ပင်လယ်နှင့် သာယာသောတောင်ကြားတွင် သူ့တဲနန်းကို သူဆောက်လိမ့်မည်။ ဤသို့ဖြင့် သူ့ဘဝနိဂုံးချုပ်ချိန်ရောက်လာကာ သူ့ကိုကူညီမည့်သူ တစ်ယောက်မျှရှိမည်မဟုတ်။
ဒံယေလ 7:11 - မြန်မာ့စံမီသမ္မာကျမ်း ဝါကြွားပြောဆိုသောချိုငယ်၏အသံကြောင့် ငါကြည့်လိုက်ရာ ထိုသားရဲ အသတ်ခံရသည်ကို ငါမြင်ရ၏။ ကိုယ်ခန္ဓာအဖျက်ဆီးခံရ၍ မီးတောက်မီးလျှံထဲသို့ ပစ်ချခြင်းခံရလေ၏။ Common Language Bible ငါသည်ကြည့်ရှုလျက်နေစဉ်ဦးချိုငယ်သည်ကြွားဝါလျက်ပင်ရှိနေသေး၏။ ထိုအချိန်၌စတုတ္ထသားရဲသည်အသတ်ခံရ၍သူ၏ကိုယ်ခန္ဓာသည်မီးရှို့၍ဖျက်ဆီးခြင်းကိုခံရလေသည်။- Garrad Bible ထို အ ခါ ဦး ချို ပြော ဆို သည့် ကြီး ကျယ် သော စ ကား သံ ကြောင့် ငါ ရှု ကြည့် စဉ် ၎င်း သား ရဲ သည် ကွပ် မျက် ခံ ရ သည့် ပြင် ကိုယ် ခန္ဓာ ကို ဖျက် ဆီး၍ မီး ရှို့ ရန် အပ် နှင်း ကြ၏။ Judson Bible ထိုအခါ ချိုငယ်ပြောသော စကားကြီးအသံကြောင့် ငါကြည့်ရှု၍ နေစဉ်၊ ထိုသားရဲအသက်ကို သတ်ပြီးလျှင် သူ၏ကိုယ်ကို မီးရှို့၍ ဖျက်ဆီးကြ၏။ |
ပင်လယ်နှင့် သာယာသောတောင်ကြားတွင် သူ့တဲနန်းကို သူဆောက်လိမ့်မည်။ ဤသို့ဖြင့် သူ့ဘဝနိဂုံးချုပ်ချိန်ရောက်လာကာ သူ့ကိုကူညီမည့်သူ တစ်ယောက်မျှရှိမည်မဟုတ်။
အခြားသားရဲတို့မှာ အာဏာရုပ်သိမ်းခြင်း ခံရသော်လည်း အချိန်ကာလတစ်ခုအထိ အသက်ရှင်ခွင့်ရကြ၏။
ထိုချိုများအကြောင်းကို စဉ်းစားလျက်နေစဉ် အခြားချိုငယ်တစ်ချောင်းသည် ထိုချိုများကြားမှ ပေါက်လာ၏။ ထိုချိုများထဲမှ သုံးချောင်းသည် သူ့ရှေ့တွင်ပင် အမြစ်ပါမကျန်နုတ်ပစ်ခြင်းခံရ၏။ ချိုငယ်တွင် လူမျက်စိနှင့်တူသော မျက်စိရှိ၏။ ဝါကြွားပြောဆိုတတ်သောနှုတ်လည်း ရှိ၏။
သူ့လက်ထက်တွင် ဉာဏ်နီဉာဏ်နက်သုံးပြီး လှည့်စားအောင်နိုင်လိမ့်မည်။ ကိုယ့်ကိုယ်ကိုယ်မြှောက်ပင့်လျက် လုံခြုံစိတ်ချစွာနေနေကြသော လူအများကို လိုက်လံဖျက်ဆီးလိမ့်မည်။ သခင်တကာတို့၏သခင်ကိုပင် ဆန့်ကျင်လိမ့်မည်။ သို့သော် လူ့လက်ဖြင့်မဟုတ်ဘဲ ပျက်စီးခြင်းသို့ရောက်ရလိမ့်မည်။
ထို့နောက် တရားမဲ့သောသူသည် ထင်ရှားလာလိမ့်မည်။ သခင်ယေရှုသည် ထိုသူကို မိမိနှုတ်တော်မှထွက်သက်လေအားဖြင့် ကွပ်မျက်၍ မိမိကြွလာတော်မူခြင်း၏ရောင်ခြည်အားဖြင့် ပယ်ဖျက်တော်မူလိမ့်မည်။
