သင်သည် သူတို့အား ‘ဘုရားရှင်ထာဝရဘုရားက သန်စွမ်းသောတောင်ပံနှင့် ရှည်လျား၍အရောင်အသွေးစုံသောအမွေးအမှင်များရှိသည့် လင်းယုန်ငှက်ကြီးတစ်ကောင်သည် လက်ဘနွန်တောင်သို့လာ၍ သစ်ကတိုးပင်ထိပ်ဖျားတွင် နား၏။
ဒံယေလ 7:6 - မြန်မာ့စံမီသမ္မာကျမ်း တစ်ဖန် ငါကြည့်နေစဉ် ကျားသစ်နှင့်တူသော အခြားသားရဲတစ်ကောင် ထွက်လာ၏။ ထိုသားရဲ၏ကျောပေါ်တွင် ငှက်အတောင်လေးခု၊ ဦးခေါင်း လေးလုံးပါ၏။ သူ့အား အာဏာစက်ကို ပေးအပ်ထား၏။ Common Language Bible ငါသည်ဆက်လက်၍ကြည့်ရှုနေစဉ်အခြားသားရဲတစ်ကောင်ကိုမြင်ရ၏။ ထိုသားရဲသည်ကျားသစ်နှင့်တူ၏။ သူ၏ကျောပေါ်တွင်ငှက်တောင်ပံများနှင့်တူသောအတောင်လေးခုရှိ၏။ သူ့မှာဦးခေါင်းလေးလုံးရှိ၏။ သူသည်တန်ခိုးအာဏာရှိပုံရ၏။ Garrad Bible ထို့ နောက် ငါ ရှု ကြည့် သော် ကျား သစ် နှင့် တူ လျက်၊ ကျောက် ကုန်း၌ ငှက် ကဲ့ သို့ အ တောင် လေး ခု ရှိ လျက်၊ ဦး ခေါင်း လေး လုံး ပါ သော သား ရဲ တစ် ကောင် ကို မြင် ရ၏။ ထို သား ရဲ သည် အုပ် စိုး ခွင့် ကို ခံ ယူ ရ၏။ Judson Bible တစ်ဖန် ငါကြည့်ရှုပြန်၍၊ ကျားသစ်နှင့်တူသော သားရဲတစ်ကောင်သည် ထင်ရှား၏။ ကျောပေါ်မှာ ငှက်အတောင် လေးခုရှိ၏။ ခေါင်းလေးလုံးနှင့် ပြည့်စုံ၏။ အုပ်စိုးရသော အခွင့်လည်းရှိ၏။ |
သင်သည် သူတို့အား ‘ဘုရားရှင်ထာဝရဘုရားက သန်စွမ်းသောတောင်ပံနှင့် ရှည်လျား၍အရောင်အသွေးစုံသောအမွေးအမှင်များရှိသည့် လင်းယုန်ငှက်ကြီးတစ်ကောင်သည် လက်ဘနွန်တောင်သို့လာ၍ သစ်ကတိုးပင်ထိပ်ဖျားတွင် နား၏။
ထိုသူကလည်း “သင့်ထံသို့ အဘယ်ကြောင့် ငါရောက်လာရသည်ကို သင်သိသလော။ ယခု ငါသည် ပါးရှားနိုင်ငံစောင့်မင်းနှင့် စစ်တိုက်ရန် ပြန်သွားရမည်။ ငါထွက်သွားပြီးနောက် ဂရိနိုင်ငံစောင့်မင်း ရောက်လာလိမ့်မည်။
အရှင်မင်းကြီးနောက်တွင် အရှင်မင်းကြီးထက်အင်အားနည်းသော နိုင်ငံတစ်ခု ပေါ်ထွန်းလိမ့်မည်။ ထို့နောက် တတိယနိုင်ငံတစ်ခုဖြစ်သော ကြေးနီနိုင်ငံပေါ်ထွန်းပြီး မြေတစ်ပြင်လုံးကို အုပ်စိုးလိမ့်မည်။
ပထမသားရဲသည် ခြင်္သေ့နှင့်တူ၍ လင်းယုန်အတောင်ပါရှိ၏။ ငါကြည့်နေစဉ် အတောင်ပံတို့သည် နုတ်ပစ်ခြင်းခံရ၏။ မြေပေါ်မှ ထူမလိုက်သောအခါ လူကဲ့သို့ခြေနှစ်ချောင်းဖြင့် ရပ်၏။ သူ့အား လူ့စိတ်ကို သွင်းပေးထား၏။
တစ်ဖန် ငါကြည့်နေစဉ် ဝက်ဝံနှင့်တူသောဒုတိယသားရဲ ထွက်လာ၏။ ထိုသားရဲသည် ကိုယ်ကိုတစ်ဖက်ကြွထားပြီး နှုတ်တွင်လည်း နံရိုးသုံးချောင်းကို ကိုက်ထား၏။ အသံတစ်သံက သူ့အား ‘ထပါ။ အသားများများစားပါ’ဟု ဆို၏။
ထို့ကြောင့် ငါသည် သူတို့အတွက် ခြင်္သေ့ကဲ့သို့ ဖြစ်မည်။ ကျားသစ်ကဲ့သို့ လမ်း၌ချောင်းမြောင်းမည်။
ငါမြင်ရသောထိုသားရဲသည် ကျားသစ်နှင့်တူ၏။ သူ၏ခြေသည် ဝက်ဝံခြေကဲ့သို့ဖြစ်ပြီး သူ၏ပါးစပ်သည် ခြင်္သေ့ပါးစပ်ကဲ့သို့ဖြစ်၏။ နဂါးသည် မိမိ၏တန်ခိုး၊ မိမိ၏ပလ္လင်နှင့် ကြီးမားသောအခွင့်အာဏာကို သူ့အားပေးအပ်လေ၏။