သစ္စာရှိသောလေဝိအမျိုးသားတံခါးမှူးလေးယောက်မှာ ဘုရားသခင်၏အိမ်တော်ဘဏ္ဍာတိုက်နှင့် အခန်းများကို စောင့်ကြပ်ပေးရ၏။
နေဟမိ 10:38 - မြန်မာ့စံမီသမ္မာကျမ်း လေဝိအမျိုးတို့သည် ဆယ်ဖို့တစ်ဖို့ကိုလက်ခံသောအခါ အာရုန်အမျိုးအနွယ်ယဇ်ပုရောဟိတ်သည် လေဝိအမျိုးတို့နှင့်အတူရှိရမည်။ လေဝိအမျိုးတို့သည် ဆယ်ဖို့တစ်ဖို့ထဲမှ ဆယ်ဖို့တစ်ဖို့ကို ဘုရားသခင်၏အိမ်တော် သိုလှောင်တိုက်အခန်းများထဲသို့ ယူဆောင်လာရမည်။ Common Language Bible ဤဆယ်ဖို့တစ်ဖို့အလှူကိုကောက်ခံချိန် ၌အာရုန်မှဆင်းသက်သည့်ယဇ်ပုရော ဟိတ်များသည် လေဝိအနွယ်ဝင်တို့နှင့် အတူရှိရမည်။ ထိုနောက်လေဝိအနွယ်ဝင် တို့ကမိမိတို့ကောက်ခံရရှိသည့်အသီး အနှံများအနက် ဆယ်ပုံတစ်ပုံကိုဗိမာန် တော်တွင်အသုံးပြုရန်ဗိမာန်တော်ပစ္စည်း သိုလှောင်ခန်းသို့ယူဆောင်သွားပါ မည်။- Garrad Bible ထို ဆယ် ဖို့ တစ် ဖို့ ကို၊ အာ ရုန့် အ နွယ် ပ ရော ဟိတ် တစ် ပါး ရှေ့၊ လေ ဝိ ဂိုဏ်း သား တို့ ခံ ယူ လျက်၊ ၎င်း အ နက် ဆယ် ဖို့ တစ် ဖို့ ကို၊ ငါ တို့ ဘု ရား သ ခင့် ဗိ မာန် တော် ဘ ဏ္ဍာ ခန်း သို့ သွင်း ဆောင် ကြ ရ မည်။ Judson Bible လေဝိသားတို့သည် ဆယ်ဖို့တစ်ဖို့ကို ခံယူသောအခါ၊ အာရုန်အမျိုး ယဇ်ပုရောဟိတ်ရှိရမည်။ လေဝိသားတို့သည်လည်း ဆယ်ဖို့တစ်ဖို့ထဲက ဆယ်ဖို့တစ်ဖို့ကို နုတ်ယူ၍ ဗိမာန်တော်အခန်း ဘဏ္ဍာတိုက်ထဲသို့ သွင်းရကြမည်။ |
သစ္စာရှိသောလေဝိအမျိုးသားတံခါးမှူးလေးယောက်မှာ ဘုရားသခင်၏အိမ်တော်ဘဏ္ဍာတိုက်နှင့် အခန်းများကို စောင့်ကြပ်ပေးရ၏။
သတ်မှတ်ထားသောအချိန်တွင် လှူရမည့်ထင်းနှင့် အဦးဆုံးသီးနှံများကို စီမံပေး၏။ အို အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်ကို အောက်မေ့တော်မူပါ။ ကျေးဇူးပြုတော်မူပါ။
မြေမှထွက်သော ကောက်ပဲသီးနှံ၊ သစ်သီးဝလံတို့၏ဆယ်ဖို့တစ်ဖို့အားလုံးကို ထာဝရဘုရားပိုင်၏။ ထာဝရဘုရားအဖို့ သန့်ရှင်း၏။
ထိုပြည်၏အစားအစာကို သင်တို့စားရသောအခါ ထာဝရဘုရားအား အလှူပစ္စည်းကို ပေးလှူပူဇော်ရမည်။
သင်တို့၏အဦးဆုံးမုန့်ညက်မှအလှူပစ္စည်းကို သင်တို့၏မျိုးဆက်အစဉ်အဆက် ထာဝရဘုရားအား ပေးလှူရမည်။
တွေ့ဆုံစည်းဝေးရာတဲတော်၏အမှုကို ထမ်းဆောင်ရသောလေဝိသားမြေးတို့အား သူတို့ထမ်းဆောင်သောအမှုအတွက် အစ္စရေးအမျိုးသားတို့၏ဆယ်ဖို့တစ်ဖို့အားလုံးကို အမွေအဖြစ် ငါပေး၏။
အလှူပစ္စည်းအဖြစ် ထာဝရဘုရားအား အစ္စရေးအမျိုးသားတို့ပေးလှူပူဇော်သည့် ဆယ်ဖို့တစ်ဖို့တို့ကို လေဝိအမျိုးတို့အား အမွေအဖြစ် ငါပေးပြီဖြစ်၍ သူတို့သည် အစ္စရေးအမျိုးသားတို့နှင့်အတူ အမွေမခံရဟု သူတို့အား ငါဆိုခြင်းဖြစ်သည်”ဟု မိန့်တော်မူ၏။
နှစ်စဉ်နှစ်တိုင်း လယ်ယာမှထွက်သမျှ ကောက်ပဲသီးနှံတို့ကို ဆယ်ဖို့တစ်ဖို့မပျက်မကွက်ပေးရမည်။