ထို့နောက် သံကဲ့သို့ခိုင်မာသော စတုတ္ထနိုင်ငံ ပေါ်ထွန်းလိမ့်မည်။ သံသည် အခြားအရာတို့ကို ခြေမွှနိုင်သကဲ့သို့ ဤနိုင်ငံသည်လည်း အခြားနိုင်ငံအားလုံးကို တစ်စစီခြေမွှပစ်လိမ့်မည်။
ဒံယေလ 7:23 - မြန်မာ့စံမီသမ္မာကျမ်း ထိုသူက ‘စတုတ္ထသားရဲသည် ကမ္ဘာမြေပေါ်တွင် ပေါ်လာမည့်စတုတ္ထနိုင်ငံဖြစ်၏။ ဤနိုင်ငံသည် အခြားနိုင်ငံအားလုံးထက် ထူးခြား၍ ကမ္ဘာမြေတစ်ပြင်လုံးကို တစ်စစီချိုးဖဲ့ကိုက်စားဝါးမျိုပစ်လိမ့်မည်။ Common Language Bible ထိုသူက``စတုတ္ထသားရဲသည်ကမ္ဘာမြေပေါ်တွင်ပေါ်ပေါက်လာမည့်စတုတ္ထမြောက်အင်ပါယာနိုင်ငံဖြစ်၍အခြားနိုင်ငံအပေါင်းနှင့်ကွာခြားလိမ့်မည်။ ယင်းသည်ကမ္ဘာမြေတစ်ဝန်းလုံးကိုဝါးမြိုကာခြေဖြင့်နင်း၍ချေမှုန်းလိမ့်မည်။- Garrad Bible ထို သူ က လည်း၊ စ တု တ္ထ သား ရဲ ကား မြေ ပေါ် ရှိ နိုင် ငံ တ ကာ တို့ ထက် ထူး ခြား၍ မြေ တစ် ပြင် လုံး ကို ကိုက် စား ပိုင်း ဖြတ် နင်း ချေ လ တ္တံ့ သော စ တု တ္ထ နိုင် ငံ ဖြစ်၏။ Judson Bible ထိုသူကလည်း စတုတ္ထသားရဲသည် မြေကြီးပေါ်မှာ အခြားသော နိုင်ငံရှိသမျှတို့ထက် ထူးခြားသော စတုတ္ထနိုင်ငံဖြစ်၏။ ထိုနိုင်ငံသည် မြေကြီးရှိသမျှကို ကိုယ်စားချိုးဖဲ့ နင်းချေလိမ့်မည်။ |
ထို့နောက် သံကဲ့သို့ခိုင်မာသော စတုတ္ထနိုင်ငံ ပေါ်ထွန်းလိမ့်မည်။ သံသည် အခြားအရာတို့ကို ခြေမွှနိုင်သကဲ့သို့ ဤနိုင်ငံသည်လည်း အခြားနိုင်ငံအားလုံးကို တစ်စစီခြေမွှပစ်လိမ့်မည်။
ရှေးအရှင်သခင်ကြွလာ၍ အမြင့်ဆုံးသောအရှင်၏သန့်ရှင်းသူတို့အတွက် တရားစီရင်မည့်အချိန်ထိ ထိုချိုသည် အနိုင်ယူလိမ့်မည်။ ပြီးမှ နိုင်ငံတော်ကို သန့်ရှင်းသူတို့ ပိုင်ဆိုင်ရမည့်အချိန် ရောက်လာမည် ဖြစ်၏။
ဦးချိုဆယ်ချောင်းကား ထိုနိုင်ငံတွင်ပေါ်လာမည့် ရှင်ဘုရင်ဆယ်ပါး ဖြစ်၏။ သူတို့နောက်တွင် အခြားရှင်ဘုရင်တစ်ပါး ပေါ်လာလိမ့်မည်။ ထိုဘုရင်သည် ယခင်ဘုရင်များထက်ထူးခြား၍ ရှင်ဘုရင်သုံးပါးစလုံးကို ချေမှုန်းပစ်မည်။
တစ်ဖန် ထိုညအချိန် စိတ်အာရုံတွင် စတုတ္ထသားရဲကို ငါမြင်ရ၏။ ထိုသားရဲသည် အလွန်တန်ခိုးကြီး၍ ကြောက်မက်ဖွယ်၊ ထိတ်လန့်ဖွယ် ကောင်း၏။ အလွန်သန်မာ၏။ သံသွားကြီးများ ရှိ၍ အစာကို တစ်စစီချိုးဖဲ့ကိုက်စားဝါးမျိုနေ၏။ အကြွင်းအကျန်ကိုခြေဖြင့်လည်း နင်းချေဖျက်ဆီး၏။ ထိုသားရဲသည် ယခင်သားရဲတို့နှင့်မတူ တစ်မူထူးခြား၏။ ချိုဆယ်ချောင်း ပါ၏။
ထိုနေ့ရက်များ၌ ဩဂုတ္တုဆီဇာသည် လက်အောက်ခံနိုင်ငံအားလုံးတွင် သန်းခေါင်စာရင်းကောက်ယူရန် အမိန့်ထုတ်ပြန်လေ၏။