အွန်လိုင်း သမ္မာကျမ်းစာ

ကြော်ငြာတွေ


သမ္မာကျမ်းစာတစ်အုပ်လုံး ဓမ္မဟောင်း ဓမ္မသစ်




နေ​ဟ​မိ 11:24 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

ယုဒ​၏​သား ဇေရ​သားမြေး​မှ ဆင်းသက်​လာ​သော​မေရှဇဗေလ​၏​သား ပေသဟိ​သည် ပြည်သူပြည်သား​တို့​၏​အမှုကိစ္စ​အားလုံး​ကို စီမံ​ရ​သော ရှင်ဘုရင်​၏​လက်ရုံး​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။

Common Language Bible

ယု​ဒ​အ​နွယ်၊ ဇာ​ရ​သား​ချင်း​စု​ဝင်၊ မေ​ရှ​ဇ ဗေ​လ​၏​သား​ပေ​သ​ဟိ​သည်​ဣ​သ​ရေ​လ အ​မျိုး​တို့​အ​မှု​အ​ရေး​ရှိ​သ​မျှ​နှင့်​ဆိုင် ၍ ပေ​ရ​သိ​ဘု​ရင်​မင်း​အ​ပါး​တော်​တွင် ခ​စား​ခဲ့​၏။

အခန်းကိုကြည့်ပါ။

Garrad Bible

ယု ဒ အ နွယ်၊ ဇေ ရ အ ဆက်၊ မေ ရှ ဇ ဗေ သား ပေ သ ဟိ သည်၊ လူ မျိုး တော့် အ မှု အ ရေး ရှိ သ မျှ အ တွက်၊ ဘု ရင် မင်း အ ပါး တွင် နေ ရ၏။

အခန်းကိုကြည့်ပါ။

Judson Bible

ယု​ဒ​အ​မျိုး ဇာ​ရ​အ​နွယ် မေ​ရှ​ဇ​ဗေ​လ​သား ပေ​သ​ဟိ​သည်​လည်း ရှင်​ဘု​ရင်​အ​ခွင့်​နှင့် ပြည်​သား​တို့​ကို အုပ်၍ အ​ရေး​တော်​ပိုင်​မင်း​ဖြစ်၏။

အခန်းကိုကြည့်ပါ။



နေ​ဟ​မိ 11:24
8 ပူးပေါင်းရင်းမြစ်များ  

ထို့နောက်မှ လက်​၌​ကြိုး​အနီ​ချည်​ထား​သော​ကလေး​သည် မွေးလာ​၏​။ ထို​သား​၏​အမည်​ကို ဇေရ ဟု​မှည့်ခေါ်​လေ​၏​။


ယုဒ​၏​သား​များ​မှာ ဧရ​၊ ဩနန်​၊ ရှေလ​၊ ဖာရက်​၊ ဇေရ တို့​ဖြစ်​ကြ​၏​။ ဧရ​နှင့်​ဩနန်​သည် ခါနာန်​ပြည်​၌​သေဆုံး​ကြ​၏​။ ဖာရက်​၏​သား​များ​မှာ ဟေဇရုန်​၊ ဟာမုလ တို့​ဖြစ်​ကြ​၏​။


ယောယဒ​၏​သား ဗေနာယ​ကား ခေရသိ​လူမျိုး​နှင့်​ပေလသိ​လူမျိုး​တို့​ကို အုပ်ချုပ်ရသူ​၊ ဒါဝိဒ်​မင်းကြီး​၏​သား​တို့​ကား ရှင်ဘုရင်​အနား​၌ ခစား​ရ​သော အရာရှိ​များ စသည်​ဖြင့် အသီးသီး​နေရာ​ရ​ကြ​၏​။


သူ​တို့​၏​တာဝန်​မှာ အာရုန်​၏​သားမြေး​များ ထာဝရဘုရား​၏​အိမ်​တော်​တွင် အမှု​တော်​ထမ်းဆောင်​သောအခါ ဝိုင်းကူ​ပေး​ရန်​ဖြစ်​၏​။ အိမ်​တော်​ဝင်း​၊ အိမ်​တော်​အခန်း​များ​၊ သန့်ရှင်းရာဌာန​ရှိ​အရာ​အားလုံး သန့်ရှင်းသပ်ရပ်​အောင်​ဆောင်ရွက်​ရန်​နှင့် ဘုရားသခင်​၏​အိမ်​တော်​အမှု​ကို ထမ်းဆောင်​ရန်​အတွက်​ဖြစ်​၏​။


မေရှဇဗေလ​၊ ဇာဒုတ်​၊ ယာဒွါ​၊


သူ​တို့​၏​ဘေး​တွင် ဟက္ကုတ်​၏​မြေး​၊ ဥရိယ​၏​သား​မေရမုတ် ပြုပြင်​၏​။ သူ​၏​ဘေး​တွင် မေရှဇဗေလ​၏​မြေး​၊ ဗေရခိ​၏​သား​မေရှုလံ ပြုပြင်​၏​။ သူ​၏​ဘေး​တွင် ဗာနာ​၏​သား​ဇာဒုတ် ပြုပြင်​၏​။


မျိုးနွယ်စု​အလိုက် ယုဒ​၏​အမျိုးအနွယ်​များ​ကား ရှေလ​မှ​ဆင်းသက်​သော ရှေလ​မျိုးနွယ်စု​၊ ဖာရက်​မှ​ဆင်းသက်​သော ဖာရက်​မျိုးနွယ်စု​၊ ဇေရ​မှ​ဆင်းသက်​သော ဇေရ​မျိုးနွယ်စု တို့​ဖြစ်​ကြ​၏​။


ယုဒ​သည် တာမာ​အားဖြင့် သား​ဖာရက်​နှင့်​ဇာရ​ကို​ရ​၏။ ဖာရက်​သည် သား​ဟေဇရုံ​ကို​ရ​၏။ ဟေဇရုံ​သည် သား​အာရံ​ကို​ရ​၏။