ ထိုသား၏အမည်ကို ရှေလ ဟုမှည့်ခေါ်လေ၏။ ရှေလကိုမွေးဖွားသောအခါ ယုဒသည် ခေဇိပ်မြို့တွင် ရောက်နေ၏။
နေဟမိ 11:5 - မြန်မာ့စံမီသမ္မာကျမ်း ရှိလောသားမြေးမှဆင်းသက်လာသော ရှိလော၏ဆက်၊ ဇာခရိ၏ကျွတ်၊ ယောယရိပ်၏တွတ်၊ အဒါယ၏တီ၊ ဟဇာယ၏မြစ်၊ ကောလဟောဇ၏မြေး၊ ဗာရုတ်၏သား မာသေယ တို့ဖြစ်ကြ၏။ Common Language Bible ကောလဟောဇ၏မြေး၊ ဗာရုတ်၏သားမာသေယ။ သူ၏အခြားဘိုးဘေးများတွင်ရှေလ၏သား ယုဒမှဆင်းသက်သူဟဇာယ၊ အဒါယ၊ ယောယရိပ်နှင့်ဇာခရိတို့ပါဝင်သည်။ Garrad Bible ရှာ လ အ ဆက်၊ ဇာ ခ ရိ၊ ယော ယာ ရိပ်၊ အ ဒါ ရ၊ ဟ ဇာ ယ၊ ကော လ ဟော ဇ၊ ဗာ ရုတ် တို့ မှ ဆင်း သက် သော မာ သေ ယ တို့ နှင့် တ ကွ၊ Judson Bible ရှိလောနိ၊ ဇာခရိ၊ ယောယရိပ်၊ အဒါယ၊ ဟဇာယ၊ ကောလဟောဇ၊ ဗာရုတ်တို့မှ ဆင်းသက်သော မာသေယတစ်ပါးနှင့်တကွ၊ |
နောက်တစ်ဖန်ထပ်၍ သားကိုမွေးဖွားရာ ထိုသား၏အမည်ကို ရှေလ ဟုမှည့်ခေါ်လေ၏။ ရှေလကိုမွေးဖွားသောအခါ ယုဒသည် ခေဇိပ်မြို့တွင် ရောက်နေ၏။
ယုဒ၏မြေး၊ ရှေလ၏သားများမှာ လေက၏ဖခင်ဧရ၊ မရေရှ၏ဖခင်လာဒ၊ ပိတ်ချောထည်ရက်လုပ်သူ အာရှဗာမျိုးနွယ်စု၊
ဂျေရုဆလင်မြို့တွင် ယုဒအမျိုးသားအချို့နှင့် ဗင်္ယာမိန်အမျိုးသားအချို့တို့ နေထိုင်ကြ၏။ ထိုသူတို့မှာ ယုဒအမျိုးသားတွင် ဖာရက်သားမြေးမှဆင်းသက်လာသောမဟာလေလ၏တွတ်၊ ရှေဖတိ၏တီ၊ အာမရိ၏မြစ်၊ ဇာခရိ၏မြေး၊ ဩဇိ၏သားအသာယနှင့်
ဂျေရုဆလင်မြို့၌နေထိုင်သော ဖာရက်သားမြေးမှာ စုစုပေါင်းလေးရာခြောက်ဆယ့်ရှစ်ယောက် ဖြစ်၏။ သူတို့သည် ရဲစွမ်းသတ္တိရှိသူများ ဖြစ်၏။
ကောလဟောဇ၏သား မိဇပါနယ်ကိုအုပ်ချုပ်ရသူရှလ္လုံသည် စမ်းရေတွင်းတံခါးကို ပြန်လည်ပြုပြင်တည်ဆောက်၏။ အမိုးမိုး၍ တံခါးရွက်၊ မင်းတုပ်၊ ကန့်လန့်ကျင်များကို တပ်ဆင်၏။ ရှင်ဘုရင်၏ဥယျာဉ်တော်နားရှိ ရှိလောင်ရေကန်နှင့်ကပ်လျက်မြို့ရိုးကို ဒါဝိဒ်မြို့မှဆင်းလာသောလှေကားအထိ ပြုပြင်၏။
မျိုးနွယ်စုအလိုက် ယုဒ၏အမျိုးအနွယ်များကား ရှေလမှဆင်းသက်သော ရှေလမျိုးနွယ်စု၊ ဖာရက်မှဆင်းသက်သော ဖာရက်မျိုးနွယ်စု၊ ဇေရမှဆင်းသက်သော ဇေရမျိုးနွယ်စု တို့ဖြစ်ကြ၏။