အကြောင်းမူကား သူတို့သည် အချည်းနှီးချဲ့ထွင်ဝါကြွားပြောဆိုလျက် မှားယွင်းခြင်း၌အသက်ရှင်နေထိုင်သောသူတို့ထဲမှ လွတ်မြောက်ခါစရှိသောသူတို့ကို သွေးသားဇာတိ၏တပ်မက်ခြင်းနှင့်ကာမဂုဏ်လိုက်စားခြင်းတို့ဖြင့် လှည့်ဖြားဆွဲဆောင်ကြ၏။
သူတို့သည် ညည်းညူတတ်သောသူ၊ သူတစ်ပါး၏အပြစ်ကိုရှာတတ်သောသူဖြစ်ကြပြီး မိမိတို့၏တပ်မက်ခြင်းအတိုင်း လျှောက်လှမ်းနေကြ၏။ သူတို့၏နှုတ်သည်လည်း ချဲ့ထွင်ဝါကြွားပြောဆိုတတ်၍ ကိုယ်ကျိုးအတွက် လူတို့ကိုမြှောက်ပင့်တတ်ကြ၏။
ထို့ကြောင့် သူခံရမည့်ဘေးဒဏ်များဖြစ်သော သေခြင်း၊ ဝမ်းနည်းကြေကွဲခြင်းနှင့် ငတ်မွတ်ခေါင်းပါးခြင်းတို့သည် တစ်ရက်အတွင်း သူ့အပေါ်ကျရောက်ပြီး သူသည် မီးဖြင့်လောင်ကျွမ်းခြင်းခံရလိမ့်မည်။ အကြောင်းမူကား သူ့ကိုစီရင်တော်မူသော ထာဝရအရှင်ဘုရားသခင်သည် ခွန်အားနှင့်ပြည့်စုံတော်မူ၏။
သို့သော် သားရဲသည် ပရောဖက်အတုအယောင်နှင့်အတူ အဖမ်းခံရ၏။ ထိုပရောဖက်အတုအယောင်သည် သားရဲ၏ရှေ့မှောက်၌ နိမိတ်လက္ခဏာများကိုပြုလျက် ထိုနိမိတ်လက္ခဏာများအားဖြင့် သားရဲ၏တံဆိပ်ကိုခံယူ၍ သူ၏ရုပ်တုကိုကိုးကွယ်သောသူတို့အား လှည့်ဖြားသောသူဖြစ်၏။ ထိုသူနှစ်ဦးစလုံးတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲသို့ အရှင်လတ်လတ်ပစ်ချခြင်းခံရကြ၏။
သူတို့ကိုလှည့်ဖြားသောမာရ်နတ်သည်လည်း သားရဲနှင့်ပရောဖက်အတုအယောင်တို့ရှိရာ ကန့်နှင့်ရောသောမီးအိုင်ထဲသို့ ပစ်ချခြင်းခံရ၏။ သူတို့သည် ထိုနေရာ၌ နေ့ရောညပါ ကမ္ဘာအဆက်ဆက် ညှဉ်းဆဲခြင်းကိုခံရကြလိမ့်မည်။
တစ်ဖန် သေလွန်သောသူအကြီးအငယ်တို့သည် ပလ္လင်တော်ရှေ့၌ရပ်နေကြသည်ကို ငါမြင်ရ၏။ စာစောင်များကိုဖွင့်ထား၍ အသက်စာစောင်တည်းဟူသော အခြားသောစာစောင်ကိုလည်းဖွင့်ထား၏။ သေလွန်သောသူတို့သည် ထိုစာစောင်များတွင်ရေးထားသည့်အတိုင်း မိမိတို့ပြုသောအမှုများနှင့်အညီ တရားစီရင်ခြင်းကိုခံရကြ၏။
ထို့နောက် ပလ္လင်များနှင့် ၎င်းတို့အပေါ်တွင်ထိုင်နေသောသူတို့ကို ငါမြင်ရ၏။ ထိုသူတို့သည် တရားစီရင်ခွင့်ကိုရကြ၏။ တစ်ဖန် ယေရှုနှင့်ဆိုင်သောသက်သေခံချက်အတွက်လည်းကောင်း၊ ဘုရားသခင်၏နှုတ်ကပတ်တော်အတွက်လည်းကောင်း ခေါင်းဖြတ်ခံရသောသူတို့၏ဝိညာဉ်များမှစ၍ သားရဲနှင့်သားရဲ၏ရုပ်တုကိုမကိုးကွယ်၊ သူ၏အမှတ်တံဆိပ်ကိုလည်း မိမိတို့၏နဖူး၊ သို့မဟုတ် လက်တွင် မခံယူသောသူတို့ကို ငါမြင်ရ၏။ သူတို့သည် အသက်ပြန်ရှင်၍ အနှစ်တစ်ထောင်ပတ်လုံး ခရစ်တော်နှင့်အတူစိုးစံကြ၏။